အစ္စလာမ်ပျက်စေသောအရာများ။

အစ္စလာမ်ပျက်စေသောအရာများ။

1- အတိတ်နိမိတ်ဆိုးကောက်သူ၊ အတိတ်နိမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူ၊ * အထုံးအဖွဲများ ထုံးဖွဲ့ပေးသူတို့သည် ငါကိုယ်တော်၏ နောက်လိုက်သားတိုအနက်မှ မဟုတ်ပေ။ အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။

5- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟုဒိုင်ဗီယဟ်တွင် ညဘက်မိုးရွာသွန်းပြီးနောက် ကျွန်တော်တို့အား ဦးဆောင်ကာ ဖဂျရ်ဆွလာသ်ကို ဆောက်တည်ပေးတော်မူသည်။ ကိုယ်တော်သည် ဆွလာသ်ပြီးနောက် လူတို့ဘက်သို့လှည့်တော်မူပြီး @ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။ * အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူသည် ငါအရှင်မြတ်ကို ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် (မိုးရွားသွန်းသည်)ဟု ပြောဆိုသူသည်ငါအရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။