နောင်တမလွန်ဘဝသက်တမ်း။

နောင်တမလွန်ဘဝသက်တမ်း။

1- အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။

4- ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး‌၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'

5- ကိယာမသ်နေ့တွင် ကျေးကျွန်တစ်ဦးသည် မိမိ၏သက်တမ်းနှင့်ပတ်သက်၍ မည်သို့ကုန်ဆုံးခဲ့သည်။ မိမိ၏ အိလ်မ်အသိပညာနှင့်ပတ်သက်၍ မည်သို့လိုက်နာကျင့်သုံးခဲ့သည်။ မိမိဥစ္စာပစ္စည်းနှင့် ပတ်သက်၍ မည်သည့် နေရာမှရှာဖွေခဲ့သည် မည်သို့သုံးစွဲခဲ့သည်။ မိမိခန္ဓာကိုယ်နှင့်ပတ်သက်၍ မည်သည့်နေရာတွင်အသုံးချခဲ့သည်တို့ကို မေးမြန်းခြင်းမခံရသ၍ ခြေနှစ်ဖက်သည် လုံးဝရွေ့လျားနိုင်မည်မဟုတ်ပေ။

8- မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်‌ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွား‌လေသည်။

9- ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။

10- ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။

16- ။ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၌ ရှေးလွန်လေပြီးသူများနှင့် နောင်လာမည့် လူသားအားလုံးကို ပြန့်ပြူးသော ကွင်းပြင်ကြီးတစ်ခုတွင် စုရုံးစေတော်မူမည်။ မျက်စိသည် သူတို့အားလုံးကို မြင်နိုင်မည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ နေသည် လူတို့နှင့် အလွန်နီးကပ်လာမည်။ လူတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်