။ အို - ဟကီးမ် စင်စစ် ဤဥစ္စာပစ္စည်းသည် ( လူတေရဲ့အမြင်မှာ ) စိမ်းလန်းပြီး၊ ချိုမြိန်သည်

။ အို - ဟကီးမ် စင်စစ် ဤဥစ္စာပစ္စည်းသည် ( လူတေရဲ့အမြင်မှာ ) စိမ်းလန်းပြီး၊ ချိုမြိန်သည်

ဟကီးမ် ဗင်န် ဟိဇာမ် (رضي الله عنه)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ရဲ့တမန်တော်ထံတွင် တောင်းခံခဲ့ရာ ကိုယ်တော်က ကျွန်ုပ်အား ပေးတော်မူခဲ့သည်။ ထို့နောက် ထပ်မံတောင်းခံခဲ့ရာ ကိုယ်တော်က ကျွန်ုပ်အား ထပ်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျွန်ုပ်အား ဤသို့ မိန့်ကြားတော်မူလေသည်။ အို - ဟကီးမ် စင်စစ် ဤဥစ္စာပစ္စည်းသည် ( လူတေရဲ့အမြင်မှာ ) စိမ်းလန်းပြီး၊ ချိုမြိန်သည်။ သို့ရှိရာ မည်သူမဆို ယင်းဥစ္စာပစ္စည်းအား လောဘမပါဘဲ ရယူခဲ့လျှင် ၎င်းအဖို့ ထိုဥစ္စာပစ္စည်းတွင် ဗရ်ကသ်မင်္ဂလာတိုးပွားမှု ချီးမြှင့်ခြင်းခံရမည်ဖြစ်ပြီး၊ လောဘဖြင့် ရယူခဲ့ပါက ၎င်းအဖို့ ထိုဥစ္စာပစ္စည်းတွင် ဗရ်ကသ်မင်္ဂလာတိုးပွားမှု ချီးမြှင့်ခြင်းခံရမည်မဟုတ်ပေ။ ထိုသူသည် စားသော်လည်း ဗိုက်မဝသူကဲ့သို့ ဖြစ်ပေမည်။ အပေါ်က (ပေးကမ်းသော) လက်သည် အောက်က ( တောင်းခံသော )လက်ထက် ပို၍ကောင်းသည်။ ဟကီးမ် ( ရဿွိယလ္လာဟုအန်ဟု ) ကပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် ဤသို့လျှောက်ထားခဲ့သည်။ အို - အလ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်၊ ကိုယ်တော့်အား အမှန်တရားနှင့်အတူ စေလွှတ်တော်မူသော် အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောမည်။ ကျွန်တော်မျိုးသည် ကိုယ်တော်မြတ်နောက်တွင် ဒွန်ယာကနေခွဲခွါတယ့်အထိ ( သေဆုံးတယ့်အထိ )မည်သူတစ်ဦးတစ်ယောက်စီကမှ ဘယ်အရာကိုမျှ တောင်းခံတော့မည် မဟုတ်ပါ။ အဗူဗကရ် ( ရဿွိယလ္လဟုအန်ဟု )သည် ဟကီးမ် ( ရဿွိယလ္လာဟုအန်ဟု )အား ချီးမြှင့်ပေးကမ်းရန် အတွက် ခေါ်လေ့ရှိသည်။ သို့ရာတွင် ၎င်းသည် မည်သည့်အရာကိုမျှ လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ တဖန် အုမရ် ( ရဿွိယလ္လာဟုအန်ဟု ) သည်လည်း ၎င်းအား ချီးမြှင့်ပေးကမ်းရန် အတွက် ခေါ်ခဲ့သည်။ သို့ရာတွင် ၎င်းသည် လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ ထိုအခါ အုမရ်( ရဿွိယလ္လာဟုအန်ဟု )က မိန့်ကြားခဲ့သည်မှာ - အို မုစ်လင်မ်အပေါင်းတို့၊ ဟကီးမ်နဲ့ ပတ်သတ်ပြီး အသင်တို့အား ကျွန်ုပ် သက်သေအဖြစ်ထားပါသည်။ ဤလက်ရပစ္စည်းများထဲမှ ၎င်းအတွက် အလ္လာဟ်အရှင်မြတ် ခွဲဝေသတ်မှတ်ထားသည့် ၎င်း၏ရ ပိုင်ခွင့်ကို ကျွန်ုပ်သူ့အား ပေးရန် ကမ်းလှမ်းခဲ့ပါသည်။ သို့သော် ၎င်းသည် ယူဖို့ငြင်းဆန်ခဲ့ပါသည်။ ဟကီးမ် ( ရဿွိယလ္လာဟုအန်ဟု )သည် တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နောက်တွင် ကွယ်လွန်သေဆုံးသည်အထိ မည်သူတစ်ဦးတစ်ယောက်စီကမှ တောင်းခံခြင်း မရှိခဲ့ပေ။

