إعدادات العرض
အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ်…
အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ် လည်းကောင်း၊မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ် လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။
အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မုသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်- အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ် လည်းကောင်း၊မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ် လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။
الترجمة
العربية অসমীয়া Indonesia Kiswahili Tagalog Tiếng Việt ગુજરાતી Nederlands සිංහල Hausa پښتو नेपाली Кыргызча മലയാളം English Svenska Română Kurdî Bosanski తెలుగు ქართული Moore Српски Magyar اردو Português Македонски Čeština فارسی Русский Українська हिन्दी Azərbaycan አማርኛ Malagasy Kinyarwanda Wolof ไทย मराठी ਪੰਜਾਬੀ دری Türkçe বাংলা ភាសាខ្មែរ Lietuvių ಕನ್ನಡ Oromoo Deutsch Shqip 中文 தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မိမိ၏ အီမာန်ယုံကြည်မှုတွင် အစစ်အမှန်ယုံကြည်သူ၊ မိမိ၏စိတ်နှလုံးသည် ထိုအီမာန် ယုံကြည်မှုနှင့်ပင် နှစ်သိမ့် ကျေနပ်နေသူသည် အောက်ပါအချက်သုံးချက်ကို ကျေနပ်လက်ခံပါက သူ၏စိတ်နှလုံးထဲတွင် စိတ်ရှင်းလင်းကျယ်ပြန့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်ရသည့် အရသာကို ခံစားရလိမ့်မည်။ ၎င်းတို့မှာ- ပထမအချက် - အလ္လာဟ်အရှင်မြတ်အား မိမိ၏ အရှင်သခင်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အရှင်မြတ်၏ ဖန်ဆင်းရှင်အရှင်သခင် အဖြစ်နှင့်ဆိုင်သော ဆန္ဒအရ ချမှတ်ပေးအပ်သည့် ရိက္ခာ၊ အခြေအနေအရပ်ရပ်တို့နှင့်ပတ်သတ်၍ ၎င်း၏ စိတ်နှလုံးသားသည် ကျေနပ် လက်ခံခြင်း၊ ဤကိစ္စနှင့်စပ်လျဉ်း၍ စိတ်နှလုံးသားထဲတွင် မကျေနပ်မှု သို့မဟုတ် ကန့်ကွက်စရာ တစ်စုံတစ်ရာမျှမရှိခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာကို အရှင်သခင်အဖြစ် ပြုလုပ်ရန် ရှာဖွေခဲ့ခြင်းမရှိခြင်းတို့ ဖြစ်သည်။ ဒုတိယအချက် - အစ္စလာမ်ကို သာသနာအဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အစ္စလာမ်သာသနာတွင် ရှိသည့် ပညတ်ချက်များနှင့် တာဝန်ဝတ္တရားများနှင့်ပတ်သတ်၍ သူ၏စိတ်နှလုံးသားသည် ဝမ်းမြောက်ဝမ်းသာစွာ လက်ခံကျင့်သုံးခြင်းနှင့် အစ္စလာမ်မှအပ အခြားလမ်းစဉ်ကို