إعدادات العرض
ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
အဗူသွလ်ဟဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Português සිංහල অসমীয়া Kiswahili ગુજરાતી Tiếng Việt Nederlands پښتو Hausa नेपाली മലയാളം Кыргызча Română Svenska Српски తెలుగు ქართული Moore Magyar Македонски Čeština Українська አማርኛ Azərbaycan Kinyarwanda Malagasy Wolof ไทย मराठी ਪੰਜਾਬੀ دری ភាសាខ្មែរ Lietuvių Deutsch ಕನ್ನಡ Oromoo Shqip தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရဟ်မသ်ကရုဏာတော်ရဲ့မလာအိကဟ်ကောင်းကင်တမန်များသည် ခွေးရှိသောအိမ်နှင့် အသက်ရှိသောသတ္တဝါတို့၏ ရုပ်ပုံများရှိသောအိမ်သို့ မဝင်ရောက်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ အသက်ရှိသောသတ္တဝါ၏ ရုပ်ပုံသည် ကြီးလေးသော အပြစ်တစ်ခုဖြစ်ပြီး၊ ယင်းသည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုကို တုပခြင်း၊ ရှိရ်က်တွဲဖက်ကိုးကွယ်မှုသို့ ဦးတည်စေနိုင်သော လမ်းကြောင်းတစ်ခုဖြစ်ကာ၊ အချို့သော ရုပ်ပုံများမှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ခံနေရသောအရာတို့၏ ရုပ်တုများဖြစ်နေသောကြောင့်ဖြစ်သည်။ ခွေးရှိသောအိမ်သို့ မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ရခြင်း၏ အကြောင်းရင်းများမှာ - ခွေးသည် မသန့်ရှင်းသောအရာများကို စားသောက်တတ်ခြင်း၊ အချို့ခွေးများကို ရှိုင်တွန်ဟုခေါ်ဆိုပြီး၊ မလာအိကဟ်များသည် ရှိုင်တွန်များနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ခွေး၏အနံ့ဆိုးခြင်းကြောင့်ဖြစ်ပြီး မလာအိကဟ်ကောင်းကင် တမန်များသည် အနံ့ဆိုးကိုမနှစ်သက်ပေ။ ထို့ပြင် ခွေးမွေးမြူခြင်းကို တားမြစ်ထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ခွေးမွေးမြူသူအား ရဟ်မသ်ကရုဏာတော်ရဲ့ မလာအိကဟ်များ သူ၏အိမ်သို့ ဝင်ရောက်ခြင်း၊ ထိုအိမ်၌ ဆွလာသ်ဝတ်ပြုခြင်း၊ သူ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံပေးခြင်း၊ သူ့အပေါ် ၌ လည်းကောင်း သူ၏အိမ်၌ လည်းကောင်း ဗရ်ကသ်ကောင်းချီးမင်္ဂလာပေးခြင်းနှင့် ရှိုင်တွာန်၏ အနှောင့်အယှက်မှ တွန်းလှန်ဖယ်ရှားပေးခြင်းတို့မှ လက်လွှတ်ဆုံးရှုံးစေခြင်းဖြင့် အပြစ်ပေးခံရခြင်းဖြစ်သည်။فوائد الحديث
အမဲလိုက်ခွေး၊ မွေးမြူရေးတရိစ္တာန်များကို စောင့်ကြပ်သည့်ခွေးနှင့် လယ်ယာစောင့်ခွေးများမှအပ အခြားခွေးများအား မွေးမြူခြင်းကို ဟရာမ်တားမြစ်ထားသည်။
အသက်ရှိသောသတ္တဝါများ၏ ရုပ်ပုံများပြုလုပ်ခြင်းသည် မလာအိကဟ်ကောင်းကင်
တမန်များ ဝေးဝေးရှောင်သည့် ရွံရှာဖွယ်ကောင်းသော အပြုအမူများထဲမှ တစ်ခုဖြစ်ပြီး၊ ထိုအရာများ တည်ရှိရာနေရာသည် ရဟ်မသ်ကရုဏာတော်မှ ကင်းဝေးစေရသည့် အကြောင်းတစ်ရပ် ဖြစ်သည်။ ခွေးရှိနေခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
ခွေး သို့မဟုတ် အသက်ရှိသတ္တဝါ၏ ရုပ်ပုံရှိသောအိမ်သို့ ဝင်ရောက်ခြင်းမပြုသော မလာအိကဟ်များမှာ ရဟ်မသ်ကရုဏာတော်ရဲ့ မလာအိကဟ်များသာဖြစ်ပြီး၊ လူသားတို့၏ အအ်မာလ်(လုပ်ရပ်)များကို ရေးမှတ်သည့် မလာအိကဟ်ကောင်း
ကင်တမန်များ နှင့် အခြားသော သက်ဆိုင်ရာတာဝန်ကိုထမ်းဆောင်သော မလာအိကဟ်များ ဥပမာ - မလကွတ်လ်မောင်သ် (အသက်ဝိညာဉ်ကို နုတ်သိမ်းသော ကောင်းကင်တမန်) စသည်တို့မှာမူ အိမ်တိုင်းသို့ ဝင်ရောက်နိုင်သည်။
နံရံစသည်တို့ပေါ်တွင် အသက်ရှိသောသတ္တဝါများ၏ ရုပ်ပုံများကို ချိတ်ဆွဲခြင်းကို ဟရာမ်တားမြစ်ထားသည်။
ခသ်သွာဗီက မိန့်ဆိုသည်မှာ - မလာအိကဟ်များ ဝင်ရောက်ခြင်းမပြုသော အိမ်ဆိုသည်မှာ ဟရာမ်တားမြစ်ထားသော ခွေးများ (မွေးမြူခြင်း) နှင့် ရုပ်ပုံများ (ပြုလုပ်ခြင်း) ရှိသော အိမ်များကိုသာ ဆိုလိုသည်။ သို့ဖြစ်၍ မွေးမြူခြင်းဟရာမ်မဟုတ်သော အမဲလိုက်ခွေး၊ မွေးမြူရေးတရိစ္တာန်များကို စောင့်ကြပ်သည့်ခွေး၊ လယ်ယာစောင့်ခွေးများနှင့် ကော်ဇော၊ ခေါင်းအုံးစသည်တို့တွင် အသုံးပြုထားသော (ဂုဏ်သိက္ခာမရှိသော) ရုပ်ပုံများကြောင့်မူ မလာအိကဟ်များ ဝင်ရောက်ခြင်းကို အဟန့်အတားမဖြစ်ပေ။
