إعدادات العرض
မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင်…
မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский اردو 中文 हिन्दी বাংলা ئۇيغۇرچە Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands Türkçe Hausa دری Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Tagalog Wolof Azərbaycanالشرح
အကွယ်အကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်က မိမိတစ်ပါးတည်းအတွက်သာ သီးသန့် သတ်မှတ်ထားသဖြင့် ထိုလျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန် ကြိုးစားမှုတိုင်းကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က တားမြစ်တော်မူခဲ့သည်။ ထိုတားမြစ်ချက်တွင် ကောင်းကင်ဆိုင်ရာ အခြေအနေများကို အသုံးပြု၍ မြေပထဝီ၌ (အကောင်း၊အဆိုး)အဖြစ်အပျက်များကို ခန့်မှန်းသည့် နက္ခတ်ဗေဒ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်လည်းပါဝင်သည်။ ထို့ကြောင့် ထိုပညာရပ်ကိုသင်ယူခြင်းသည် ဂျာဒူပယောဂ ပညာရပ်အမျိုးအစား တစ်မျိုးကို သင်ယူခြင်းပင်ဖြစ်ကြောင်း ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ လူသားတွင် ထိုပညာရပ်တိုးလာသည့်နှင့်အမျှ ဂျာဒူပယောဂအတတ်လည်း တိုးလာမည်ဖြစ်သည်။فوائد الحديث
ကြယ်တာရာများ၊ ဂြိုလ်များ၏ အခြေအနေပေါ်မူတည်၍ အနာဂတ်အကြောင်း ဟောကြားသည့် နက္ခတ်ဗေဒ ပညာရပ်အား တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဟောကြားခြင်းသည် အကွယ်၏ အသိပညာရှိကြောင်း ကြွေးကြော်ခြင်းပင်ဖြစ်သည်။
နက္ခတ်ဗေဒ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်သည် ဂျာဒူပယောဂ အမျိုးအစားအနက်မှပင်ဖြစ်ပြီး သောင်ဟီးဒ်တရားတော်နှင့် ဆန့်ကျင်သည်။
နက္ခတ်ဗေဒ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်ကို ပို၍ သင်ယူလာသည်နှင့်အမျှ ဂျာဒူပယောဂအတတ် သင်ယူမှုတိုးလာမည်ပင်ဖြစ်သည်။
ဂျာဒူပယောဂအတတ်တွင် အမျိုးအစားများစွာ ရှိသည်။
التصنيفات
အစ္စလာမ်ပျက်စေသောအရာများ။