إعدادات العرض
မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ …
မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွားလေသည်။
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွားလေသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português Nederlands Tiếng Việt অসমীয়া ગુજરાતી Kiswahili پښتو සිංහල മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ ಕನ್ನಡ Malagasy Kinyarwanda Српски Shqip தமிழ் Oromooالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှင်းပြတော်မူသည်မှာ — မုအဇ်ဇင်န်၏ အဇာန်သံကို ကြားရပြီးနောက် ဤဒုအာအား ရွတ်ဆိုသူသည် — (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ) -အိုအလ္လာဟ်အရှင်မြတ်၊ ဤဖိတ်ခေါ်မှု၏ အရှင်- ဤသည် အဇာန်စကားလုံးများဖြစ်ပြီး၊ ၎င်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်၏ ကိုးကွယ်မှုနှင့် ဆွလာသ်ဆီသို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ (التَّامَّةِ) “ပြည့်စုံသော” ဆိုသည်မှာ တစ်ဆူတည်းသောအရှင်ကိုးကွယ်မှုနှင့် ရစူလ်တမန်တော်များ၏တာဝန်အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်သည်။ (وَالصَّلاَةِ القَائِمَةِ) ထို့ပြင် “မကြာမီတည်ဆောက်အပ်သောဆွလာသ်” ဆိုသည်မှာ အမြဲတစေ ဆောက်တည်လျက်ရှိသော ဆွလာသ်ဖြစ်သည်။ (آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ) မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုနေရာသည် အရှင်မြတ်၏ တမန်တော်မြတ်မှအပ အခြားမည်သူ့အတွက်မှ သင့်လျော်ခြင်းမရှိပေ။(وَالفَضِيلَةَ) ထို့ပြင် အခြားသော ဖန်ဆင်းခံများထက် သာလွန်သောအဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ( وَابْعَثْهُ مَقَامًا مَحْمُودًا) ထို့ပြင် ၎င်း(တမန်တော်)အား မကာမေမဟ်မူးဒ်အား ချီးမြှင့်တော်မူပါ။ ၎င်း(မကာမေမဟ်မူးဒ်)သည် ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ ဖြစ်သည်။(الَّذِي وَعَدْتَهُ) အရှင်မြတ်က (မကြာမီ အသင့်အား အသင့်အရှင်သည် ချီးကျူးထိုက်သောအဆင့်သို့ ရောက်ရှိစေတော်မူလိမ့်မည်)ဟု မိန့်ကြားခဲ့သည့် ထိုကတိတော်ကို အတည်ပြုပေးသနားတော်မူပါ။ မည်သူမဆို ဤဒုအာအား ရွတ်ဆိုပါက ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ရှဖာအသ်(ကြားဝင်အသနားခံပေးမှု)ကို ရထိုက်သူ ဖြစ်လာမည်ဖြစ်ပြီး၊ ထိုသူအတွက် တမန်တော်မြတ်၏ ရှဖာအသ်သည် ဝါဂျိဗ်ဖြစ်သွားလေသည်။فوائد الحديث
မုအဇ်ဇင်န်၏ အဇာန်စကားလုံးတိုင်းကို အဖြေပေးပြီးနောက်တွင် ဤဒုအာကို ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ အဇာန်သံကိုမကြားသူသည် ဤဒုအာကို ရွတ်ဖတ်ရန်မလိုပေ။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ မြင့်မြတ်သည့်ဂုဏ်ရည်မှာ ကိုယ်တော့်အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် ဖဿွီလဟ် (အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်း)၊ မကာမေမဟ်မူးဒ်နှင့် အဖန်ဆင်းခံတို့ကြား စီရင်ခွဲခြားမည့်နေ့တွင် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့်ကို ရရှိခြင်းတို့ ဖြစ်ပါသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့်ကို အတည်ပြုထားခြင်း။ အဘယ်ကြောင့်ဆိုသော် "၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွားလေသည်။"ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားချက်ရှိလာရှိထားသောကြောင့် ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် မိမိ၏အွမ္မသ်သားများအနက်မှ ကြီးမားသောအပြစ်များကို ကျူးလွန်သူများအတွက် ဂျဟန္နမ်ငရဲသို့မဝင်ရအောင် သို့မဟုတ် ဂျဟန္နမ်ငရဲထဲသို့ဝင်ရောက်ခဲ့ရသူများအတွက် ယင်းမှထွက်နိုင်ရန်၊ သို့မဟုတ် စာရင်းအစစ်အဆေးမရှိဘဲ ဂျန္နသ်သို့ဝင်ရောက်နိုင်ရန်၊ သို့မဟုတ် ဂျန္နသ်သို့ ဝင်ရောက်သူများ၏
အဆင့်အတန်းများ တိုးမြှင့်ပေးနိုင်ရန် ဖြစ်သည်။
အိမာမ်သွီဗီက ပြောကြားခဲ့သည်မှာ "အဇာန်၏အစမှ "محمدًا رسول الله" 'မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်' အထိ ဤသည်မှာ အပြည့်အဝဖိတ်ခေါ်မှုဖြစ်ပြီး၊ 'ဟိုင်ယအလတ်စ်ဆွလာဟ်' သည် ဆွလာသ်ကို မြဲမြံစွာတည်ဆောက်ခြင်း ဖြစ်သည်။" ဤဆိုလိုရင်းမှာ သူတို့သည် ဆွလာသ်ဝတ်ပြုကြသည်။ ဆွလာသ်ဟူသည် ဆုတောင်းခြင်း၊ မြဲမြံစွာတည်ဆောက်ခြင်းဟူသည် တစ်စုံတစ်ရာကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟုလည်း သတ်မှတ်နိုင်သည်။ ဤအချက်အရ “မကြာမီတည်ဆောက်အပ်သောဆွလာသ်” ဆိုသည်မှာ အပြည့်အဝဖိတ်ခေါ်မှုကို ရှင်းလင်းပြသခြင်း ဖြစ်သည်။ သို့မဟုတ် ဆွလာသ်ဟူသည် ထိုအချိန်၌ဖိတ်ခေါ်ခံရသောဆွလာသ်ကို ဆိုလို
သည်ဟု သတ်မှတ်နိုင်ပြီး၊ ဤအဓိပ္ပာယ်မှာ ပိုမိုထင်ရှားသည်။
အိမာမ်မုဟလ္လဘ်က ဆိုသည်မှာ ဟဒီးစ်တော်တွင် ဆွလာသ်အချိန်များ၌ ဒုအာပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် ဒုအာများ လက်ခံခြင်းခံရမည့်အချိန်ဟု မျှော်လင့်ရသောကြောင့် ဖြစ်သည်။
