ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။

ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။

[صحيح] [متفق عليه]

الشرح

ကိယာမသ် ရှင်ပြန်ထမည့်နေ့၌ လူအချို့က အချို့အား မတရားကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပထမဦးဆုံး တရားစီရင်မည့်ကိစ္စရပ်မှာ လူသတ်မှု၊ ဒဏ်ရာအနာတရဖြစ်စေမှုကဲ့သို့ သွေးထွက်သံယိုကိစ္စရပ်များဖြစ်သည်ဟု တမန်တော်မြတ်ကြီး (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

လူသတ်မှုသည် ကြီးကျယ်သည့် ကိစ္စရပ်ဖြစ်သည့်အတွက် စာရင်းစစ်ဆေးခြင်းကို အရေးကြီးဆုံးကိစ္စဖြင့် စတင်ခြင်းဖြစ်သည်။

၂။ ထိခိုက်ဆုံးရှုံးမှု ကြီးမားသည်နှင့်အမျှ အပြစ်လည်း ကြီးမားသွားသည်။ အပြစ်ကင်းသော အသက်တစ်ချောင်းကို သတ်ဖြတ်ခြင်းသည် အလ္လာဟ်အရှင်မြတ်အား ‘ကုဖ်ရ်’ သွေဖည်ငြင်းပယ်ခြင်း၊ ‘ရှိရ်က်’ တုဖက်နှိုင်းယှဉ်ခြင်း၏ နောက်တွင် အခြားအပြစ်အကုသိုလ်များ အားလုံးထက် အကြီးဆုံးဖြစ်သည်။

التصنيفات

နောင်တမလွန်ဘဝသက်တမ်း။, လက်စားချေခြင်း။