တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အရာခုနစ်ခုကို (လုပ်ဆောင်ရန်)…

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အရာခုနစ်ခုကို (လုပ်ဆောင်ရန်) အမိန့်ပေးတော်မူခဲ့ပြီး အရာခုနစ်ခုမှ (ရှောင်ကြဉ်ရန်) တားမြစ်တော်မူခဲ့သည်

ဗရာအ် ဗင်န် အာဇစ်ဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အရာခုနစ်ခုကို (လုပ်ဆောင်ရန်) အမိန့်ပေးတော်မူခဲ့ပြီး အရာခုနစ်ခုမှ (ရှောင်ကြဉ်ရန်) တားမြစ်တော်မူခဲ့သည်။ ကျွန်ုပ်တို့အား အမိန့်ပေးတော်မူခဲ့သည် အရာများမှာ- (၁) လူမမာ သွားရောက်မေးမြန်းကြည့်ရှုခြင်း၊ ဂျနာဇဟ်လိုက်ပါပို့ဆောင်ခြင်း၊ နှာချေသူအား “ယရ်ဟမုကလ္လာဟ်”ဟု အဖြေပေးခြင်း၊ ကျိန်ဆိုမှုကို ဖြည့်ဆည်းပေးခြင်း၊ သို့မဟုတ် ကျိန်ဆိုသူအား ဖြည့်ဆည့်ပေးခြင်း၊ မတရားညှဉ်းဆဲခံရသူအား ကူညီခြင်း၊ ဖိတ်ခေါ်သူ၏ (ဖိတ်ခေါ်ကျွေးမွေးမှုကို) လက်ခံခြင်းနှင့် စလာမ်ကို ဖြန့်ချီခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့အား တားမြစ်တော်မူခဲ့သည်အရာများမှာ- ရွှေလက်စွပ်ဝတ်ဆင်ခြင်း၊ ငွေထည်အိုးခွက်များဖြင့် သောက်သုံးခြင်း၊ မိယာစိရ် (ပိုးထည်နှင့် ပြုလုပ်ထားသောအခင်းအမျိုးအစား)၊ ကတ်စ်စီ (ချည်နှင့်ပိုး ရောယှက်ထည်ဖြင့် ပြုလုပ်ထားသည့် အဝတ်အထည်)၊ ဟရီရ် (ပိုးထည်)၊ အိစ်တဗ်ရက် (ပိုးထည်အထူ) နှင့် ဒီဘာ့ဂျ် (ပါးလွှာသောပိုးထည်) တို့ကို ဝတ်ဆင်ခြင်းတို့ဖြစ်သည်။"

