إعدادات العرض
“ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍…
“ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍ ထိုတိရစ္ဆာန်များထဲမှ သင်တို့ကို လွှမ်းမိုးသော(ထိန်းချုပ်မရသော) တိရစ္ဆာန်ကို ဤနည်းအတိုင်း ပြုလုပ်ကြလော့”
ရာဖိအ် ဗင်န် ခုဒိုင်ဂျ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဇုဟ်ဟုလိုင်ဖဟ်အရပ်တွင် ရှိနေခဲ့ကြသည်။ ထိုအချိန် လူတို့သည် ဆာလောင်မွတ်သိပ်လာကျလေသည်။ သူတို့သည် ကုလားအုတ်နှင့် သိုး၊ဆိတ်အချို့ကို (သုံ့ပန်းပစ္စည်းများအဖြစ် မုရှ်ရိက်တို့ထံမှ) ရရှိခဲ့ကြသည်။ (ရာဖိအ် က) ဆိုသည်- တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့၏နောက်တန်းအုပ်စုထဲတွင် ရှိနေခဲ့၏။ ထိုအခါ (ရှေ့ကလူများက သုံ့ပန်းပစ္စည်းများကို မခွဲဝေခင်အလျင် ထိုသားကောင်များကို) အလျင်စလိုဇဗဟ်ပြုလုပ်သတ်ဖြတ်ခဲ့ကြသည်။ အိုးများကိုလည်း (မီးဖိုပေါ်) တည်ခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က အိုးများကို မှောက်ပစ်ရန် အမိန့်ပေးတော်မူသဖြင့် မှောက်ပစ်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်သည် (သုံ့ပန်းပစ္စည်းများကို) ခွဲဝေပေးတော်မူပြီး သိုးဆယ်ကောင်ကို ကုလားအုပ်တစ်ကောင်နှင့် ညီမျှသည်ဟု သတ်မှတ်တော်မူသည်။ ထိုကုလားအုတ်များထဲမှ တစ်ကောင်သည် ထွက်ပြေးသွားသဖြင့် လိုက်ရှာကြသော် လည်း ၎င်းတို့သည် ပင်ပန်းမှုသာ အဖတ်တင်ခဲ့ကြပြီး (မဖမ်းမိနိုင်ခဲ့ချေ။) လူတို့၌ မြင်းများမှာလည်း အနည်းငယ်သာရှိ၏။ ထိုအခါ သူတို့ထဲမှ လူတစ်ဦးက ထိုကုလားအုတ်ကို မြားဖြင့် ပစ်လိုက်သော် အလ္လာဟ်အရှင်မြတ်က ထိုကုလားအုတ်ကို ထိန်းချုပ်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က “ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍ ထိုတိရစ္ဆာန်များထဲမှ သင်တို့ကို လွှမ်းမိုးသော(ထိန်းချုပ်မရသော) တိရစ္ဆာန်ကို ဤနည်းအတိုင်း ပြုလုပ်ကြလော့”ဟု မိန့်တော်မူသည်။ ထိုအခါ (ရာဖိအ်) က လျှောက်ထားခဲ့သည်- ကျွန်တော်မျိုးတို့သည် မနက်ဖြန် ရန်သူနှင့် ရင်ဆိုင်ရန် မျှော်လင့်ရပါသည်။ (သို့မဟုတ် စိုးရိမ်နေရပါသည်။) ကျွန်တော်မျိုးတို့တွင် ဓားများလည်းမရှိပါ။ ထို့ကြောင့် ကျွန်တော်မျိုးတို့သည် သားကောင်ကို ဝါးဖြင့် ဇဗဟ်ပြုလုပ်လို့ ရပါမည်လော။ ထိုအခါ တမန်တော်မြတ်က “သွေးကို ယိုစီးစေပြီး အလ္လာဟ်အရှင်၏ နာမတော်ကို ရွတ်ဆိုတသခြင်းခံရလျှင် ထိုသတ္တဝါကို အသင်တို့ စားကြလော့။ သို့သော် သွားနှင့် လက်သည်းခြေသည်းတို့ဖြင့် ဇဗဟ်မပြုလုပ်ရ။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး အသင်တို့အား ငါကိုယ်တော်ပြောပြမည်- သွားသည် အရိုးဖြစ်၏။ လက်သည်းများမှာ ဟဗ်ရှီလူမျိုးတို့၏ ဓားများဖြစ်သည်”။
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Tagalog Türkçe اردو 中文 हिन्दी Français ئۇيغۇرچە Hausa Português മലയാളം Kurdî Русский Tiếng Việt Nederlands Kiswahili অসমীয়া ગુજરાતી සිංහල Magyar ქართული Română ไทย मराठी ភាសាខ្មែរ دری አማርኛ Македонски తెలుగు Українська ਪੰਜਾਬੀ Moore ಕನ್ನಡ پښتوالشرح
