إعدادات العرض
အကြင်သူသည် သာသနာ့ပညာရှာဖွေဆည်းပူးရန် ထွက်ခွါခဲ့လျှင် ပြန်မရောက်မခြင်း ၎င်းသည် အလ္လာဟ်အရှင်မြတ်၏…
အကြင်သူသည် သာသနာ့ပညာရှာဖွေဆည်းပူးရန် ထွက်ခွါခဲ့လျှင် ပြန်မရောက်မခြင်း ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှိနေသူဖြစ်သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် သာသနာ့ပညာရှာဖွေဆည်းပူးရန် ထွက်ခွါခဲ့လျှင် ပြန်မရောက်မခြင်း ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှိနေသူဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Deutsch 日本語 پښتو অসমীয়া Shqip සිංහල Kiswahili தமிழ்الشرح
ဟဒီးဆ်သြဝါဒတော်၏အဓိပ္ပါယ်မှာ- အကြင်သူသည် သာသနာ့ပညာရှာဖွေရန်အတွက် မိမိနေအိမ် သို့မဟုတ် မိမိမြို့ရွာမှ ထွက်ခွာခဲ့လျှင် ထိုသူသည် မိမိ၏မိသားစုထံ ပြန်မလာမချင်း အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်လုပ်ရန် ထွက်ခွာသွားသူနှင့် ပညတ်သဘောချင်း အတူတူဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သာသနာ့ပညာရှာဖွေသူသည် သာသနာတော်ကို ရှင်သန်စေခြင်း၊ ရှိုင်တွာန်မိစ္ဆာအား သေးသိမ်နိမ့်ကျစေခြင်း၊ စိတ်ပင်ပမ်းခြင်းတို့တွင် ဂျိဟာဒ်လုပ်သူကဲ့သို့ပင်ဖြစ်သည်။فوائد الحديث
အမှန်စင်စစ် သာသနာ့ပညာရှာဖွေ ဆည်းပူးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုသကဲ့သို့ပင် ဖြစ်သည်။
သာသနာ့ပညာ ရှာဖွေဆည်းပူးသူသည် စစ်မြေပြင်၌ စစ်တိုက်သူ မူဂျာဟိစ်ဒ်၏ အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ဦးစလုံးသည် အလ္လာဟ်အရှင်မြတ်၏ (ရှရီအဟ်)တရားလမ်းစဥ်အား ခိုင်မာတောင့်တင်းစေရန်နှင့် သာသနာမဟုတ်သောအရာများကို သာသနာတော်မှ ဖယ်ရှားရန် အတွက် ဆောင်ရွက်နေသူများပင် ဖြစ်သည်။
သာသနာ့ပညာ ရှာဖွေဆည်းပူးရန် ထွက်ခွါသွားသူသည် မိမိ မိသားစုထံသို့ ပြန်ရောက်သည်အထိ ၎င်းသူလျှောက်လှမ်းခဲ့သော အသွားအပြန် ခြေလမ်းတိုင်းတွင် အကျိုးကုသိုလ် ရရှိမည်ဖြစ်ကြောင်း ဟဒီးဆ်တော်တွင်လာရှိသည်။
التصنيفات
ပညာ၏ထွတ်မြတ်မှု။