إعدادات العرض
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည်…
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ လားရမည်။
အဗ်ဒုလ္လာဟ်ဗင်န်မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ လားရမည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá ئۇيغۇرچە Hausa ไทย دری Кыргызча or Kinyarwanda नेपाली Română Malagasy Lietuvių Oromoo Nederlands Soomaali Српски Українська ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyarالشرح
ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့ကို အသိပေး ပြောကြားသည်မှာ ဧကန်စင်စစ် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည့် ကိစ္စတစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်မှအပ အခြားအဖန်ဆင်းခံအတွက်သုံးစွဲပြီး ထိုအခြေအနေမျိုး၌ သေဆုံးခဲ့လျှင် ၎င်းသူ၏ လားရာနေရာသည် ဂျဟန္နမ်ငရဲပင်ဖြစ်သည်။فوائد الحديث
အကြင်သူသည် (ရှိရ်က်)ယှဥ်တွဲကိုးကွယ်မှု ကျူးလွန်၍ သေဆုံးခဲ့လျှင် ဂျဟန္နမ်ငရဲသို့လားရမည်။ သို့ရှိရာ အကယ်၍ ၎င်းသည် ရှိရ်က်အကြီးစား(အစ္စလာမ့်ဘောင်အပြင်သို့ ရောက်စေသည့် ရှိရ်က်အမျိုးအစား)ကို ကျူးလွန်ပါက ဂျဟန္နမ်ငရဲတွင် အမြဲထာဝစဉ်နေရမည်ဖြစ်သည်။ အကယ်၍ ရှိရ်က်အသေးစား (အစ္စလာမ့်ဘောင်အပြင်သို့မရောက်စေသည့် ရှိရ်က်အမျိုးအစား)ကို ကျူးလွန်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည်အထိ ပြစ်ဒဏ်ပေးခြင်းခံရပြီးနောက် ဂျဟန္နမ်ငရဲမှ ထွက်ရမည်ဖြစ်သည်။
လုပ်ရပ်များ၏ အကျိုးဆက်သည် ၎င်း၏ နိဂုံးလုပ်ဆောင်ချက်များပေါ်တွင် မူတည်သည်။
ဧကန်အမှန် ဒုအာဆုတောင်းခြင်းသည် (အိဗာဒသ်)ခဝပ်ကိုးကွယ်မှုဖြစ်သည့်အတွက် ၎င်းအား အလ္လာဟ်အရှင်မြတ်အတွက်သာ သုံးစွဲခွင့်ရှိသည်။