ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ…

ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ်သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ်သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချအဗူဗကရ်(ရဿွိရလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။

ဂျွန်ဒုဗ်ဗင်န်အဗ်ဒုလ္လာဟ် (ရဿွိရလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မကွယ်လွန်မီငါးရက်အလိုတွင် မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်းအချစ်တော်၊ အဆွေတော်အဖြစ်သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှအချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချအဗူဗကရ်(ရဿွိရလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။ ကောင်းစွာသတိပြုကြလေကုန် အသင်တို့အလျင် ရှိခဲ့ကြသော သူတို့သည် ၎င်းတို့နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။ ကောင်းစွာသတိပြုကြလေကုန် သင်တို့သည် ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ်မပြုလုပ်ကြနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းအား ငါကိုယ်တော်သင်တို့အား တားမြစ်တော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဝဖာသ်ဖြစ် မကွယ်လွန်မီ(ရက်အနည်းငယ်အလိုတွင်) မိမိ၏ အွမ္မသ်နောက်လိုက်သားတို့အားအရေးကြီးသည့် စကားမှာကြားတော်မူသည်။ ကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင်ရှိသည့် မိမိ၏ အဆင့်အတန်းကို အသိပေးပြောကြားခဲ့သည်။၎င်းအဆင့်သည် အချစ်၏ အဆင့်အတန်းများအနက် အမြင့်ဆုံးအဆင့်ဖြစ်ပြီး ထိုအဆင့်အတန်းအား တမန်တော်အီဗရာဟီမ်(အလိုင်ဟိစ္စလာမ်)ရခဲ့သည့်အတိုင်း ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော််မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိအတွက်အခြားအချစ်တော်၊ အဆွေတော်သတ်မှတ်ခြင်းကို ငြင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏နှလုံးသားထဲတွင် အရှင်မြတ်၏ အချစ်၊ အရှင်မြတ်၏ကြီးကျယ်မှုနှင့် အရှင်မြတ်၏အသိတရားတို့ဖြင့် ပြည့်နှက်နေပြီး အခြားသူအတွက် နေရာမရှိတော့ပေ။ အဖန်ဆင်းခံ၏ နှလုံးသားထဲတွင်အချစ်သည် တစ်ဦးတစ်ယောက်အတွက်သာဖြစ်သည်။ အကယ်၍ ကိုယ်တော်သည် မိမိအတွက် အဖန်ဆင်းခံများအနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် ထိုသူသည် အဗူဗကရ်ဆွိဒ်ဒီက်(ရဿွိရလ္လာဟုအန်ဟု)သာဖြစ်လိမ့်မည်။ ဤအချက်သည် အဗူဗကရ်(ရဿွိရလ္လာဟုအန်ဟု)၏ မွန်မြတ်မှုနှင့်ကိုယ်တော်၏နောက်တွင် ခလီဖဟ်သမ္မတဖြစ်လာမည်ကို ညွှန်ပြနေခြင်းလည်းဖြစ်သည်။ ထို့နောက် ယဟူဒီနှင့် နဆ်ွရာနီတို့သည် ၎င်းတို့နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများနှင့်ပတ်သက်၍ အလွန်အကျူးအစွန်းရောက်ကာ နောက်ဆုံးထိုနေရာတို့ကို (ရှစ်ရ်က်)ဖက်စပ်ယှဉ်တွဲခဝပ်ကိုးကွယ်ရာ နေရာများအဖြစ်ပြုလုပ်လိုက်ကြောင်း ကိုမိန့်ကြားခဲ့သည်။ ကိုယ်တော်မြတ်သည်မိမိ၏ နောက်လိုက်သားတို့အား ၎င်းတို့လုပ်ရပ်ကဲ့သို့ လုပ်ဆောင်ခြင်းမျိုးမှ တားမြစ်ခဲ့သည်။ နဆ်ွရာနီတို့တွင် တမန်တော်တစ်ပါးသာရှိပြီး ၎င်းမှာ အီစာ(အလိုင်ဟိစ္စလာမ်)ဖြစ်သည်။ သို့သော် ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် ထိုနဗီတမန်တော်၏ ကဗရ်သင်းချိုင်းရှိသည်ဟု ယုံကြည်ထားကြသည်။ ဤနေရာတွင် နဗီတမန်တော်များဟု သုံးနှုန်းထားခြင်းသည် ယဟူဒီနှင့်နဆ်ွရာနီတို့ကို ပေါင်းပြီးပြောခြင်းဖြစ်သည်။ အမှန်တကယ်တွင် အီစာ(အလိုင်ဟိစ္စလာမ်)သည် မိုးကောင်းကင်ပေါ်သို့ မယူခံရခြင်းသာဖြစ်ပြီး၊ ကားစင်တင်ခြင်းမခံခဲ့ရသလို၊ မြှုပ်နှံခြင်းလဲမခံခဲ့ရပေ။

فوائد الحديث

ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်တွင် အရှင်မြတ်၏ ကြီးကျယ်မှုနှင့် လျော်ညီသည့်အတိုင်း ချစ်ခြင်းရှိကြောင်း အတည်ပြုထားသည်။

အချစ်တော်၊ အဆွေတော်နှစ်ပါးဖြစ်သည့် တမန်တော် အိဗ်ရာဟီမ်နှင့် တမန်တော် မုဟမ္မဒ် (အလိုင်းဟိမတ်စ်စလာမ်)တို့၏ ထွတ်မြတ်မှုကို တင်ပြထားသည်။

အဗူဗကရ်ဆွိဒ်ဒီက်(ရဿွိရလ္လာဟုအန်ဟု)၏ မွန်မြတ်မှုကို ဖော်ပြထားသည်။၎င်းသည် အွမ္မသ်နောက်လိုက်သားများအနက် အမွန်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ဤသြဝါဒတော်သည် အဗူဗကရ်ဆွဒ်ဒီက်(ရဿွိရလ္လာဟုအန်ဟု)၏ ခလီဖဟ်သမ္မတဖြစ်ခြင်းအတွက် အထောက်အထား တစ်ရပ်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိုးသည့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချစ်အား အတည်ပြုတင်ပြထားသည်။

ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းသည်ရှေးယခင် အွမ္မသ်သားတို့၏ လမ်းစဉ်များအနက်မှဖြစ်သည်။

ကဗရ်သင်္ချိုင်းများကို ခဝပ်ကိုးကွယ်ရာနေရာများအဖြစ် သတ်မှတ်ပြီး ထိုနေရာများတွင် ဆွလာသ်ဆောက်တည်ခြင်း၊ ၎င်းသင်္ချိုင်းများဘက်သို့လှည့်၍ ဆွလာသ်ဆောက်တည်ခြင်းနှင့် ၎င်းတို့အပေါ် ဗလီဝတ်ကျောင်းတော်များ၊ (ဂွန်မ်ဗဒ်)အမိုးခုံးများ တည်ဆောက်ခြင်းတို့ကို တားမြစ်ထားသည်။ ဤသို့တားမြစ်ထားခြင်းသည် ထိုကိစ္စရပ်များကို အကြောင်းခံပြီး (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုထဲသို့ ကျရောက်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက်ဖြစ်သည်။

ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ရောက်ရှိစေမည့် အကြောင်းခံများကို တားဆီးပိတ်ပင်ထားသည်။

التصنيفات

အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်း၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။, ဆွဟာဗဟ်(رضي الله عنهم)တို့၏ ထွတ်မြတ်မှု။