إعدادات العرض
“လူတစ်ယောက်သည် လမ်းပေါ်၌ လျှောက်သွားစဉ် လမ်းပေါ်ရှိ ဆူးညှောင့်တစ်ခုကို တွေ့ရှိသဖြင့် ၎င်းကို…
“လူတစ်ယောက်သည် လမ်းပေါ်၌ လျှောက်သွားစဉ် လမ်းပေါ်ရှိ ဆူးညှောင့်တစ်ခုကို တွေ့ရှိသဖြင့် ၎င်းကို ဖယ်ရှားလိုက်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ် သည် သူ၏ကောင်းမှုအား နှစ်သက်လက်ခံတော်မူခဲ့ပြီး သူ့အား ခွင့်လွှတ်တော်မူခဲ့လေသည်။”
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လူတစ်ယောက်သည် လမ်းပေါ်၌ လျှောက်သွားစဉ် လမ်းပေါ်ရှိ ဆူးညှောင့်တစ်ခုကို တွေ့ရှိသဖြင့် ၎င်းကို ဖယ်ရှားလိုက်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ် သည် သူ၏ကောင်းမှုအား နှစ်သက်လက်ခံတော်မူခဲ့ပြီး သူ့အား ခွင့်လွှတ်တော်မူခဲ့လေသည်။”
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Nederlands Kiswahili অসমীয়া ગુજરાતી Magyar ქართული Hausa Română ไทย Português मराठी ភាសាខ្មែរ دری አማርኛ Македонски తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore پښتو ಕನ್ನಡ Српски Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်- လူတစ်ဥှီးသည် လမ်း လျှောက်သွားနေစဉ် လမ်းပေါ်ရှိ ဆူးများပါသော သစ်ကိုင်းတစ်ခုကို ဖြတ်သွားမိသည်။ ထိုသစ်ကိုင်းသည် မွတ်စ်လင်မ်များကို ဒုက္ခပေးနေခဲ့သည်။ ထို့ကြောင့် သူသည် ထိုသစ်ကိုင်းကို လမ်းမှ ဖယ်ရှားလိုက်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူ၏ ဤကောင်းမှုကို လက်ခံတော်မူခဲ့ပြီး သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။فوائد الحديث
၁။ လမ်းပေါ်ရှိ လူတို့အားအန္တရာယ်ဖြစ်စေသော အရာများကို ဖယ်ရှားခြင်း၏ ထွတ်မြတ်မှုနှင့် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်တော်မူခြင်းကို ရရှိစေသော အကြောင်း တရားဖြစ်သည်။
၂။ ကောင်းမှုကုသိုလ်များကို အနည်းငယ်မျှပင်ဖြစ်စေ မထီမဲ့မြင်မပြုရ။
အစ္စလာမ်သည် သန့်ရှင်းမှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှုနှင့် လူထုဘေးကင်းလုံခြုံရေးတို့ကို အလေးထားသော သာသနာဖြစ်သည်။
