အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား…

အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။

အဗ်ဒုလ္လာဟ် ဗင်န် အိုကိုင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] [သိရ်မိဇီကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။]

الشرح

အကြင်သူသည် မိမိ၏ စိတ်နှလုံးသားနှင့်ဖြစ်စေ သို့မဟုတ် လုပ်ရပ်နှင့်ဖြစ်စေ သို့မဟုတ် နှစ်ခုစလုံးနှင့်ဖြစ်စေ တစ်စုံတစ်ရာထံမှ ကောင်းကျိုးများရရှိရန် သို့မဟုတ် ဒုက္ခများကို ဖယ်ရှားပေးရန် အတွက် မျှော်လင့်ချက်ထားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သူမျှော်လင့်ချက်ထားခဲ့သည့် အရာဘက်သို့ အပ်နှင်းတော်မူမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အဆက်အသွယ်ထားရှိခဲ့သော် အရှင်မြတ်သည် ထိုသူ့အဖို့ လုံလောက်တော်မူပြီး အခက်အခဲတိုင်းကို လွယ်ကူစေတော်မူမည်ဖြစ်သည်။ ထို့အတူ မည်သူမဆို အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် အဆက်အသွယ်ထားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့ အပ်နှင်းတော်မူလိုက်ပြီး ကူညီစောင်မတော်မူခြင်းမပြုဘဲ စွန့်ပစ်ထားတော်မူမည်ဖြစ်သည်။

فوائد الحديث

အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာများနှင့်အချိတ်အဆက်ထားခြင်းကို တားမြစ်ထားသည်။

အရေးကိစ္စတိုင်း၌ အလ္လာဟ်အရှင်မြတ်နှင့်သာ အချိတ်အဆက်ထားရန် တာဝန်ရှိသည်။

(ရှိရ်က်)အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဥ်တွဲကိုးကွယ်ခြင်း၏ ဆိုးကျိုးနှင့် ၎င်း၏ ဆိုးရွားသော နောက်ဆုံးရလဒ်ကို တင်ပြထားသည်။

လုပ်ရပ်အမျိုးအစားပေါ်မူတည်၍ အကျိုးရလဒ်ရရှိမည်ဖြစ်သည်။

လုပ်ရပ်တစ်ခု၏ ရလဒ်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လုပ်ဆောင်သူထံသို့ ပြန်လှည့်လာမည်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်ကို ကျောခိုင်း၍ အခြားသူထံမှ ကောင်းကျိုး ရှာဖွေသူသည် အရှင်မြတ်၏ ကူညီစောင်မတော်မူခြင်းကိုရရှိမည် မဟုတ်ပေ။

التصنيفات

အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်း၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။, စိတ်နှလုံးသား၏ အမလ်ကျင့်ဆောင်မှုများ။