အမိုက်ခေတ်ဆိုင်ရာ မဆ်အလဟ်များ။

အမိုက်ခေတ်ဆိုင်ရာ မဆ်အလဟ်များ။

2- အတိတ်နမိတ်ဆိုးကောက်သူ၊ အတိတ်နမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူတို့သည် ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှမဟုတ်ပေ။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။

3- ကောင်းကင်တမန်များသည် တိမ်တိုက်များဆီသို့ ဆင်းလာကြပြီး မိုးကောင်းကင်၌ ဆုံးဖြတ်ထားသည့် ကိစ္စများကိုပြောဆိုကြသည်။ ထိုအခါ ရှိုင်သွာန်တို့သည် ခိုးနားထောင်ကြပြီး မိမိကြားခဲ့သည်ကို နက္ခတ်ဗေဒင်အကြားအမြင်ဆရာများအား ပြောပြကြသည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုသတင်းအား မိမိတို့ဘက်မှ မုသားစကား တစ်ရာဖြင့် ရောထွေးပြီးလိမ်လည်ကြသည်။