إعدادات العرض
အို လူတို့ အသင်တို့သည် သာသနာရေး၌ အစွန်းရောက်ခြင်းကို ရှောင်ကြဉ်ကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင်…
အို လူတို့ အသင်တို့သည် သာသနာရေး၌ အစွန်းရောက်ခြင်းကို ရှောင်ကြဉ်ကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသူများသည် သာသနာရေးတွင် အစွန်းရောက်မှုကြောင့် ဖျက်စီးခြင်းခံခဲ့ရသည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့ပြောကြားခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ရှိုင်သွာန် ခဲပေါက်သည့်) အကဗဟ်နေ့ နံနက်တွင် မိမိ၏ကုလားအုတ်မပေါ်တွင် ရှိနေတော်မူသည်။ ကိုယ်တော်က ငါကိုယ်တော်အတွက် ခဲကောက်ပေးပါဟု မိန့်ကြားသဖြင့် ကျွန်တော်က လက်နှစ်ချောင်းဖြင့်ကိုင်၍ပစ်လို့ရသည့် အရွယ်အစားရှိသော ကျောက်ခဲခုနှစ်လုံးကို ကိုယ်တော့်အတွက် ကောက်ပေးခဲ့သည်။ ကိုယ်တော်သည် ၎င်းတို့ကို မိမိလက်ဖဝါးပေါ်တွင် လှုပ်ခတ်ကြည့်တော်မူပြီး မိန့်တော်မူသည်မှာ ဤအရွယ်များကိုသာ အသင်တို့ပစ်ကြပါ။ ထို့နောက် ဆက်လက် မိန့်ကြားတော်မူသည်မှာ အို လူတို့ အသင်တို့သည် သာသနာရေး၌ အစွန်းရောက်ခြင်းကို ရှောင်ကြဉ်ကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသူများသည် သာသနာရေးတွင် အစွန်းရောက်မှုကြောင့် ဖျက်စီးခြင်းခံခဲ့ရသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Kiswahili Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Hausa پښتو অসমীয়া دری Кыргызча or नेपाली മലയാളം Čeština Română Kinyarwanda Nederlands Soomaali తెలుగు Lietuvių Српски Українська Shqip ಕನ್ನಡ Wolof Moore ქართული Magyar Azərbaycan Македонски አማርኛ Malagasy Deutsch Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbek Italiano ភាសាខ្មែរالشرح
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြခဲ့သည်။ သူသည် ဟဂ်ျသုလ်ဝဒါအ်တွင် ဂျမရသုလ် အကဗဟ်ကို ခဲပေါက်သည့် ကုရ်ဗာနီနေ့ နံနက်ခင်းတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား ဂျမရသ်ကို ခဲပေါက်ရန် မိမိအတွက် ကျောက်စရစ်ခဲများကို ကောက်ယူရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့ကြောင့် သူသည် ကိုယ်တော့်အတွက် ကျောက်စရစ်ခဲ ခုနှစ်လုံးကို ကောက်ယူခဲ့ပြီး တစ်လုံးစီသည် ကုလားပဲလုံး သို့မဟုတ် သစ်အယ်သီးအရွယ်အစားခန့်ရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့ကို မိမိလက်ဖဝါးပေါ်တွင်တင်ကာ လှုပ်ခတ်ကြည့်တော်မူပြီး မိန့်ကြားတော်မူသည်မှာ- ဤအရွယ်အစားများဖြင့်သာ အသင်တို့ခဲပေါက်ကြပါ။ ထို့နောက် ဆက်လက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သာသနာရေးကိစ္စများတွင် ဘောင်ကျော်ခြင်း၊ အစွန်းရောက်ခြင်းတို့ကို ရှောင်ကြဉ်ကြရန် သတိပေးတားမြစ်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရှေးအွမ္မသ်သားတို့သည် သာသနာရးတွင် ဘောင်ကျာ်ခြင်း၊ အစွန်းရောက်ခြင်းတို့ကြောင့် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။فوائد الحديث
သာသနာတွင် အစွန်းရောက်ခြင်းကို တားမြစ်ထားပြီး ၎င်း၏ ဆိုးရွားသည့်ရလဒ်ကို ရှင်းပြထားသည်။ အစွန်းရောက်ခြင်းသည် ပျက်စီးမှု၏ အကြောင်းခံပင်ဖြစ်သည်။
ရှေးအွမ္မသ်များ ပြုလုပ်ခဲ့သည့် အမှားများမှ ရှောင်ကြဉ်နိုင်ရန် ၎င်းတို့၏ဖြစ်ရပ်များမှ သံဝေဂယူရမည်။
စွန္နဟ်ကိုနောက်လိုက်ရန် တိုက်တွန်းထားသည်။
التصنيفات
အမိုက်ခေတ်ဆိုင်ရာ မဆ်အလဟ်များ။