إعدادات العرض
“အစ္စလာမ်သည် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ပြီး၊ များမကြာမီ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့…
“အစ္စလာမ်သည် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ပြီး၊ များမကြာမီ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ သို့ဖြစ်၍ ထို သူစိမ်းတစ်ရံဆံများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းရှိ၏။”
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အစ္စလာမ်သည် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ပြီး၊ များမကြာမီ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ သို့ဖြစ်၍ ထို သူစိမ်းတစ်ရံဆံများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းရှိ၏။”
الترجمة
العربية Tiếng Việt অসমীয়া Nederlands Indonesia Kiswahili Hausa සිංහල English ગુજરાતી Magyar ქართული Română Русский Português ไทย తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Tagalog ភាសាខ្មែរ Українська ਪੰਜਾਬੀ پښتو Moore Wolof മലയാളം हिन्दी Svenska Bosanski தமிழ் 中文 ಕನ್ನಡالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အစ္စလာမ်သာသနာသည် လူအနည်းငယ်ထဲတွင် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ရပြီး၊ များမကြာမီလက်ခံကျင့်သုံးသူနည်းပါးသွားကာ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့၏။ သို့ဖြစ်၍ ထိုလူနည်းစုများအတွက် ရွှင်လန်းမှု၊ ကောင်းမှုနှင့် မျက်စိအေးချမ်းမှုဖြစ်စေသော သတင်း ကောင်းရှိ၏။فوائد الحديث
၁။ (ဤဟဒီးစ်သည်) အစ္စလာမ်သာသနာပြန့်ပွားပြီး ထင်ရှားကျော်ကြားပြီးနောက် တစ်ဖန် သူစိမ်းတစ်ရံဆံပြန် ဖြစ်သွားမည့်အကြောင်း ကြိုတင်အသိပေးတင်ပြထားခြင်းဖြစ်သည်။
၂။ ဤဟဒီးစ်တွင် နဗူဝသ်၏ သက်သေလက္ခဏာတော်များထဲမှ တစ်ခုပါရှိသည်။ အကြောင်းမှာကာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နောင်တွင် ဖြစ်ပျက်မည့်အရာကို ကြိုတင်မိန့်ကြားတော်မူခဲ့ပြီး၊ အမိန့်ရှိတော်မူသည့်အတိုင်း အတိအကျ ဖြစ်ပျက်ခဲ့သောကြောင့် ဖြစ်သည်။
၃။ အစ္စလာမ်သာသနာအတွက် မိမိတို့၏ ဇာတိမြေ၊ ဆွေမျိုးသားချင်းများကို စွန့်ခွာခဲ့သူတို့၏ ထူးကဲမြင့်မြတ်မှုနှင့် ၎င်းတို့အတွက် ဂျန္နသ်သုခဘုံရရှိမည်ဖြစ်ကြောင်းကို တင်ပြထားသည်။
၄။ “ဂုရဘာအ်” (သူစိမ်းတစ်ရံဆံဆိုသူများ) ဆိုသည်မှာ လူအများ ပျက်စီးသွားချိန်၌ပင် မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်အောင် ထိန်းသိမ်းထားနိုင်သူများ၊ လူတို့ဖျက်စီးခဲ့သည့်အရာများကို ပြုပြင်ပေးသူများ ဖြစ်သည်။
التصنيفات
သူတော်ကောင်းများ၏ အခြေအနေများ။