မုဖ်လိစ် ( ငွေကြေးဥစ္စာပစ္စည်း ဒေဝါလီခံသွားသူ) ဟူသည် မည်သူနည်းဟု သင်တို့သိကြသလော

မုဖ်လိစ် ( ငွေကြေးဥစ္စာပစ္စည်း ဒေဝါလီခံသွားသူ) ဟူသည် မည်သူနည်းဟု သင်တို့သိကြသလော

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုဖ်လိစ် ( ငွေကြေးဥစ္စာပစ္စည်း ဒေဝါလီခံသွားသူ) ဟူသည် မည်သူနည်းဟု သင်တို့သိကြသလော။" သူတို့က "ကျွန်တော်မျိုးတို့ထံတွင် မုဖ်လိစ်ဆိုသည်မှာ ငွေကြေးလည်းမရှိ၊ ပစ္စည်းဥစ္စာလည်းမရှိသူ ဖြစ်ပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်က "အမှန်စင်စစ် ငါကိုယ်တော်၏အွမ္မသ်သားများတွင် မုဖ်လိစ်ဆိုသူမှာ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် (များပြားလှသော) ဆွလာသ်ဝတ်ပြုမှု၊ စွိယာမ်ဥပုသ်စောင့်ထိန်းမှု၊ ဇကာသ်ဒါနကြေးပေး ဆောင်မှုတို့ကို ယူဆောင်လာသော်လည်း သူသည်(လောကီ၌) ဤသူကိုလည်း ကဲ့ရဲ့ပြစ်တင်ရှုတ်ချခဲ့သည်၊ ထိုသူကိုလည်း စွပ်စွဲခဲ့သည်၊ ဤသူ၏ ပစ္စည်းဥစ္စာကို မတရားစားသုံးခဲ့သည်၊ ထိုသူ၏သွေးကို မတရားသွေးချောင်းစီးစေခဲ့သည်။(အသက်ကို သတ်ဖြတ်ခဲ့သည်) ဤသူကိုလည်း ရိုက်နှက်ခဲ့သည် (စသည့် ပြစ်မှုများကိုကျူးလွန်)သူအဖြစ် ရောက်လာသူပင် ဖြစ်သည်။ သို့ဖြစ်ရာ ဤသူ့အားလည်း သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ ထိုသူ့အားလည်း သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ အကယ်၍ သူ၏ကောင်းမှုများသည် တရားမျှစွာ ဆပ်ချေနိုင်ခြင်းမပြုမီ ကုန်ခန်းသွားခဲ့လျှင် ထိုသူတို့၏အပြစ်များထဲမှ အချို့ကို ယူ၍ သူ့‌အပေါ်သို့ ပစ်ချခြင်းခံရမည်။ ထို့နောက် သူသည် ငရဲမီးထဲသို့ ပစ်ချခြင်းခံရမည်။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ တပည့်သာဝကများအား "မုဖ်လိစ် ဆိုတာ ဘသူလည်း သင်တို့သိကြသလော ဟု မေးမြန်းတော်မူခဲ့သည်။ စွဟာဗဟ်သာဝကများက "ကျွန်တော်မျိုးတို့ထံတွင် မုဖ်လိစ်ဆိုသည်မှာ ငွေကြေးလည်းမရှိ၊ ပစ္စည်းဥစ္စာလည်းမရှိသူ ဖြစ်ပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က အမှန်စင်စစ် ငါကိုယ်တော်၏အွမ္မသ်သားများတွင် မုဖ်လိစ်ဆိုသူမှာ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ဆွလာသ်ဝတ်ပြုမှု၊ စွိယာမ်ဥပုသ်ဆောက်တည်မှု၊ ဇကာသ်ဒါနကြေးပေးဆောင်မှုစသော ကောင်းမှုကုသိုလ်အများအပြားဖြင့် ရောက်ရှိလာသော်လည်း (လောကီဘဝ၌) ဤသူကို ကဲ့ရဲ့ရှုတ်ချခဲ့သည်၊ ဤသူ၏ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်၊ ဤသူ၏ဥစ္စာပစ္စည်းကို မတရားစားသုံးခဲ့သည်၊ ဤသူ၏အသက်ကို သတ်ဖြတ်ခဲ့သည်၊ ဤသူကို ရိုက်နှက်၍ ဂုဏ်သိက္ခာကျအောင်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် နစ်နာခံစားရသူများအား သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ အကယ်၍ သူ၏ကောင်းမှုများသည် သူ့အပေါ်တွင်ရှိသော အခြားသူများ၏အခွင့်အရေးနှင့် ကျူးလွန်ခဲ့သောမတရားမှုများကို ဆပ်ချေရန် မလုံလောက်မီပင် ကုန်ခန်းသွားခဲ့လျှင် နစ်နာခံစားရသူများ၏ အပြစ်များထဲမှ အချို့ကို ယူ၍ ထိုကျူးလွန်သူ၏ (မှတ်တမ်း) စာအုပ်ထဲတွင် ထည့်သွင်းခြင်းခံရမည်။ ထို့နောက် သူ့အတွက် ကောင်းမှုတစ်စုံတစ်ရာမှ မကျန်တော့သည့်အတွက် သူသည် ငရဲမီးထဲသို့ ပစ်ချခြင်းခံရမည်။

