(အစ္စလာမ်သာသနာတွင်)ရောဂါဟူသည် (သူ့အလိုလို)ကူးစက်ခြင်းမရှိ၊ မကောင်းနိမိတ်ကောက်ခြင်းမရှိ၊…

(အစ္စလာမ်သာသနာတွင်)ရောဂါဟူသည် (သူ့အလိုလို)ကူးစက်ခြင်းမရှိ၊ မကောင်းနိမိတ်ကောက်ခြင်းမရှိ၊ ငါကိုယ်တော်မြတ်သည် ‘ဖအ်လ်’ ကိုနှစ်သက်တော်မူသည်။ အချို့က ‘ဖအ်လ်’ ဟူသည် အဘယ်နည်းဟု မေးမြန်းကြရာ ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ ကောင်းသောစကားဆိုခြင်း(ကောင်း သောနိမိတ်ကောက်ခြင်း)ဖြစ်သည်။

အနတ်စ်ဗက်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - (အစ္စလာမ်သာသနာတွင်)ရောဂါဟူသည် (သူ့အလိုလို)ကူးစက်ခြင်းမရှိ၊ မကောင်းနိမိတ်ကောက်ခြင်းမရှိ၊ ငါကိုယ်တော်မြတ်သည် ‘ဖအ်လ်’ ကိုနှစ်သက်တော်မူသည်။ အချို့က ‘ဖအ်လ်’ ဟူသည် အဘယ်နည်းဟု မေးမြန်းကြရာ ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ ကောင်းသောစကားဆိုခြင်း(ကောင်း သောနိမိတ်ကောက်ခြင်း)ဖြစ်သည်။

[صحيح] [متفق عليه]

الشرح

ဂျာဟိလိယဟ် အစ္စလာမ်သာသနာမပြန့်ပွါးမီအလျင်က ရှိခဲ့ကြသူများ၏ယုံကြည်ချက်ဖြစ်သည့် ရောဂါများသည် အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲမှုမပါဘဲ သူ့အလိုလို ကူးစက်နိုင်သည်ဟူသော အယူအဆသည် မှားယွင်းကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်။ ထို့ပြင်(သွိယရဟ်)သည် လည်းမှားယွင်းသောအယူအဆဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ သွိယရဟ်ဟူသော မကောင်းနိမိတ်ကောက်ခြင်းဟူသည် ငှက်များ၊ တိရစ္ဆာန်များ၊ ရောဂါသည်များ၊ နံပါတ်များ၊ နေ့ရက်များနှင့် အခြားအရာများကို ကြားခြင်း၊ မြင်ခြင်းဖြင့် နိမိတ်ကောက်ခြင်းဖြစ်သည်။ ဟဒီးဆ်တော်တွင် သွိယရဟ် ပျံသန်းခြင်းဖြင့်နိမိတ်ကောက်ခြင်းဟူသော စကားလုံးပါရှိရခြင်းမှာ ယင်းစကားလုံးသည် တမန်တော်မြတ်မဖွားမီဂျဟိလိယ္ယဟ်ခေတ်တွင် ကျော်ကြားလှသော စကားလုံးဖြစ်သည်။ မူလတွင် ယင်းစကားလုံးကို အလုပ်တစ်ခု သို့မဟုတ် ခရီးတစ်ခု သို့မဟုတ် အခြားအရာကို အစပြုရန်ငှက်လွှတ်ကြပြီး အကယ်၍ငှက်သည် လက်ယာဘက်သို့ပျံသန်းသွားပါက အကောင်းနိမိတ်ကောက်ပြီး အစပြုကြသည်။ အကယ်၍ငှက်သည် လက်ဝဲဘက်သို့ ပျံသန်းသွားပါက မကောင်းနိမိတ်ကောက်၍ မိမိအစပြုလိုသည့်ကိစ္စကို ရပ်စဲလိုက်ပေသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကောင်းသောနိမိတ်ကောက်ခြင်းကို နှစ်သက်တော်မူကြောင်းမိန့်ကြားထားသည်။ ကောင်းသောနိမိတ်ကောက်ခြင်းဟူသည် လူသားသည် မိမိကြားလိုက်သည့် ကောင်းမွန်သောစကားရပ် ဖြင့် ပျော်ရွှင်မှုကို ခံစားရပြီး ယင်းစကားရပ်သည် အရှင်မြတ်အား အကောင်းမြင်စိတ်ရရှိလာအောင်ပြုလုပ်ပေးသည်။

فوائد الحديث

အလ္လာဟ်အရှင်မြတ်အပေါ် သဝက္ကုလ် ယုံပုံအားကိုးမှုပြုရန်နှင့် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်သူမှာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာဖြစ်ပြီး၊ မကောင်းကျိုးများကို တားဆီးပေးနိုင်သူမှာလည်း အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာဖြစ်ကြောင်း ဖော်ပြထားသည်။

မကောင်းနိမိတ်ကောက်ခြင်းကို တားမြစ်ထားသည်။ သွိယရဟ် ဟူသည် လုပ်ငန်းတစ်ခုကို ဆောင်ရွက်နိုင်ခြင်းမှ တားမြစ်စေသော မကောင်းနိမိတ်ကောင်းခြင်းကို ဆိုလိုသည်။

အလ်ဖအ်လ် ကောင်းသောနိမိတ်ကောက်ခြင်းသည် တားမြစ်ထားသော သွိယရဟ် မကောင်းနိမိတ်ကောက်ခြင်းအနက်မှ မဟုတ်ဘဲ အမှန်တကယ်တွင် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍အကောင်းထင်မြင်ခြင်းပင်ဖြစ်သည်။

အရာရာတိုင်းသည် တုဖက်ယှဉ်တွဲကိုးကွယ်ခြင်း ကင်းတော်မူသော တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်၏သက္ကဒီရ် သတ်မှတ်ချက်အရသာဖြစ်သည်။

التصنيفات

အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်း၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။