إعدادات العرض
ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်)…
ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။
အဗူအဗ်ဒုလ္လာဟ် နုအ်မားန် ဗင်န် ဗရှီးရ် ( ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကိုကြားခဲ့သည်။ « ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။ ထိုနှစ်ခုအကြား၌ သံသယဖြစ်ဖွယ် ကိစ္စရပ်များရှိပြီး ၎င်းတို့ကို များစွာသောလူတို့မသိကြပေ။ ထို့ကြောင့် မည်သူမဆို သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှောင်ကြဉ်မည်ဆိုပါက မိမိ၏သာသနာနှင့် သိက္ခာကို ထိန်းသိမ်းလိုက်ခြင်းပင်ဖြစ်သည်။ အကြင်သူသည် သံသယဖြစ်ဖွယ် ကိစ္စရပ်များတွင် ကျရောက်သွားပါက ထိုသူသည် ဟရာမ် သို့ကျရောက်သွားမည်ဖြစ်သည်။ (ထိုသူ၏ပမာသည်)၊ တားမြစ်ထားသော စားကျက်အနီးတွင် မိမိသိုး၊ဆိတ်တို့ကို ကျောင်းသည့် (ဆိတ်)ကျောင်းသားကဲ့သို့ဖြစ်ပြီး ၎င်းသည် ထို(တားမြစ်ထားသောစားကျက်)ထဲသို့ ကျရောက်ရန် နီးကပ်သွားပြီဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ် ဘုရင်တိုင်းတွင် (ကိုယ်ပိုင်) သီးသန့်တားမြစ် နယ်နိမိတ် ရှိကြလေသည်။ သတိပြုကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ တားမြစ်နယ်နိမိတ်သည် အရှင်မြတ်တားမြစ်ထားသည့် (ဟရာမ်) အရာများပင်ဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ်ပင် ခန္ဓာကိုယ်တွင် အသားတုံးတစ်တုံးရှိသည်။ ထိုအသားတုံး မှန်ကန်ကောင်းမွန်လျှင် ခန္ဓာကိုယ်တစ်ခုလုံး မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ထိုအသားတုံး ပျက်စီးလျှင် ကိုယ်ခန္ဓာတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ သတိပြုကြလေကုန်။ ထိုအရာသည် နှလုံးသားပင်ဖြစ်သည်။»
الترجمة
العربية Español አማርኛ English اردو Indonesia ئۇيغۇرچە বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Nederlands ગુજરાતી Кыргызча नेपाली Yorùbá Lietuvių دری Српски Soomaali тоҷикӣ Kinyarwanda Română Magyar Čeština Moore Malagasy Fulfulde Italiano Oromoo ಕನ್ನಡ Wolof Български Azərbaycan Ελληνικά Akan O‘zbek Українська ქართული Lingala Македонски ភាសាខ្មែរ Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayu Yaoالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရေးကိစ္စများနှင့် ပတ်သက်၍ ယေဘုယျစည်းမျဉ်းတစ်ခုကို ရှင်းပြတော်မူခဲ့သည်။ ဧကန်အမှန်ပင် ရှရီအဟ်တရားဥပဒေ၌ အမျိုးအစား သုံးမျိုးပါရှိသည်။ ၎င်းတို့မှာ- ၁။ ရှင်းလင်းထင်ရှားသည့် (ဟလာလ်) ခွင့်ပြုထားသောအရာများ' ၂။ ရှင်းလင်းထင်ရှားသည့်(ဟရာမ်) တားမြစ်ထားသော အရာများ' ၃။ ဟလာလ်၊ ဟရာမ်နှင့်ပတ်သက်၍ ရှင်းလင်းထင်ရှားသည့် အမိန့်တစ်စုံတစ်ရာ မသိရသော သံသယဖြစ်ဖွယ်ကိစ္စရပ်များဖြစ်ပြီး ၎င်းနှင့်ပတ်သက်သည့် အမိန့်ပညတ်ချက်ကို လူအများစုက မသိနားမလည်ကြပေ။ ထိုသံသယဖြစ်ဖွယ်ရာများကို စွန့်လွှတ်လိုက်သူသည် ဟရာမ် ထဲသို့ကျရောက်ခြင်းမှ ကင်းဝေးကာ မိမိသာသနာနှင့်ပတ်သက်၍ ငြိမ်းချမ်းမှုရရှိသွားမည်ဖြစ်သည်။ ထိုသံသယဖြစ်ဖွယ်ကိစ္စကို ကျူးလွန်မိသည့်အတွက် လူများ၏ ပြစ်တင်ပြောဆိုခြင်းမှလည်း မိမိ၏သိက္ခာကို ထိန်းသိမ်းရာ ရောက်ပေသည်။ သံသယဖြစ်ဖွယ်ရာများကို မရှောင်ကြဥ်သူသည် မိမိကိုယ်မိမိ ဟရာမ်ထဲသို့ကျရောက်အောင် သို့မဟုတ် မိမိ၏သိက္ခာကို အခြားသူများက ထိပါးစော်ကားအောင် လုပ်လိုက်ခြင်းပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သံသယဖြစ်ဖွယ်ရာများကို ကျူးလွန်သူ၏ အခြေအနေကို မြေပိုင်ရှင်က တားမြစ်ထားသော နယ်မြေအနီး၌ မိမိ၏ ကုလားအုတ် သို့မဟုတ် သိုး၊ ဆိတ်တို့ကို ကျောင်းသည့် ဆိတ်ကျောင်းသားနှင့်တူသည်ဟု ပမာပေးထားတော်မူသည်။ သို့ဖြစ်၍ ထိုဆိတ်ကျောင်းသား၏ တိရစ္ဆာန်များသည် ၎င်းတားမြစ်ထားသော နယ်မြေနှင့် နီးကပ်နေသောကြောင့် ထိုနယ်မြေထဲသို့ ရောက်လုနီးပါးဖြစ်သွားသည်။ ဤနည်းအတိုင်းပင် သံသယဖြစ်ဖွယ်ရာများကို ကျူးလွန်သူသည် ထိုသို့ကျူးလွန်လိုက်သည့်အတွက် ထင်ရှားသော ဟရာမ်နှင့် နီးကပ်သွားပြီး ၎င်းသို့ ကျရောက်လုနီးပါး ဖြစ်သွားပေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ခန္ဓာကိုယ်ထဲတွင် အသားတုံးတစ်တုံး(နှလုံးသား) ရှိပြီး ၎င်းမှန်ကန်နေသ၍ ခန္ဓာကိုယ်လည်း မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ၎င်းပျက်စီးသွားပါက ခန္ဓာကိုယ်လည်း ပျက်စီးသွားမည်ဖြစ်သည်။فوائد الحديث
ဤဟဒီးစ်သည် သံသယဖြစ်ဖွယ်ရှိသည့် အရာများကို ရှောင်ကြဉ်ရန် အခြေခံမူတစ်ရပ်ဖြစ်သည်။
အမိန့်ပညတ်ချက် ပေါ်လွင်ထင်ရှားခြင်းမရှိသော သံသယဖြစ်ဖွယ်ကိစ္စရပ်များကို စွန့်လွှတ်ရန် တိုက်တွန်းထားသည်။
