အတိတ်နမိတ်ဆိုးကောက်သူ၊ အတိတ်နမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊…

အတိတ်နမိတ်ဆိုးကောက်သူ၊ အတိတ်နမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူတို့သည် ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှမဟုတ်ပေ။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။

အင်မရာန် ဗင်န် ဟုဆွိုင်န် (ရဿွိယလ္လာဟုအန်ဟု)နှင့် အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အတိတ်နမိတ်ဆိုးကောက်သူ၊ အတိတ်နမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူတို့သည် ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှမဟုတ်ပေ။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [အလ်ဗဇ်ဇာရ် ဆင့်ပြန်ခဲ့သည်။]

الشرح

ဟဒီးဆ်တော်တွင် ဖော်ပြထားသည့် အပြစ်အကုသိုလ်များသည် (ကဗီရဟ်)ပြစ်မှုဒုစရိုက်ကြီးများဖြစ်ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားချက်၌ပါရှိသည့် ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုက ညွှန်ပြနေသည်။ ထို့ကြောင့် နိမိတ်ဆိုးကောက်ခြင်း၊ ဗေဒင်လက္ခဏာကြည့်ခြင်း၊ ဂျာဒူပယောဂပြုခြင်းစသည်တို့ကို လုပ်ဆောင်သူများနှင့် ၎င်းလုပ်ရပ်များကို လုပ်ခိုင်းသူတို့ကို ပြင်းပြင်းထန်ထန် သတိပေး ခြိမ်းခြောက်ထားခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုကိစ္စများကို ပြုလုပ်ခြင်းသည် အလ္လာဟ်အရှင်မြတ်က မိမိအတွက်သာ သီးသန့်သတ်မှတ်ထားသည့်အကွယ်၏အသိပညာကို သိနားလည်ကြောင်း ကြွေးကြော်ခြင်းဖြစ်ပြီး ထိုလုပ်ရပ်များသည် အကီဒဟ် ယုံကြည်ချက်နှင့် အသိတရားတို့ကို ပျက်စီးစေသည်။ မည်သူမဆို ထိုလုပ်ရပ်များအနက် တစ်မျိုးမျိုးအား ပြုလုပ်သူကို ထောက်ခံခဲ့ပါက ၎င်းသည် ထိုသို့သော အမိုက်ခေတ်လုပ်ရပ်များကို ပယ်ဖျက်ပြီး အသိတရားကို ကာကွယ်ထိန်းသိမ်းပေးသည့် အလ္လာဟ်အရှင်မြတ်၏ ဝဟီ ဗျာဒိတ်တော်ကို ငြင်းပယ်သူပင်ဖြစ်သည်။ ထိုလုပ်ရပ်များတွင် အချို့သူများပြုလုပ်ကြသည့် လက္ခဏာဖတ်ခြင်း၊ခွက်ဖြင့် အနာဂတ်ဟောခြင်း၊ လူတစ်ဦး၏ ပျော်ရွှင်မှု စိတ်ဆင်းရဲမှုတို့သည် ၎င်း၏ ဇာတာခွင်နှင့် ဆက်စပ်နေသည်ဟု ယုံကြည်ခြင်း စသည်တို့လည်း ပါဝင်သည်။ အိမာမ် ဗဂဝီနှင့် အိမာမ် အစ်ဗ်နု သိုင်မိယဟ် နှစ်ပါးက အကြားအမြင်ဆရာ၊ ဗေဒင်လက္ခဏာဆရာ၊ နက္ခတ်ဗေဒဆရာနှင့် သဲပေါ်တွင် အရုပ်ရေးခြစ်ဟောသည့်ဆရာ စသည်တို့၏အဓိပ္ပါယ်ကို ရှင်းလင်းတင်ပြရာ၌ အကွယ်ရှိအကြောင်းအရာ တစ်ခုခုအားသိသည်ဟု ကြွေးကြော်သူတိုင်းသည် ရှေ့ဖြစ်ဟောဆရာ သို့မဟုတ် ၎င်းနှင့်အလားတူ အမျိုးအစားတွင် ပါဝင်ကြောင်းထည့်သွင်းရှင်းပြခဲ့ကြသည်။ ရှေ့ဖြစ်ဟောဆရာဆိုသည်မှာ မလာအိကဟ်တို့ထံမှ ခိုးနားထောင်လာသော ရှိုင်ဿွာန်များထံမှ သတင်းများကိုရယူ၍ အနာဂတ်ဟောသူကို ခေါ်ဆိုသည်။

فوائد الحديث

အကွယ်အကြောင်းအရာများကို သိသည်ဟု ကြွေးကြော်ခြင်းအား တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သောင်ဟီးဒ်တရားတော်ကို ပျက်စီးစေသည်။

ဗေဒင်၊လက္ခဏာနှင့် အကွယ်အကြောင်းအရာများ ဟောကြားသူကို ထောက်ခံခြင်းသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှု ဖြစ်သည့်အတွက် တားမြစ်ထားသည်။

ဗေဒင်လက္ခဏာဆရာနှင့် ၎င်းတို့ကဲ့သို့ အကွယ်အကြောင်းအရာဟောကြားသူများကို ငြင်းပယ်ရန် တာဝန်ရှိသည်။ ထို့အတူ ၎င်းတို့နှင့် ၎င်းတို့၏ ပညာရပ်များမှ ဝေးဝေးနေရန် တာဝန်ရှိသည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ပေါ်သို့ ချပေးခဲ့သည့် အရာများကို စွဲမြဲစွာ နာခံကျင့်သုံးပြီး ၎င်းနှင့် ဆန့်ကျင်ဘက်အရာများကို စွန့်ပယ်ရမည်။

အတိတ်နမိတ်ဆိုးကောက်ခြင်း၊ ဂျာဒူပယောဂပြုခြင်း၊ ဗေဒင်လက္ခဏာကြည့်ခြင်းတို့အား တားမြစ်ထားသည်။

ထိုကိစ္စ သုံးမျိုးစလုံးအား လုပ်ခိုင်းခြင်းကိုလည်း တားမြစ်ထားသည်။

ကုရ်အာန်ကျမ်းမြတ်သည် ကောင်းကင်ကျ ကျမ်းဖြစ်ပြီး အဖန်ဆင်းခံ မဟုတ်ပါ။

التصنيفات

အစ္စလာမ်ပျက်စေသောအရာများ။, အစ္စလာမ်ပျက်စေသောအရာများ။, အမိုက်ခေတ်ဆိုင်ရာ မဆ်အလဟ်များ။, အမိုက်ခေတ်ဆိုင်ရာ မဆ်အလဟ်များ။