ရှာဖွေခြင်း မပြုခြင်းတို့ ဖြစ်သည်။ တတိယအချက် - တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ယူဆောင်လာသမျှအားလုံးကို သံသယ သို့မဟုတ် ဇဝေဇဝါမဖြစ်ဘဲ သူ၏စိတ်နှလုံးသားသည် ကျေနပ်ဝမ်းမြောက်စွာ လက်ခံသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လမ်းညွှန်မှုနှင့် ကိုက်ညီသည်နည်းလမ်းမှလွဲ၍ အခြားသောနည်းလမ်းကို လိုက်နာကျင့်သုံးခြင်း မရှိပေ။فوائد الحديث
အီမာန်ယုံကြည်မှုတွင် ချိုမြိန်မှုနှင့် အရသာရှိသည်။ အစားအသောက်များ၏ ချိုမြိန်မှုနှင့် အရသာကို ပါးစပ်ဖြင့် မြည်းစမ်းရသကဲ့သို့ အီမာန်ယုံကြည်မှု၏ ချိုမြိန်မှုနှင့် အရသာကိုလည်း စိတ်နှလုံးသားဖြင့် မြည်းစမ်းခံစားရသည်။
ခန္ဓာကိုယ်သည် အစားအသောက်များ၏ ချိုမြိန်မှုကို ကျန်းမာနေစဉ်အခါမှသာ ခံစားနိုင်သကဲ့သို့၊ စိတ်နှလုံးသားသည်လည်း လမ်းမှားသို့ ပို့ဆောင်သော အလိုဆန္ဒများနှင့် တားမြစ်ထားသော အလိုရမက်များမှ ကင်းစင်နေမှသာလျှင် အီမာန်ယုံကြည်မှု၏ ချိုမြိန်မှုကို ခံစားနိုင်မည်ဖြစ်သည်။ မည်သည့်အခါ စိတ်နှလုံးသားသည် နာမကျန်းဖြစ်မလည်း၊ ထိုအခါတွင် အီမာန်ယုံကြည်မှု၏ ချိုမြိန်မှုကိုလည်း ခံစားနိုင်မည်မဟုတ်တော့ဘဲ၊ မိမိကိုယ်ကို ပျက်စီးစေသော စိတ်အလိုရမက်များနှင့် မကောင်းမှုဒုစရိုက်များကို ချိုမြိန်သည်ဟု ထင်မှတ်လာတတ်သည်။
လူသားသည် တစ်စုံတစ်ရာကို နှစ်သက်ကျေနပ်ပြီး ကောင်းမြတ်သည်ဟု မှတ်ယူလိုက်သောအခါ၊ ထိုကိစ္စသည် သူ့အတွက် လွယ်ကူသွားတတ်သည်။ ၎င်းမှလာသော အရာတစ်ခုတလေမျှပင် သူ့အတွက် အခက်အခဲဒုက္ခ မဖြစ်တော့ပေ။ ထိုကိစ္စမှ ဖြစ်ပေါ်လာသော အရာတိုင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံတတ်သည်။ ထိုသာယာငြိမ့်ညောင်းမှုသည် သူ၏ စိတ်နှလုံးသားနှင့် ရောယှက်သွားသည်။ အလားတူပင်၊ မုအ်မင်န်ယုံကြည်သူတစ်ဦး၏ စိတ်နှလုံးသားထဲသို့ အီမာန်ယုံကြည်မှု ဝင်ရောက်လာသောအခါ၊ သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ နာခံမှုသည် သူ့အတွက် လွယ်ကူသွားပြီး သူ၏နဖ်စ် (စိတ်နှလုံးသား)အတွက်လည်း ချိုမြိန်တပ်မက်ဖွယ်ဖြစ်လာကာ ထိုနာခံမှုကို ကျင့်သုံးရန် သူ့အတွက် ခက်ခဲခြင်းမရှိတော့ပေ။
အိဗ်နုလ် ကိုင်ယ်ယင်မ်ကဤသို့ဆိုသည် - ဤဟဒီးဆ်တော်သည် အလ္လာဟ်အရှင်မြတ်အား အရှင်သခင်အဖြစ်နှင့် ကိုးကွယ်ရာအရှင်အဖြစ်ကို ကျေနပ်နှစ်သက်လက်ခံခြင်း၊ အရှင်မြတ်၏ ရစူလ်တမန်တော်ကို ကျေနပ်နှစ်သက်လက်ခံပြီး နာခံခြင်း၊ အရှင်မြတ်၏ သာသနာတော်ကို ကျေနပ်နှစ်သက်လက်ခံပြီး နာခံအပ်နှံခြင်းတို့ကို ပေါင်းစပ်ဖော်ပြထားသည်။
