အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နုရှ်ရဟ်(ဂျာဒူစုန်းပယောဂအား…

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နုရှ်ရဟ်(ဂျာဒူစုန်းပယောဂအား ဂျာဒူစုန်းပယောဂဖြင့် ဖြေပေးခြင်း)နှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းခြင်းခံရသည့်အခါ ကိုယ်တော်က ဤသည် ရှိုင်သွာန်၏ လုပ်ရပ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နုရှ်ရဟ်(ဂျာဒူစုန်းပယောဂအား ဂျာဒူစုန်းပယောဂဖြင့် ဖြေပေးခြင်း)နှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းခြင်းခံရသည့်အခါ ကိုယ်တော်က ဤသည် ရှိုင်သွာန်၏ လုပ်ရပ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [အဗူဒါဝူဒ်ကျမ်း။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျာဒူစုန်းပရောဂပြုစားခံရသူအား ကုသရာတွင် ဂျာဟိလိယသ် အစ္စလာမ်မတိုင်မီခေတ်တွင် ပြုလုပ်သည့် နည်းလမ်းဖြစ်သည့် ဂျာဒူကို ဂျာဒူဖြင့်ဖြေပေးခြင်းကဲ့သို့သော နည်းလမ်းမျိုးနှင့်ပတ်သတ်၍ မည်သို့ အမိန့်ဆုံးဖြတ်ချက်ရှိကြောင်း လျှောက်ထားမေးမြန်းခြင်းခံရသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ထိုသို့သော လုပ်ရပ်သည် ရှိုင်သွာန်၏လုပ်ရပ် သို့မဟုတ် ရှိုင်သွာန်၏အကြောင်းခံဖြင့် ပြုလုပ်သည့် လုပ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်သည် ဂျာဒူစုန်းပရောဂါ၏ အမျိုးအစားများအနက်မှဖြစ်ပြီး ရှိုင်သွာန်၏အကူအညီကို ရယူရသည်။ ထို့ကြောင့် ဤလုပ်ရပ်သည် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှုဖြစ်ပြီး တားမြစ်ထားသည်။ ပြုပိုင်ခွင့်ရှိသည့် နုရှ်ရဟ်ဟူသည် ဂျာဒူအား မန်းမှုတ်ခြင်း သို့မဟုတ် ထိုပြုစားထားသည့်အရာကို ရှာဖွေဖော်ထုတ်ပြီး ၎င်းအရာအား ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်၍ လက်ဖြင့်ဖျက်စီးပစ်ခြင်း သို့မဟုတ် ခွင့်ပြုထားသည့် ဆေးဝါးတို့ဖြင့် ကုသပေးခြင်း တို့ဖြစ်သည်။

فوائد الحديث

တားမြစ်ထားသည့် အရာအားပြုလုပ်မိခြင်းမှ ရှောင်ကြဥ်နိုင်ရန် အမိန့်ပညတ်ချက်တစ်ခုအား နားမလည်သည့်အခါ ပညာရှင်များအား မေးမြန်းရန် တရားတော်ကပြဌာန်းထားသည်။

ဂျာဟိလိယသ် အစ္စလာမ်မတိုင်မီခေတ်က ပြုလုပ်သည့် ပုံစံမျိုးဖြင့် နုရှ်ရဟ် ပြုလုပ်ခြင်းအား တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလုပ်ရပ်သည် ဂျာဒူစုန်းပရောဂ အတတ်ပင်ဖြစ်သည်။ ဂျာဒူစုန်းပရောဂအတတ်သည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှုပင်ဖြစ်သည်။

ရှိုင်သွာန်၏ လုပ်ရပ်အားလုံးကို ဟရာမ် တားမြစ်ပိတ်ပင်ထားသည်။

التصنيفات

အမိုက်ခေတ်ဆိုင်ရာ မဆ်အလဟ်များ။, တုဖက်နှိုင်းယှဉ်ခြင်း။