إعدادات العرض
အစွန်းရောက်သူများ ပျက်စီးပါစေ
အစွန်းရောက်သူများ ပျက်စီးပါစေ
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အစွန်းရောက်သူများ ပျက်စီးပါစေဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் Русский Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල دری Akan Български Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda тоҷикӣ O‘zbek नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська bm ភាសាខ្មែរ rn ქართული Македонски Српски Ελληνικά አማርኛ Malagasyالشرح
အသိပညာနှင့် လမ်းမှန်တရားပေါ်တွင်မရှိဘဲ အစွန်းရောက်သူများသည် ၎င်းတို့၏ စကားများ၊ လုပ်ရပ်များ၊ လောကီရေး၊ သာသနာရေးကိစ္စတို့တွင်ပျက်ဆီးဆုံးရှုံးမည်ဖြစ်ကြောင်းနှင့် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ယူဆောင်လာသော ရှရီအဟ်တရားတော်၏ ကန့်သတ်ချက်များကို ချိုးဖေါက်သူများသည်လည်း ပျက်ဆီးဆုံးရှုံးမည်ဖြစ်ကြောင်းကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်။فوائد الحديث
မည်သည့်ကိစ္စတွင်မဆို အစွန်းရောက်ခြင်း၊ အတိုင်းထက်အလွန်ပြုခြင်းတို့ကို တားမြစ်ထားပြီး ကိစ္စတိုင်းတွင် ထိုလုပ်ရပ်မျိုးမှ ရှောင်ကြဥ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ အထူးသဖြင့် ခဝပ်ကိုးကွယ်မှုများနှင့် သူတော်စင် သူတော်ကောင်းတို့အား ကြည်ညိုရာတွင် အစွန်းရောက်ခြင်းမှ ရှောင်ကြဉ်ရမည်။
ခဝပ်ကိုးကွယ်မှုတွင်ဖြစ်စေ၊ အခြားကဏ္ဍများတွင်ဖြစ်စေ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ခြင်းသည် ချီးမွမ်းထိုက်သည့် ကိစ္စဖြစ်သည်။ ထိုသို့ပြည့်စုံမှုသည် ရှရိအဟ်တရားတော်နှင့် ကိုက်ညီမှသာ ရရှိနိုင်မည်ဖြစ်သည်။
အရေးကြီးသော ကိစ္စရပ်အား တိကျသေချာအောင်ပြုခြင်းသည် (မွတ်စ်သဟဗ်) ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အထက်ပါစကားအား သုံးကြိမ်မိန့်ကြားတော်မူခဲ့သည်။
အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်ကြောင်း ဖော်ပြထားသည်။