ရာဖိအ် ဗင်န် ခုဒိုင်ဂျ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်– သူတို့သည် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဇုဟ်ဟုလိုင်ဖဟ်အရပ်တွင် ရှိနေခဲ့ကြသည်။ ထိုအချိန် လူတို့သည် ဆာလောင်မွတ်သိပ်လာကျလေသည်။ သူတို့သည် ကုလားအုတ်နှင့် သိုး၊ဆိတ်အချို့ကို သုံ့ပန်းပစ္စည်းများအဖြစ် မုရှ်ရိက်တို့ထံမှ ရရှိခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် သုံ့ပန်းပစ္စည်းများကို မခွဲဝေခင်အလျင် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ခွင့်မတောင်းဘဲ ထိုသားကောင်များကို အလျင်စလိုဇဗဟ်ပြုလုပ်သတ်ဖြတ်ခဲ့ကြသည်။ အိုးများကိုလည်း (မီးဖိုပေါ်) တည်ခဲ့ကြသည်။ ထိုအချိန်၌ တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့၏နောက်ဆုံတန်းတွင် (၎င်းတို့နှင့်အတူ) သွားနေ၏။ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုကိစ္စကို သိတော်မူသောအခါအိုးများကို မှောက်ပစ်ရန် အမိန့်ပေးတော်မူသဖြင့် အိုးများကို ဟင်းရည်များပါမကျန် သွန်မှောက်ပစ်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်သည် သုံ့ပန်းပစ္စည်းများကို ၎င်းတို့ကြားတွင် ခွဲဝေပေးတော်မူပြီး သိုးဆယ်ကောင်ကို ကုလားအုပ်တစ်ကောင်နှင့် ညီမျှသည်ဟု သတ်မှတ်တော်မူသည်။ ထိုကုလားအုတ်များထဲမှ တစ်ကောင်သည် ထွက်ပြေးသွားသဖြင့် လိုက်ရှာကြသော်လည်း မဖမ်းမိနိုင်ခဲ့ချေ။ မြင်းများမှာလည်း အနည်းငယ်သာရှိ၏။ ထိုအခါ သူတို့ထဲမှ လူတစ်ဦးက ထိုကုလားအုတ်ကို မြားဖြင့် ပစ်လိုက်သော် အလ္လာဟ်အရှင်မြတ်က ထိုကုလားအုတ်ကို ၎င်းတို့အဖို့ ထိန်းချုပ်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍ ထိုတိရစ္ဆာန်များထဲမှ သင်တို့ကို လွှမ်းမိုးသော၊ သင်တို့ထိန်းချုပ်မရသော တိရစ္ဆာန်ကို ဤနည်းအတိုင်း ပြုလုပ်ကြလော့။ ထိုအခါ (ရာဖိအ်) က လျှောက်ထားခဲ့သည်- ကျွန်တော်မျိုးတို့သည် မနက်ဖြန် ရန်သူနှင့် ရင်ဆိုင်ရန် မျှော် လင့်ရပါသည်။ ကျွန်တော်မျိုးတို့၏ လက်နက်များကို သားကောင်အား ဇဗဟ်ပြုလုပ်သတ် ဖြတ်ခြင်းဖြင့် ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်ပါသည်။ သို့သော် လည်း ဇဗဟ်ပြုသတ်ဖြတ်ရန်အတွက်(ဓားကို) အလွန်လိုအပ်နေပါသည်။ ကျွန်တော်မျိုးတို့တွင် ဓားမရှိပါ။ ထို့ကြောင့် ကျွန်တော်မျိုးတို့သည် သားကောင်ကို အခေါင်း ပေါက်ပါသောဝါးဖြင့် ဇဗဟ်ပြုလုပ်လို့ ရပါမည်လော။ ထိုအခါ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က သွေးကို များစွာယိုစီးစေပြီး အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ရွတ်ဆိုတသ၍ သတ်ခြင်းခံရလျှင် ထိုသတ္တဝါကို အသင်တို့ စားကြလော့။ သို့သော် သွားနှင့် လက်သည်း ခြေသည်းတို့ဖြင့် ဇဗဟ်မပြုလုပ်ရ။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး အသင်တို့အား ငါကိုယ်တော်ပြောပြမည်- သွားသည် အရိုးဖြစ်၏။ လက်သည်းခြေသည်းများမှာ ကာဖိရ်ဟဗ်ရှီ(ကပ္ပလီ) လူမျိုးများ အသုံးပြုကြသော ဓားများဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့သည်။فوائد الحديث
