إعدادات العرض
အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင်…
အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင် ထိုသူသည် ရှိရ်က်အမှုကို ကျူးလွန်ခြင်းဖြစ်သည်။ သာဝကြီးများက ထိုပြစ်မှုအတွက် အပြစ်ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်) မှာအဘယ်အရာပါနည်း ဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က အောက်ပါအတိုင်း တောင်းဆုပြုရန် မိန့်ကြားတော်မူသည်။ ( အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ထံရှိသည့် ကောင်းချီးမင်္ဂလာမှအပ အခြားကောင်းချီးမင်္ဂလာဟူ၍ မရှိ၊ အရှင်မြတ်သတ်မှတ်ထားသည့် ပြစ်ဒဏ်၏ မကောင်းမှုမှအပ အခြားနိမိတ်ဆိုးဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။)
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင် ထိုသူသည် ရှိရ်က်အမှုကို ကျူးလွန်ခြင်းဖြစ်သည်။ သာဝကြီးများက ထိုပြစ်မှုအတွက် အပြစ်ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်) မှာအဘယ်အရာပါနည်း ဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က အောက်ပါအတိုင်း တောင်းဆုပြုရန် မိန့်ကြားတော်မူသည်။ ( အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ထံရှိသည့် ကောင်းချီးမင်္ဂလာမှအပ အခြားကောင်းချီးမင်္ဂလာဟူ၍မရှိ၊ အရှင်မြတ်သတ်မှတ်ထားသည့် ပြစ်ဒဏ်၏ မကောင်းမှုမှအပ အခြားနိမိတ်ဆိုးဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။)
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip සිංහලالشرح
ဤဟဒီးဆ်တော်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့အား အသိပေးမိန့်ကြားထားသည်မှာ နိမိတ်ဆိုးကောက်ခြင်းသည် လူတစ်ဦးအား သူရည်ရွယ်ထားသည့် အတိုင်းဆက်လက်လုပ်ဆောင်ခြင်းမှ အတားဆီးဖြစ်ခဲ့လျှင် ထိုသူသည် ရှိရ်က် ဖက်စပ်ကိုးကွယ်မှု အမျိုးအစားတစ်ခုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။ ဆွဟာဗဟ်ကြီးများက ကိုယ်တော့်အား ထိုကြီးပြစ်မှုကြီးအား ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်)နှင့်ပတ်သက်၍ မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က ၎င်းတို့အား ဟဒီးဆ်တော်တွင်ဖော်ပြထားသည့် မွန်မြတ်လှသော စာသာများပါရှိသည့် ဒုအာတောင်းဆုတော်ကို ညွှန်ကြားပြသခဲ့သည်။ ထိုတောင်းဆုတော်တွင် အရေးကိစ္စဟူသမျှကို အလ္လာဟ်အရှင်မြတ်ထံသို့သာ လွှဲအပ်ပြီး အရှင်မြတ်မှအပ မည်သူ့တွင်မျှ စွမ်းအားမရှိကြောင်းပါဝင်သည်။فوائد الحديث
နိမိတ်ဆိုးကောက်ခြင်းသည် လူတစ်ဦးအား သူရည်ရွယ်ထားသည့်ကိစ္စကိုဆက်လက်လုပ်ဆောင်ခြင်းမှ ရပ်ဆိုင်းစေခဲ့ပါက ရှိရ်က်ဖြစ်ကြောင်း အတည်ပြုထားသည်။
ရှိရ်က်ကျူးလွန်သူ၏ သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းအား လက်ခံသည်။
နိမိတ်ဆိုးကောက်မိသည့်သူအတွက် ဆိုရမည့်ဒုအာကို ညွှန်ပြထားသည်။
အကောင်း၊ အဆိုးဟူသမျှသည် အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ချက်သာဖြစ်သည်။
التصنيفات
တုဖက်နှိုင်းယှဉ်ခြင်း။