မုအဇ္ဖင်န် (အဇာန်ပေးသူ) များသည် ကိယာမသ်နေ့၌ လူတို့အနက် လည်ပင်းအရှည်ဆုံးသူများ ဖြစ်ကြလိမ့်မည်။

မုအဇ္ဖင်န် (အဇာန်ပေးသူ) များသည် ကိယာမသ်နေ့၌ လူတို့အနက် လည်ပင်းအရှည်ဆုံးသူများ ဖြစ်ကြလိမ့်မည်။

မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "မုအဇ္ဖင်န် (အဇာန်ပေးသူ) များသည် ကိယာမသ်နေ့၌ လူတို့အနက် လည်ပင်းအရှည်ဆုံးသူများ ဖြစ်ကြလိမ့်မည်။"

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မုအဇ္ဇင်န်များသည် ကိယာမသ်နေ့တွင် ၎င်းတို့၏ဂုဏ်သိက္ခာမြင့်မားသောလုပ်ရပ်၊ များစွာသောကောင်းမှုများ၊ ကြီးမားသောအကျိုးဆုလဒ်တို့ကြောင့် လူတို့အနက် လည်ပင်းအရှည်ဆုံးသူများ ဖြစ်ကြလိမ့်မည်။

فوائد الحديث

အဇာန်ပေးခြင်း၏ ထွတ်မြတ်မှုနှင့် အဇာန်ပေးရန် အားပေးတိုက်တွန်းခြင်း။

မုအဇ္ဇင်န်များ၏ ဂုဏ်မြင့်မြတ်မှုနှင့် ကိယာမသ်နေ့တွင် ၎င်းတို့၏ မြင့်မားသောအဆင့်အတန်းကို ဖော်ပြထားခြင်း။

التصنيفات

နောင်တမလွန်ဘဝသက်တမ်း။, အဇာန်နှင့် အိကာမသ်။