လူတို့သည် ကိယာမသ်နေ့တွင် ခြေဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ စုရုံးစေခြင်းခံရမည်

လူတို့သည် ကိယာမသ်နေ့တွင် ခြေဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ စုရုံးစေခြင်းခံရမည်

မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ လူတို့သည် ကိယာမသ်နေ့တွင် ခြေဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ စုရုံးစေခြင်းခံရမည်။ ကျွန်မ(အာအိရှဟ်သခင်မ)က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးများနှင့် အမျိုးသားများသည် တစ်ဦး(အရှက်) ကိုတစ်ဦး ကြည့်မြင်ကြရမည်လား" ဟုလျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အို- အာအိရှဟ်၊ (ကိယာမသ်‌နေ့၏)အခြေအနေမှာ လူတို့သည် တစ်ဦး(အရှက်)ကိုတစ်ဦး ကြည့်မြင်ခြင်းထက်ပို၍ ပြင်းထန်ပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကိယာမသ်နေ့တွင် ဖြစ်ပေါ်မည့် အချို့အခြေအနေများကို ဖော်ပြခဲ့ပြီး၊ လူသားအားလုံးသည် သူတို့၏ကဗရ်သချိုင်းများမှ ရှင်ပြန်ထ မြောက်စေခြင်းခံရပြီးနောက် ဟိစားဗ် (ပြုလုပ်ခဲ့သည့်လုပ်ရပ်များအတွက် စာရင်းရှင်းရန်) အတွက် စုရုံးကြရမည်ဖြစ်ကာ၊ သူတို့၏အခြေအနေမှာ ဖိနပ်မပါဘဲ ခြေဗလာဖြင့်၊ အဝတ်အထည် သို့မဟုတ် အကာအရံမပါဘဲ ကိုယ်ဗလာဖြင့်၊ ၎င်းတို့၏ မိခင်များက ၎င်းတို့အား မွေးဖွားခဲ့သောနေ့ကအတိုင်းပင် ခသ်နဟ်မလုပ်ကြရ‌သေးသူများအဖြစ်နဲ့ ရှိကြမည်ဖြစ်သည်။ မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဤအကြောင်းကိုကြားသိရသောအခါ အံ့အားသင့်စွာဖြင့် လျှောက်ထားမေးမြန်းခဲ့သည်- အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးနှင့် အမျိုးသားအားလုံးသည် အားလုံး တစ်ဦး(အရှက်)ကိုတစ်ဦး ကြည့်မြင်ကြရမည်လား။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သခင်မအား ရှင်းပြတော်မူခဲ့သည်မှာ- သေပြီးနောက် ရှင်ပြန်ထမြောက်ခြင်းနှင့် ကိယာမသ်တရားစီရင်မည့်နေ့၏ အခြေအနေများသည် အလွန်ကြောက်မက်ဖွယ်ရာဖြစ်ပြီး၊ လူတို့၏ အာရုံစူးစိုက်မှုနှင့် မျက်စိများကို အရှက်အင်္ဂါများဘက်သို့ ကြည့်ရှုခြင်းမှ လွဲဖယ်စေလိမ့်မည်ဖြစ်သည်။

فوائد الحديث

ကိယာမသ်နေ့၏ ကြောက်မက်ဖွယ်ရာ အခြေအနေများကို ဖော်ပြထားပြီး ထိုနေ့တွင် လူသားအား ၎င်း၏ ဟိစားဗ် (ပြုလုပ်ခဲ့သည့်လုပ်ရပ်များအတွက် စာရင်းရှင်းခြင်း)နှင့် အမလ်လုပ်ရပ်များမှလွဲ၍ အခြားမည်သည့်အရာကိုမှ စိတ်ပါဝင်စားစေနိုင်မည်မဟုတ်ပေ။

လူသားသည် မေ့လျော့သော အခြေအနေမှလွဲ၍ မကောင်းမှုဒုစရိုက်ထဲသို့ ကျရောက်မည် မဟုတ်ကြောင်း အတည်ပြုထားသည်။ အကယ်၍ သူသည် မိမိ အမိန့်ဖီဆန်ခဲ့သော အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို သတိရခြင်း သို့မဟုတ် အရှင်မြတ်၏ ပြစ်ဒဏ်ကို သတိရခဲ့လျှင်၊ သူသည် အရှင်မြတ်အား သတိရတသခြင်း၊ ကျေးဇူးတင်ခြင်းနှင့် ကောင်းမွန်စွာအိဗာဒသ်ဆည်းကပ်ကိုးကွယ်ခြင်းတို့မှ တစ်စက္ကန့်မျှပင် မေ့လျော့မည်မဟုတ်ပေ။ ထို့ကြောင့် ဟရှ်ရကွင်းပြင်၌ရှိသော လူများသည် မိကိုယ့်ကိစ္စနှင့်ကိုယ် လုံးပမ်းအလုပ်ရှုပ်နေကြမည်ဖြစ်ပြီး မည်သူကမျှ အခြားသူ(၏အရှက်)ကို ကြည့်ရှုနေမည် မဟုတ်ကြောင်း သင်မြင်တွေ့ရလိမ့်မည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ခေတ်ကာလတွင်ရှိခဲ့သော အမျိုးသမီးများ၏ အရှက်တရားကြီးမားမှုကို (ဖော်ပြထားသည်။) အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သခင်မ ကို ကြည့်ပါ‌လေ။ သူမသည် အမျိုးသားများနှင့် အမျိုးသမီးများအားလုံး အဝတ်ဗလာအခြေအနေဖြင့် ရှင်ပြန်ထမြောက်ကြမည်ဟု ကြားသိရသောအခါ (ထိုအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် ) ရှက်ရွံ့မှုနှင့်ပတ်သတ်၍ အကျယ်တဝင့်လျှောက်ထားမေးမြန်းလေသည်။

အိမာမ်ဆင်န်ဒီက ပြောကြားသည်မှာ - လူတိုင်းသည် မိမိ၏ ကိစ္စရပ်တွင် လုံးပမ်းနေမည်ဖြစ်ပြီး မိမိ ညီအစ်ကို၏ အခြေအနေကို သိရှိနိုင်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူခဲ့သည်။ "ထိုနေ့တွင် လူတိုင်း၌ (အခြား မည်သည့် အရာကိုမျှ) ဂရုမစိုက်ဘဲ လုံးပန်းနေစေမည့် အရေးကိစ္စ တစ်ခုစီ ရှိနေမည် ဖြစ်သည်။" (ဆူရဟ် အဗဆ 80:37 ) ထို့ကြောင့် မည်သူကမျှ အခြားသူတစ်ဦး၏အရှက်အင်္ဂါအား အာရုံစိုက်လိမ့်မည် မဟုတ်ပေ။

ခိသာန် (ခသ်နဟ်လုပ်ခြင်း)ဟူသည် - အမျိုးသားအတွက်- လိင်တံ၏ထိပ်ဖျားကို ဖုံးကွယ်ထားသည့်အရေပြားကို ဖြတ်တောက်ခြင်းဖြစ်ပြီး၊ အမျိုး

သမီးအတွက်မူ- လိင်ဆက်ဆံရာ နေရာအထက်၌ရှိသော ကြက်၏

အမောက်ကဲ့သို့သော အရေပြားကို ဖြတ်တောက်ခြင်းဖြစ်သည်။

التصنيفات

နောင်တမလွန်ဘဝသက်တမ်း။