- " ကိုယ်တော်မြတ်သည် မိမိအိမ်သူအိမ်သားများ၏ အလုပ်ကို ထမ်းဆောင်တော်မူသည် (ဆိုလိုသည်မှာ မိသားစုအတွက်…

- " ကိုယ်တော်မြတ်သည် မိမိအိမ်သူအိမ်သားများ၏ အလုပ်ကို ထမ်းဆောင်တော်မူသည် (ဆိုလိုသည်မှာ မိသားစုအတွက် စီမံလုပ်ကိုင်ပေးတော်မူသည်)၊ ထို့နောက် ဆွလာသ်အချိန်ရောက်လျှင် ဆွလာသ်ဝတ်ပြုရန်အတွက် ထွက်ခွါသွားတော်မူလေ့ရှိသည်။

အတ်စ်ဝဒ် ဗင်န် ယဇီးဒ် က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)အား "နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏အိမ်တွင် မည်သို့ပြုမူလုပ်ဆောင်တော်မူလေ့ရှိသနည်း"ဟု မေးမြန်းခဲ့ရာ သခင်မက ဖြေကြားသည်မှာ - " ကိုယ်တော်မြတ်သည် မိမိအိမ်သူအိမ်သားများ၏ အလုပ်ကို ထမ်းဆောင်တော်မူသည် (ဆိုလိုသည်မှာ မိသားစုအတွက် စီမံလုပ်ကိုင်ပေးတော်မူသည်)၊ ထို့နောက် ဆွလာသ်အချိန်ရောက်လျှင် ဆွလာသ်ဝတ်ပြုရန်အတွက် ထွက်ခွါသွားတော်မူလေ့ရှိသည်။

[صحيح] [رواه البخاري]

الشرح

မုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)အား နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အိမ်တွင်ရှိစဥ်အခါ အ‌ခြေအနေနှင့်ပတ်သတ်၍ ကိုယ်တော်သည် မည်သို့ပြုမူဆောင်ရွက်တော်မူလေ့ရှိသနည်းဟု မေးမြန်းခဲ့ရာ သခင်မက ဖြေကြားသည်မှာ - ကိုယ်တော်မြတ်သည် သာမန်လူသားတစ်ဦးပင် ဖြစ်တော်မူပြီး အမျိုးသားများ မိမိတို့၏ အိမ်များတွင်လုပ်ကိုင်လေ့ရှိသည်များကိုပင် လုပ်ကိုင်တော်မူသည်။ မိမိကိုယ်တိုင်နှင့် မိသားစုအတွက် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးတော်မူလေ့ရှိသည်။ မိမိ၏ ဆိတ်နို့ကို ကိုယ်တိုင်ညှစ်တော်မူသည်။ မိမိ၏ အဝတ်အစားကို ကိုယ်တိုင်ချုပ်ဖာတော်မူသည်။ မိမိ၏ဖိနပ်ကို ကိုယ်တိုင်ပြင်ဆင်တော်မူသည်။ မိမိ၏ရေပုံးကို ကိုယ်တိုင်တည့်မတ်တော်မူသည်။ ထို့နောက် ဆွလာသ်အတွက် အိကာမသ်ဆိုလိုက်လျှင် မဆိုင်းမတွ ဆွလာသ်ဝတ်ပြုရန် ထွက်ခွါသွားတော်မူလေ့ရှိသည်။

فوائد الحديث

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ပြီးပြည့်

စုံလှသော မိမိကိုယ်မိမိ ချိုးနိမ်ခြင်းနှင့် မိသားစုအပေါ် ကောင်းမွန်စွာ ဆက်ဆံခြင်း။

လောကီအလုပ်များသည် လူသားကို ဆွလာသ်မှ မမေ့မလျော့စေသင့်ပေ။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွလာသ်ကို ၎င်း၏ပထမဆုံးအချိန်၌ ဂရုတစိုက် အလေးထား ဝတ်ပြုခြင်း။

အစ်ဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ - " ဤဟဒီးစ်တော်တွင် မိမိကိုယ်မိမိချိုးနှိမ်ခြင်း၊ မောက်မာခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် လင်ယောက်ျားသည် မိမိအိမ်သူအိမ်သားများအား ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။"

التصنيفات

တမန်တော်မြတ် (ﷺ)၏ ကြင်ယာတော်များနှင့် အိမ်တော်၏ အခြေအနေများ။, အမျိုးသား၊အမျိုးသမီး ဆက်ဆံရေး။