إعدادات العرض
ကျွန်မသည် အာအိရှဟ်သခင်မအား ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို…
ကျွန်မသည် အာအိရှဟ်သခင်မအား ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု မေးမြန်းလျှောက်ထားခဲ့သည်
မုအာဇဟ် သခင်မက ဆင့်ပြန်ခဲ့သည်။ ကျွန်မသည် အာအိရှဟ်သခင်မအား ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ အာအိရှဟ်သခင်မက အသင်မ ဟရူရီယဟ်ဂိုဏ်းဝင်လားဟု မေးမြန်းရာ ကျွန်မက မိမိသည် ဟရူရီယဟ်ဂိုဏ်းဝင်မဟုတ်ကြောင်း၊ ဒီတိုင်း (သိချင်ရုံမျှသာ) မေးမြန်းခြင်း ဖြစ်ပါသည်ဟု လျှောက်ထားရာ သခင်မက ကျွန်မတို့လည်း ဓမ္မတာလာခဲ့ကျတယ်။ ကျွန်မတို့ဟာ ဆောင်မ်ဥပုသ်ကို ဖြည့်စွက်ရန် အမိန့်ပေးခံခဲ့ကြရပြီး ဆွလာသ်ကို ပြန်ဖြည့်ရန်အတွက် အမိန့်ပေးမခံခဲ့ရပါ ဟုမိန့်ကြားခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Português Kurdî Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย मराठी دری አማርኛ ភាសាខ្មែរ ગુજરાતી Nederlands Македонски ਪੰਜਾਬੀ മലയാളം ಕನ್ನಡ తెలుగు پښتوالشرح
မုအာဇဟ် အလ်အဒ်ဝိယဟ်က မိခင်မွန်ကြီး အာအိရှဟ်သခင်မအား ဤသို့ မေးမြန်းခဲ့သည်- ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်း။ ထိုအခါ မိခင်မွန်ကြီး အာအိရှဟ်သခင်မက သူမအား မေးမြန်းခဲ့သည်မှာ - အသင်မဟာ ဟရူရီယဟ်ခါရီဂျီဂိုဏ်းဝင်များထဲမှလား။ အကြင်ခါရီဂျီဂိုဏ်းဝင်များသည် တင်းကျပ်ခြင်း၊ တင်းမာခြင်းအတွက် မေးခွန်းများကို အလွန်အမင်း မေးမြန်းတတ်ကြ၏။ မုအာဇဟ်က "ကျွန်မသည် ဟရူရီယဟ်ဂိုဏ်းဝင်တစ်ဦးမဟုတ်ပါ။ ဒီတိုင်း (သိချင်ရုံမျှသာ) မေးမြန်းခြင်း ဖြစ်ပါသည်ဟု လျှောက်ထားရာ သခင်မက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ရဲ့ ခေတ်ကာလတုန်းက ကျွန်မတို့လည်းဓမ္မတာလာခဲ့ကျတယ်။ ကျွန်မတို့ဟာ ဆောင်မ်ဥပုသ်ကို ဖြည့်စွက်ရန် အမိန့်ပေးခံခဲ့ကြရပြီး ဆွလာသ်ကို ပြန်ဖြည့်ရန်အတွက် အမိန့်ပေးမခံခဲ့ရပါ ဟုမိန့်ကြားခဲ့သည်။فوائد الحديث
တင်းကျပ်ရန်နှင့် ငြင်းခုံလိုသောစိတ်ဖြင့် မေးမြန်းသူအားလုံးကို ကန့်ကွက်ပြစ်တင်ရမည်။
အလ်ဟရူရီယဟ် ဆိုသော အမည်သည် "ဟရူရာအ်" ဟုခေါ်သော ကူဖာမြို့အနီးရှိ ကျေးရွာတစ်ခုဘက်သို့ ဆက်နွယ်ထားခြင်းဖြစ်သည်။ ထိုကျေးရွာမှ ပေါက်ထွက်လာသော ခွဲထွက်သူများ (ခါရီဂျီယဟ်) အုပ်စုတစ်စုကို ရည်ညွှန်းသည်။ မိခင်မွန်ကြီး အာအိရှဟ်သခင်မက ထိုအမျိုးသမီးအား ၎င်းတို့နှင့် ခိုင်းနှိုင်းရခြင်းမှာ ခါရီဂျီများသည် ၎င်းတို့၏ ကိစ္စရပ်များတွင် အလွန်အမင်း တင်းမာခြင်း၊ မေးခွန်းများ အလွန်အမင်း မေးမြန်းခြင်းနှင့် ထိုမေးခွန်းများဖြင့် တင်းကျပ်မှုပြုခြင်း စသည့် လက္ခဏာရပ်များ ဆင်တူသောကြောင့် ဖြစ်သည်။
သင်ယူလိုသူ၊တရားလမ်းညွှန် တောင်းခံသူအား ဆရာက ရှင်းလင်းပြသရမည်။
နတ်စ်ွ ( ကုရ်အာန်၊စွန္နသ်တော်လာ စာပိုဒ်များ)ဖြင့် ဖြေဆိုခြင်းကို ပို၍ ဦးစားပေးထိုက်သည်။ အကြောင်းမှာ အာအိရှဟ်သခင်မက ထိုအမျိုးသမီး မေးမြန်းလာသော အကြောင်းအရာ၏ ရည်ရွယ်ချက်နှင့် ဆက်စပ်သည့် အဓိပ္ပာယ်ကို ရှင်းလင်းချင်း မပြုခဲ့သောကြောင့် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် နတ်စ်ွဖြင့် ဖြေဆိုခြင်းသည် အငြင်းပွားမှုကို ဖြတ်တောက်နိုင်သောကြောင့် ဖြစ်သည်။
ဗန္ဒဟ်ကျေးကျွန်သည် ( အမိန့်တခုခု၏ )ဟိက်မသ်ဥာဏ်အမြော်အမြင်ကို မသိနားမလည်သည့်တိုင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ အမိန့်ကို နာခံကျင့်သုံးရမည်။
အိမာမ် နဝဝီက မိန့်ဆိုသည်- အာအိရှဟ်သခင်မ၏ စကားရဲ့ အလိုသဘောမှာ ခါရီဂျီများထဲမှ အုပ်စုတစ်စုသည် ရာသီသွေးဆင်းချိန်က လွတ်သွားသော ဆွလာသ်များကို မဖြစ်မနေပြန်လည်ဝတ်ပြုရမည်ဟု သတ်မှတ်ကြသည်။ ဤသည် မွတ်စ်လင်မ်အားလုံး၏ ညီညွတ်သော ဆုံးဖြတ်ချက် (အိဂျ်မာအ်)နှင့် ဆန့်ကျင်နေသည်။ အာအိရှဟ်သခင်သည် ထိုမေးခွန်းအား ကန့်ကွက်သည့်သဘောဖြင့် မေးမြန်းခြင်း ဖြစ်၏။ ဆိုလိုသည်မှာ ဤသည် ဟရူရီယဟ် (ခါရီဂျီ) တို့၏ နည်းစနစ်ပင်တည်း။ ထိုနည်းစနစ်မှာ အလွန်ယုတ်ညံ့ဆိုးရွားလှပေသည်။