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)မွတ်စ်လင်မ်များအား အရာခုနစ်ခုကို (လုပ်ဆောင်ရန်) ညွှန်ကြားတော်မူခဲ့ပြီး၊ အရာခုနှစ်ခုမှ တားမြစ်တော်မူခဲ့သည်။ ၎င်းတို့အား ညွှန်ကြားတော်မူခဲ့သော အရာများမှာ— ၁။ လူမမာ သွားရောက်ကြည့်ရှုခြင်း။ ၂။ ဂျနာဇဟ် လိုက်ပါပို့ဆောင်ခြင်း၊ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုခြင်းနှင့် မြေမြုပ်ဒဖန်လုပ်ခြင်းတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ၎င်းအတွက် ဒုအာဆုတောင်းပေးခြင်း။ ၃။ နှာချေသူက "အလ်ဟမ်ဒုလိလ္လာဟ်" ဆိုသည့်အခါ ၎င်းအား "ယရ်ဟမုကလ္လာဟ်" (အလ္လာဟ်သည် သင့်အား သနားတော်မူပါစေ) ဟု ဒုအာဆုတောင်းပေးခြင်း။ ၄။ ကျိန်ဆိုသူအား ဖြည့်ဆည်းပေးခြင်းနှင့် သူ၏ကျိန်ဆိုချက်ကို ထောက်ခံခြင်း။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးက အရာတစ်ခုအတွက် ကျိန်ဆိုပါက၊ ထိုကျိန်ဆိုချက် အောင်မြင်အောင်ဖြည့်ဆည်းပေးရန် သင်တတ်စွမ်းနိုင်ပါက ထိုသို့ပြုလုပ်ပေးရန် ဖြစ်သည်။ သို့မှသာ သူ့အား ကျိန်ဆိုခြင်းကြောင့် အပြစ်ဖြေရန် (ကတ်ဖ်ဖာရာ) မလိုအပ်အောင် ကူညီခြင်းဖြစ်သည်။ ၅။ မတရားညှဉ်းဆဲခံရသူကို ၎င်းဘက်မှ ရပ်တည်ခြင်းနှင့် တတ်နိုင်သမျှ မတရားညှဉ်းဆဲသူ၏ ညှဉ်းပန်းနှိပ်စက်မှုကို တွန်းလှန်ပေးခြင်းဖြင့် ၎င်းအား ကူညီခြင်း၊ ၆။ မင်္ဂလာပွဲ သို့မဟုတ် အကီကဟ် စသည့် ဝလီမာဧည့်ခံကျွေးမွေးရန် ဖိတ်ကြားသူ၏ ဖိတ်ကြားချက်ကို လက်ခံခြင်း။ ၇။ စလာမ်ပေးခြင်းကို ဖြန့်ဝေခြင်းနှင့် စလာမ်ကို အဖြေပြန်ပေးခြင်း။ ၎င်းတို့အား တားမြစ်တော်မူခဲ့သော အရာများမှာ- ၁။ ရွှေလက်စွပ်များ ဝတ်ဆင်ခြင်းနှင့် ၎င်းဖြင့် တန်ဆာဆင်ခြင်း။ ၂။ ငွေထည်အိုးခွက်များဖြင့် သောက်ခြင်း။ ၃။ မယာစိရ်ခေါ် မြင်းကုန်းနှီးနှင့် ကုလားအုတ်ကုန်းနှီးပေါ်တွင် ခင်းထားသော ပိုးထည်ဖျာများပေါ်တွင် ထိုင်ခြင်း။ ၄။ ကတ်စ်စီ ဟုခေါ်သော ချည်နှင့်ပိုး ရောယှက်ထည်ဖြင့် ပြုလုပ်ထားသည့် အဝတ်အထည်ကို ဝတ်ဆင်ခြင်း။ ၅။ ပိုးထည်ကို ဝတ်ဆင်ခြင်း။ ၆။ အိစ်တဘ်ရက်ခေါ် ကြမ်းသောပိုးထည်ကို ဝတ်ဆင်ခြင်း။ ၇။ ဒီဘာ့ဂျ်ခေါ် အကောင်းဆုံးနှင့် အဖိုးအတန်ဆုံး ပိုးထည်အမျိုးအစားကို ဝတ်ဆင်ခြင်း။

فوائد الحديث

၁။ မွတ်စ်လင်မ်တစ်ဦးအတွက် အခြားမိမိညီနောင်မွတ်စ်လင်မ်အပေါ်၌ရှိသော အခွင့်အရေးအချို့ကို ဖော်ပြထားခြင်း။

၂။ အခြေခံအားဖြင့် ရှရီအသ်တရားတော်တွင်လာရှိသော အမိန့်ပေးခိုင်းစေချက်များနှင့် တားမြစ်ချက်များ အားလုံးသည် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးအတွက် ယေဘုယျသက်ရောက်မှုရှိသည်။ သို့ရာတွင် အမျိုးသားများအတွက်သာ သီးသန့်သတ်မှတ်ထားသော သို့မဟုတ် အမျိုးသမီးများအတွက်သာ သီးသန့်သတ်မှတ်ထားသော အရာများမှာမူ ထိုအမိန့်တွင် မပါဝင်ပေ။

၃။ အခြားသောဟဒီးစ်တော်များက အမျိုးသမီးအား ဂျနာဇဟ်လိုက်ပါပို့ဆောင်ခြင်းမှ တားမြစ်ထားကြောင်း ညွှန်ပြနေသည်။

၄။ အခြားသောဟဒီးစ်တော်များက အမျိုးသမီးအတွက် ရွှေနှင့် ပိုးထည်များ ဝတ်ဆင်ခွင့်ရှိကြောင်း ညွှန်ပြနေသည်။

التصنيفات

အစ္စလာမ့် အာဒါဗ်စည်းကမ်းများ။, ကွယ်လွန်သူကို သယ်ယူခြင်းနှင့် မြှုပ်နှံသင်္ဂြိုဟ်ခြင်း။