فوائد الحديث

ဟရာမ်တားမြစ်ချက်များ‌‌ထဲသို့ မကျရောက်ရန် သတိပေးထားခြင်း၊ အထူးသဖြင့် လူသားများ၏ ရုပ်ဝတ္ထုနှင့် စိတ်ပိုင်းဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ခြင်းနှင့် ပတ်သက်၍ ဖြစ်သည်။

လူသားတို့ကြားရှိ ဝတ္တရားများသည် (တရားစီရင်ရာတွင်) တင်းကျပ်စွာ တောင်းဆိုမှုအပေါ် အခြေခံသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ ဝတ္တရားများမှာ (ရှိရ်က် တွဲဖက်ကိုးကွယ်မှုမှလွဲ၍) ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်းအပေါ် အခြေခံ‌သည်။

နားထောင်သူကိုစိတ်ဝင်စားစေရန်၊ သူ၏ အာရုံကို ဆွဲဆောင်ရန်နှင့် စိတ်အားထက်သန်မှုကို နိုးကြားစေရန် ‌ဆွေးနွေး‌ပြောဆိုမှုနည်းစနစ်ကို အသုံးပြုခြင်း၊ အထူးသဖြင့် ပညာပေးခြင်းနှင့် လမ်းညွှန်မှုပေးရာတွင် ဖြစ်သည်။

မုဖ်လိစ်၏ အစစ်အမှန်သဘောတရား‌‌ အစစ်အမှန် အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြထားသည်။ အမှန်တကယ် မုဖ်လိစ် ဆိုသူမှာ ကိယာမတ်နေ့တွင် သူ၏အ

ကြွေးတင်နေသူများ (သူ့အပေါ် အခွင့်အရေးချိုးဖောက်ခံရသူများ) က သူ၏ အားလုံးသော ကောင်းမှုကုသိုလ်များကို ယူဆောင်သွားသူပင် ဖြစ်သည်။‌

တမလွန်တွင် ကိစွားစ် (အစားယူခြင်း) သည် ‌တခါတရံ ကောင်းမှုအားလုံးကို လုံးဝမကျန်ရစ်တော့အောင် ယူဆောင်သွားနိုင်သည်။

အလ္လာဟ်အရှင်မြတ်သည်မိမိဖန်ဆင်းခံများအား တရားမျှတမှုနှင့် မှန်ကန်မှုအပေါ် အခြေပြု၍ ဆက်ဆံတော်မူသည်။

التصنيفات

နောင်တမလွန်ဘဝသက်တမ်း။, မကောင်းသည့် ကိုယ်ကျင့်တရား။