အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်း၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။

အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်း၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။

2- ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။

3- ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။

4- နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။

8- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။

12- အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။

14- ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။

17- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။

22- မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်၊ အမိန့်နာခံကြရန် (ကိုယ်တော်သည် အသံကို နှိမ့်လိုက်ပြီး) အသင်တို့သည် လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ မတောင်းခံကြ‌ရန် တို့ဖြစ်သည်။

24- လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး အကြောင်း အရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်သည် ငါကိုယ်‌တော်အား အလ္လာဟ်အရှင်မြတ်နှင့် တန်းတူအဖြစ် ပြုလုပ်လိုက်လေသလော။ ‘အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)’ ဟု ပြောဆိုလော့” ဟု မိန့်ကြားတော်မူခဲ့သည်။