إعدادات العرض
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း…
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။
အဗူဟိုင်ယာဂျ် အလ်အစဒီက ဆင့်ပြန်ခဲ့သည်။ ကျွန်တော့်အား အလီ ဗင်န် အဗီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский اردو 中文 हिन्दी বাংলা Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Türkçe دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Tagalog Azərbaycan ქართული тоҷикӣ bm Oromoo Македонски አማርኛالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏သာဝကများကို မည်သည့် ‘သင်မ်စာလ်’ သက်ရှိရုပ်တု၊ သက်မဲ့ရုပ်တုကိုမျှ မချန်ထားပဲ ဖယ်ရှားပစ်ရန် ၊ မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား မြေပြင်နှင့် တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်၊ ကဗရ်ပေါ်တွင်ရှိသော အဆောက်အအုံကို ဖြိုချပစ်ရန်၊ သို့မဟုတ် ကဗရ်၏အမြင့်ကို မြေပေါ်တွင် အလွန်မမြင့်မားစေပဲ တစ်ထွာခန့်သာထားရှိရန်အတွက် စေလွှတ်တော်မူခဲ့သည်။فوائد الحديث
သက်ရှိများကို ရုပ်ပုံ၊ ဓာတ်ပုံရိုက်ကူးခြင်း ဟရာမ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်ရန် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
အခွင့်အာဏာရှိသူ သို့မဟုတ် တားမြစ်နိုင်စွမ်းရှိသူသည် မကောင်းမှုအား လက်ဖြင့်တားမြစ်ခွင့်ရှိသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုပ်ပုံများ၊ ရုပ်တုဆင်းတုများ၊ ကဗရ်သင်္ချိုင်းများရှိ အဆောက်အဦးများ အပါအဝင် အမိုက်ခေတ်ကို ညွှန်ပြနေသည့် လက္ခဏာများအားလုံးကို ဖယ်ရှားပစ်ရန် စိတ်အားထက်သန်ခဲ့သည်။