إعدادات العرض
သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ခရီးစဉ်တစ်ခု၌ရှိခဲ့သည်။ ကိုယ်တော်က…
သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ခရီးစဉ်တစ်ခု၌ရှိခဲ့သည်။ ကိုယ်တော်က အစေတော်တစ်ဦးအား စေလွှတ်၍ မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ကုလားအုတ်လည်ပင်း၌ ချည်ထားသော မည်သည့်ခေါင်းလောင်းကြိုးနှင့် ခမည်းကြိုးကိုမဆို မချန်ထားဘဲ ဖြတ်တောက်ပစ်ရန် မှာကြားတော်မူခဲ့သည်။
အဗူဗရှီးရ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ခရီးစဉ်တစ်ခု၌ရှိခဲ့သည်။ ကိုယ်တော်က အစေတော်တစ်ဦးအား စေလွှတ်၍ မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ကုလားအုတ်လည်ပင်း၌ ချည်ထားသော မည်သည့်ခေါင်းလောင်းကြိုးနှင့် ခမည်းကြိုးကိုမဆို မချန်ထားဘဲ ဖြတ်တောက်ပစ်ရန် မှာကြားတော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە සිංහල دری Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Azərbaycanالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ အချို့ခရီးစဉ်၌ (ကုလားအုတ်များတွင်) မျက်စိထိခြင်းနှင့် ဘေးဒုက္ခများမှ ကင်းဝေးစေရန် ကုလားအုတ်လည်ပင်းများတွင် ချိတ်ဆွဲထားသော ကြိုးများကို ဖယ်ရှားပစ်ရန် အတွက် လူတို့အား သတိပေးနှိုးဆော်မည့်သူတစ်ဦးကို စေလွှတ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ချိတ်ဆွဲခြင်းသည်(ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှု ဖြစ်သည့်အတွက် ၎င်းအားဖယ်ရှားပစ်ရန် ဝါဂျိဗ် တာဝန်ဖြစ်သည်။فوائد الحديث
ဘေးဒုက္ခများကင်းဝေးရန်အတွက် လည်ဆွဲများချိတ်ဆွဲခြင်းသည် ဟရာမ်တားမြစ်ထားသောကိစ္စရပ်ဖြစ်ပြီး ၎င်းအား အဆောင်လက်ဖွဲ့ချိတ်ဆွဲခြင်းဟုပင် သတ်မှတ်ထားသည်။
လူတို့၏ (အကီဒဟ်)ယုံကြည်ချက်အား ထိန်းသိမ်းပေးမည့် အကြောင်းအရာများကို ပို့ချရမည်။
မကောင်းမှုကို တတ်စွမ်းနိုင်သမျှ တားမြစ်ရန်တာဝန်ရှိသည်။
“ခဗ်ရေဝါဟိဒ်”ခေါ် ဆင့်ပြန်သူ တစ်ဦးတည်း၏ ဆင့်ပြန်ချက်ကို လက်ခံ အတည်ပြုထားသည်။
မည်သည့် အမျိုးအစားကြိုးကွင်း အထုံးအဖွဲ့ပင်ဖြစ်စေ ကောင်းကျိုးပေးနိုင်သည်ဟူသည့် ယုံကြည်ချက်ကို တိုက်ဖျက်ထားသည်။
ခေါင်းဆောင်တစ်ဦး၏ ကိုယ်စားလည်သည် ၎င်းအား တာဝန်ပေးအပ်ထားသည့် ကိစ္စတွင် ခေါင်းဆောင်၏ ကိုယ်စား တာဝန်ယူဆောင်ရွက်ရမည်။
လူထုခေါင်းဆောင် အကြီးအကဲသည် ပြည်သူတို့၏ အခြေအနေများကို ဂရုစိုက်ရမည်။ ထို့ပြင် ၎င်းတို့၏ အခြေနေများကို အလေးထားကာ စူးစမ်းလေ့လာနေရမည်။
လူထုခေါင်းဆောင် အကြီးအကဲသည် ရှရီအဟ် တရားတော်က တောင်းဆိုထားသည့်အတိုင်း ပြည်သူအား ဂရုစိုက်ရန် တာဝန်ရှိသည်။ အကယ်၍ ၎င်းတို့သည် ဟရာမ် တားမြစ်ချက်များကို ကျူးလွန်ပါက ၎င်းတို့အား တားမြစ်ရမည်။ အကယ်၍ ၎င်းတို့က ဖရ်ဿ်ွတာဝန်များကို အလေးမထားပါက ၎င်းတို့အား ထိုတာဝန်ကို ကျေပွန်ရန် တိုက်တွန်းနှိုးဆော်ရမည်။