إعدادات العرض
သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း…
သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း မပြုကြနှင့်။
အဗ်ဒုရ်ရဟ်မားန် ဗင်န် ဆမုရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း မပြုကြနှင့်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Português සිංහල অসমীয়া Kiswahili ગુજરાતી Tiếng Việt Nederlands Hausa پښتو नेपाली മലയാളം Кыргызча Română Svenska Српски తెలుగు ქართული Moore Magyar Македонски Čeština Українська Azərbaycan Kinyarwanda Malagasy Wolof ไทย मराठी ਪੰਜਾਬੀ دری አማርኛ ភាសាខ្មែរ Lietuvių Deutsch ಕನ್ನಡ Oromoo Shqip தமிழ்الشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သွဝါဂီ(ရုပ်တု)များဖြင့် ( ၎င်းတို့၏အမည်များကို ကိုင်တွယ်၍) ကျိန်ဆိုခြင်းမှ တားမြစ်ထားတော်မူသည်။ "သွဝါဂီ" သည် "သွာဂီယဟ်" ဟူသော စကားလုံး၏ ဗဟုဝုစ်ကိန်းဖြစ်ပြီး မုရှ်ရိက်များက အလ္လာဟ်အရှင်မြတ်အစား ကိုးကွယ်ဆည်းကပ်ခဲ့ကြသော ရုပ်တုများကို ရည်ညွှန်းသည်။ ဤရုပ်တုများသည် မုရှ်ရိက်တို့၏ လွန်ကျူးမှုနှင့် သွေဖည်ငြင်းဆန်မှု၏ အကြောင်းရင်း ဖြစ်သည်။ ထိုနည်းတူ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိတို့၏ဘိုးဘေးဘီဘင်များဖြင့် ကျိန်ဆိုခြင်းမှလည်း တားမြစ်တော်မူထားသည်။ အကြောင်းမှာ ဂျာဟိလီယသ်အမှောင်ခေတ် အာရပ်လူမျိုးတို့၏ ထုံးတမ်းစဥ်လာများအနက်တစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ဘိုးဘေးဘီဘင်များအား ဂုဏ်ယူဝင့်ကြွားသည့်အနေဖြင့် ၎င်းတို့အား ဂုဏ်ပေးလေးစားသည့်အနေဖြင့် ၎င်းတို့(၏ အမည်နာမများကို ကိုင်တွယ်၍)ကျိန်ဆိုလေ့ရှိခဲ့ကြသောကြောင့် ဖြစ်သည်။فوائد الحديث
အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ နာမတော်များနှင့် ဂုဏ်တော်များဖြင့်သာ ကျိန်ဆိုခွင့်ရှိသည်။
သွဝါဂီးသ်များ (အလ္လာဟ်အရှင်မြတ်မှအပ ကိုးကွယ်ခြင်းခံရသောအရာများ၊)
ဘိုးဘွားဘီဘင်များ၊ ခေါင်းဆောင်များ၊ ရုပ်တုများနှင့် အလားတူ အခြားမှားယွင်းသော အရာအားလုံးဖြင့် ကျိန်ဆိုခြင်းကို ဟရာမ်တားမြစ်ထားခြင်း။
အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာများဖြင့် ကျိန်ဆိုခြင်းသည် သေးငယ်သော ရှိရ်က် အနက်မှဖြစ်သော်လည်း၊ ထိုကျိန်ဆိုခံရသောအရာကို အလ္လာဟ်အရှင်မြတ်ကဲ့သို့ ကြီးကျယ်မြင့်မြတ်သည်ဟု ယုံကြည်မိပါက သို့မဟုတ် ၎င်းတွင် ကိုးကွယ်ထိုက်သောအရာတစ်ခုခုရှိသည်ဟု ယူဆမိပါက၊ ယင်းသည် ကြီးမားသော ရှိရ်က်ဖြစ်သွားသည်။