၁။ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ နှိမ့်ချမှုကို ဖော်ပြချက်- ကိုယ်တော်သည် စစ်တပ်၏နောက်မှ သွား၍ မိမိ၏အပေါင်းအဖော်များကို ကြည့်ရှုစောင့်ရှောက်တော်မူခြင်း၊ သူတို့၏အခြေအနေကို စစ်ဆေးမေးမြန်းတော်မူခြင်း၊ မိမိ၏တပည့်သားချင်းစွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟွမ်)တို့ ၏ အကြံပေးစကားကို လက်ခံတော်မူခြင်းတို့ဖြင့် မိမိ၏နှိမ့်ချသော စိတ်ထားတော်ကို ပြသတော်မူခြင်း။
၂။ ခေါင်းဆောင်က မိမိ၏ ပြည်သူနှင့် စစ်သားများကို ဆုံးမခြင်း- တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိထံ ခွင့်မတောင်းဘဲ အလျင်စလိုပြုမူကြသော မိမိ၏
နောက်လိုက်များကို ဆုံးမတော်မူခဲ့သည်။ ထို့ကြောင့် သူတို့၏အပြစ်ဒဏ်မှာ သူတို့အလိုရှိရာကို လက်လွှတ်ဆုံးရှုံးခံရခြင်းပင်ဖြစ်သည်။
၃။ စွဟာဗဟ်သာဝကကြီးများ (ရဿွိယလ္လာဟုအန်ဟွမ်)၏ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အမိန့်ကို ချက်ချင်းနာခံကြခြင်း။
၄။ ဂနီမသ် (စစ်မြေပြင်မှရရှိသော သုံ့ပန်းပစ္စည်း)ကို ခွဲဝေခြင်းမပြုမီ ယူဆောင်ခြင်းမှ တားမြစ်ခြင်း။
၅။ တရားမျှတမှုရှိရန်၊ အထူးသဖြင့် ရန်သူများနှင့် ကာဖိရ်များကို ရင်ဆိုင်တိုက်ခိုက်ရာနေရာ၌ တရားမျှတမှုရှိရန် (အရေးကြီးသည်။) အဘယ်ကြောင့်ဆိုသော် ယင်းသည် ရန်သူများကို အောင်နိုင်မှုရရှိစေပြီး လွှမ်းမိုးနိုင်ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သောကြောင့်တည်း။
၆။ အိမာမ်နဝဝီက မိန့်ဆိုသည်– အိမ်မွေးတိရစ္ဆာန်တစ်ကောင်သည် အရိုင်းစိတ်ပေါက်သွားပါက ဥပမာ- ကုလားအုတ်၊ နွား၊ မြင်း သို့မဟုတ် သိုးတစ်ကောင်သည် အရိုင်းစိတ်ပေါက်ပြီး ထွက်ပြေးသွားပါက၊ ၎င်းသည် အမဲလိုက်ခြင်း(တောရိုင်းတိရစ္ဆာန်၏) အမိန့်ကဲ့သို့ဖြစ်သွားပြီး၊ ၎င်းအား မြားဖြင့်ပစ်ခွင့်ရှိသည်။
တိရစ္ဆာန်အား စားသုံးခွင့်ရှိရန်အတွက် ၎င်းအား ဇဗဟ်ပြုလုပ်ရန် လိုအပ်သည်။ ဇဗဟ်ပြုလုပ်မည့် တိရစ္ဆာန်တွင်ရှိရမည့် စည်းကမ်းချက်များမှာ-
၁။ ၎င်းသည် စားသုံးရန် ဟလာလ်ဖြစ်ရမည်။
၂။ ၎င်းကို ထိန်းချုပ်နိုင်ရမည်။ ထိန်းချုပ်မရသော တိရစ္ဆာန်၏အမိန့်မှာ အမဲလိုက်ခြင်းကဲ့သို့ပင် ဖြစ်ပြီး (၎င်းအား မြားဖြင့်ပစ်ခွင့်ရှိသည်။)
၃။ ၎င်းသည် ကုန်းနေသတ္တဝါဖြစ်ရမည်။ ပင်လယ်သတ္တဝါအတွက် ဇဗဟ်ပြုလုပ်ရန် မလိုအပ်ပါ။
ဇဗဟ်ပြုလုပ်ခြင်း မှန်ကန်စေရန်အတွက် စည်းကမ်းချက်များ-
၁။ ဇဗဟ်ပြုလုပ်သူသည် ကျွမ်းကျင်ပိုင်နိုင်သူ၊ အသိဉာဏ်ရှိသူ၊ ဝေဖန်ပိုင်းခြားတတ်ပြီး မွတ်စ်လင်မ် သို့မဟုတ် ကေသာဗီ (ဂျူး သို့မဟုတ် ခရစ်ယာန်) ဖြစ်ရမည်။
၂။ ဇဗဟ်စတင်ပြုလုပ်ချိန်တွင် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို ရွတ်ဆိုရမည်။
၃။ ဇဗဟ်ပြုလုပ်မည့်ကိရိယာသည် ဇဗဟ်ပြုလုပ်ရန်သင့်လျော်မှုရှိရမည်။ သွားနှင့် ခြေသည်းလက်သည်းမှလွဲ၍ အခြားပစ္စည်းဖြင့် ပြုလုပ်ထားသော ချွန်ထက်သည့်ကိရိယာ ဖြစ်ရမည်။
၄။ ဇဗဟ်ပြုလုပ်မည့်နေရာ (သတ္တဝါ၏လည်ချောင်းနှင့် လည်ပင်းရှိသွေးပြန်ကြောများကို ဖြတ်ခြင်း) မှန်ကန်ရမည်။ ဆိုလိုသည်မှာ ထိန်းချုပ်နိုင်သော သတ္တဝါအတွက် အစာပြွန်၊ အသက်ရှူပြွန်နှင့် လည်ပင်းရှိသွေးပြန်ကြောနှစ်ခုကို ဖြတ်ရမည်။
التصنيفات
သတ်ဖြတ်ခြင်း။