“ငါကိုယ်တော်မြတ်အပေါ်၌ ဤကဲ့သို့သော အာယတ်တော်များ ချပေးတော်မူခြင်းခံရသည်။ ယင်းတို့၏ ပမာတူကို…

“ငါကိုယ်တော်မြတ်အပေါ်၌ ဤကဲ့သို့သော အာယတ်တော်များ ချပေးတော်မူခြင်းခံရသည်။ ယင်းတို့၏ ပမာတူကို ယခင်ကမည်သည့်အခါမျှ မတွေ့မြင်ဖူးပေ။ ၎င်းတို့မှာ ‘အလ်-မုအောင်ဝ်ဝိဇ်သိုင်းန်’ (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) ဖြစ်သည်။”

အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ငါကိုယ်တော်မြတ်အပေါ်၌ ဤကဲ့သို့သော အာယတ်တော်များ ချပေးတော်မူခြင်းခံရသည်။ ယင်းတို့၏ ပမာတူကို ယခင်ကမည်သည့်အခါမျှ မတွေ့မြင်ဖူးပေ။ ၎င်းတို့မှာ ‘အလ်-မုအောင်ဝ်ဝိဇ်သိုင်းန်’ (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) ဖြစ်သည်။”

[صحيح] [رواه مسلم]

الشرح

အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူ့အား ဤသို့မိန့်ကြားတော်မူခဲ့သည်− “အလ္လာဟ်အရှင်မြတ်သည် ယနေ့ည၌ ငါကိုယ်တော့်ထံ အာယသ်တော်များကို ချပေးတော်မူခဲ့သည်။ ယင်းတို့၏ပမာတူကို ယခင်ကမည်သည့်အခါမျှ မတွေ့မြင်ဖူးပေ။ (ခိုလှုံခွင့်တောင်းခံခြင်းနှင့်ပတ်သတ်၍ ချပေးတော်မူခဲ့သည့် စူရဟ်နှစ်ပုဒ်ကို ဆိုလိုသည် ) ၎င်းတို့မှာ ‘အလ်-မုအောင်ဝ်ဝိဇ်သိုင်းန်’ (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) ဖြစ်သည်။

فوائد الحديث

၂။ ဤစူရဟ်နှစ်ခု၏ အကျိုး

ကျေးဇူးကြီးမားပုံကို ရှင်းလင်းတင်ပြထားခြင်း။

၃။ ဤစူရဟ်နှစ်ခုဖြင့် အလ္လာဟ်အရှင်မြတ်ထံ မကောင်းမှုအပေါင်းမှ အကာအကွယ်တောင်းခံရန် တိုက်တွန်းထားခြင်း။

التصنيفات

အာယာသ်များနှင့် စူရဟ်များ၏ ထွတ်မြတ်မှုများ။