အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက်…

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တအကောင်းဆုံးဖြစ်တော်မူသည်။

အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တအကောင်းဆုံးဖြစ်တော်မူသည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တ အပြည့်ဝဆုံးဖြစ်တော်မူသည်။ ကိုယ်တော်သည် စကားချိုသာခြင်း၊ ကောင်းမှုပြုခြင်း၊ မျက်နှာချိုခြင်း၊ သူတစ်ပါး ဒုက္ခရောက်စေမည့် ကိစ္စရပ်များကို ဖယ်ရှားပေးခြင်း၊ အခြားသူများက ပေးသည့် ဒုက္ခများအ‌ပေါ်သည်းခံခြင်းစသည့် ကောင်းမြတ်သည့် အကျင့်စာရိတ္တနှင့် ကောင်းခြင်းများ၌ အားလုံး၏ရှေ့ဆုံးတွင်ရှိ‌သူဖြစ်သည်။

فوائد الحديث

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကျင့်စာရိတ္တ အပြည့်ဝဆုံး ဖြစ်တော်မူသည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အကောင်းဆုံး စံနမူနာပင်ဖြစ်သည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မွန်မြတ်သည့် အကျင့်စာရိတ္တအတိုင်းလျှောက်လှမ်းရန် တိုက်တွန်းထားသည်။

التصنيفات

တမန်တော်မြတ်၏ ကိုယ်ကျင့်တရားများ။