မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ…

မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်၊ အမိန့်နာခံကြရန် (ကိုယ်တော်သည် အသံကို နှိမ့်လိုက်ပြီး) အသင်တို့သည် လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ မတောင်းခံကြ‌ရန် တို့ဖြစ်သည်။

အဗူမွတ်စ်လင်မ် ခေါင်လာနီက ဆင့်ပြန်ပြောကြားခဲ့သည်။ ချစ်ခင်ရပြီး ယုံကြည်ရသူတစ်ဦးက ကျွန်ုပ်အား ဆင့်ပြန်ခဲ့သည်။ ထိုသူမှာ ကျွန်ုပ်ချစ်ခင်ရသူနှင့် ကျွန်ုပ်ယုံကြည်ရသူဖြစ်သည့် အောင်ဖ် ဗင်န် မာလိက် အလ်အရှ်ဂျအီရ် (ရဿွိယလ္လာဟုအန်ဟု)ဖြစ်ပြီး ၎င်းက ပြောကြားခဲ့သည်။ ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ရှိနေကြသည်။ ကျွန်တော်တို့သည် လူကိုးဦး သို့မဟုတ် ရှစ်ဦး သို့မဟုတ် ခုနစ်ဦးခန့် ရှိသည်။ ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့သည် မကြာမီကပင် ကတိသစ္စာပြုခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ဆင့်ပြန်သူက ပြောပြသည်မှာ ကျွန်တော်တို့သည် လက်များကို ဆန့်လိုက်ကြပြီး အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည် မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်၊ အမိန့်နာခံကြရန် (ကိုယ်တော်သည် အသံကို နှိမ့်လိုက်ပြီး) အသင်တို့သည် လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ မတောင်းခံကြ‌ရန် တို့ဖြစ်သည်။ ဆင့်ပြန်သူက ပြောပြသည်မှာ ကျွန်တော်သည် ထိုအဖွဲ့တွင် ပါဝင်သူအချို့အား မြင်တွေ့ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်သည် နှင်တံကျသွားလျှင်လည်း ၎င်းအား ကောက်ပေးရန် မည်သူ့ကိုမျှ တောင်းဆိုခြင်းမပြုပေ။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်အချို့နှင့် အတူရှိနေတော်မူပြီး ကိုယ်တော်သည် ၎င်းတို့အား အချို့သောကိစ္စများကို လိုက်နာရန်အတွက် မိမိထံတွင် ကတိသစ္စာပြုကြရန် သုံးကြိမ်တိုင်တိုင် တောင်းဆိုတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံကာ တားမြစ်ချက်များကို ရှောင်ကြဉ်ပြီး အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်၊ အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှုမပြုရန် (၂) နေ့နှင့်ညတွင် ဖရ်ဿ်ွ ဆွလာသ် ငါးကြိမ်ဆောက်တည်ရန် (၃) ကောင်းသည့်ကိစ္စရပ်များတွင် မွတ်စ်လင်မ်တို့အား အုပ်ချုပ်သည့် အာဏာပိုင်များ၏ အမိန့်ကိုနာခံရန် (၄) မိမိတို့၏ လိုအပ်ချက်အားလုံးကို အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပြီး လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ တောင်းခံခြင်း မပြုရန်၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအချက်အား မိမိအသံကို နှိမ့်ချကာ မိန့်ကြားတော်မူခဲ့သည်။ ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)များသည် ကိုယ်တော်ထံတွင် ကတိသစ္စာပြုခဲ့ကြသည့် ကိစ္စများကို လိုက်နာစောင့်ထိန်းခဲ့ကြသည်။ ဟဒီးဆ်တော်ကို ဆင့်ပြန်ခဲ့သူက ပြောပြသည်မှာ ကျွန်တော်သည် ထိုဆွဟာဗဟ်များအနက် အချို့အား မြင်တွေ့ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်သည် နှင်တံကျသွားလျှင်လည်း မိမိအား ကောက်ပေးရန် မည်သူ့ကိုမျှ မတောင်းဆိုဘဲ ကိုယ်တိုင်ဆင်း၍ ကောက်သည်။

فوائد الحديث

လူတို့ထံတွင် တောင်းခံခြင်းကို စွန့်လွှတ်ရန်၊ တောင်းခံသည်ဟု ခေါ်လို့ရသည့် ကိစ္စတိုင်းမှ ကင်းရှင်းရန်၊ အသေးအဖွဲကိစ္စပင်ဖြစ်စေ လူတို့ထံမှ လိုလားတောင့်တမှုကင်းရန် တိုက်တွန်းနှိုးဆော်ထားသည်။

တားမြစ်ထားသော တောင်းခံခြင်းသည် လောကီကိစ္စများ တောင်းခံခြင်းနှင့်သာ သက်ဆိုင်ပြီး ပညာရှာဖွေဆည်းပူးရန်၊ သာသနာ့ကိစ္စများ သိရှိရန်အတွက် တောင်းဆိုခြင်း၊ မေးမြန်းခြင်းတို့နှင့် မသက်ဆိုင်ပါ။

التصنيفات

အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်း၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။