[صحيح] [متفق عليه]

الشرح

ဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတွင် လောကီ၏ဥစ္စာပစ္စည်းတချို့တောင်းခံခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား ပေးကမ်းချီးမြှင့်‌တော်မူခဲ့သည်။ တစ်ဖန် ထပ်မံတောင်းခံခဲ့ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကလည်း ၎င်းအား ထပ်မံ၍ ပေးကမ်းချီးမြှင့်‌တော်မူခဲ့သည်။ ထို့နောက် တမန်‌တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအား ဤသို့ မိန့်ကြားတော်မူခဲ့သည်- အို- ဟကီးမ်၊ ဤဥစ္စာပစ္စည်းသည် အလိုရမ္မက်ဖြစ်ဖွယ်၊ တပ်မက်ဖွယ်ကောင်းသောအရာ ဖြစ်၏။ ထို့ကြောင့် မည်သူမဆို မတောင်းဘဲ၊ လိုလားမှုမရှိဘဲ၊ ထပ်ခါ ထပ်ခါ တောင်းခြင်းမရှိဘဲ ရရှိခဲ့လျှင် ၎င်းအဖို့ ထိုဥစ္စာပစ္စည်း၌ ဗရ်ကသ်မင်္ဂလာ ချီးမြှင့်တော်မူခြင်း ခံရ၏။ သို့ရာတွင် မည်သူမဆို စိတ်၏လိုလားမှုနှင့် လောဘတပ်မက်မှုဖြင့် ယူဆောင်ခဲ့လျှင် ထိုဥစ္စာပစ္စ္စည်းတွင် ၎င်းအဖို့ ဗရ်ကသ်မင်္ဂလာ ချီးမြှင့်တော်မူခြင်းခံရမည် မဟုတ်ပေ။ ထိုသူသည် စားသော်လည်း မဝသူကဲ့သို့ပင် ဖြစ်၏။ ပေးကမ်းလှူဒါန်းသော အပေါ်လက်သည် တောင်းခံသော အောက်လက်ထက် အလ္လာဟ်အရှင်မြတ်ထံတော်၌ သာလွန်မြင့်မြတ်၏။ ထိုအခါ ဟကီးမ်(ရဿွိယလ္လာဟုအန်ဟု) က ပြောပြခဲ့သည်- ကျွန်ုပ်က ဤသို့လျှောက်ထားခဲ့သည်။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော်၊ ကိုယ်တော့်အား မှန်ကန်သော တရားလမ်းစဥ်ဖြင့် စေလွှတ်တော်မူသော အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါသည်။ ကျွန်တော်မျိုးသည် ကိုယ်တော်မြတ်နောက်တွင် ဒွန်ယာကနေခွဲခွါတယ့်အထိ ( သေဆုံးတယ့်အထိ )မည်သူတစ်ဦးတစ်ယောက်၏ ဥစ္စာပစ္စည်းကိုမျှ တောင်းခံတော့မည် မဟုတ်ပါ။ ထို့နောက် တမန်‌ တော်မြတ် (စလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ခလီဖဟ်ဖြစ်သူ အဗူဗကရ် (ရဿွိယလ္လာဟုအန်ဟု) သည် ဟကီးမ် (ရဿွိယ လ္လာဟုအန်ဟု) ပေးကမ်းချီးမြှင့်ရန်အတွက် ဖိတ်ခေါ်လေ့ရှိခဲ့ သော်လည်း ၎င်းသည် မည်သည့်အရာကိုမျှ လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ တဖန် မုအ်မင်န်တို့၏ ခေါင်းဆောင်ဖြစ်သူ အုမရ် ( ရဿွိယလ္လာဟုအန်ဟု ) သည်လည်း ၎င်းအား ချီးမြှင့်ပေးကမ်းရန် အတွက် ဖိတ်ခေါ်ခဲ့သည်။ သို့ရာတွင် ၎င်းသည် လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ ထိုအခါ အုမရ်( ရဿွိယလ္လာဟုအန်ဟု )က မိန့်ကြားခဲ့သည်မှာ - အို- မုစ်လင်မ်အပေါင်းတို့၊ ကျွန်ုပ်သည် ဟကီးမ်အား မုစ်လင်မ်တို့အတွက် ကာဖိရ်များထံမှ စစ်မတိုက်ဘဲ ရရှိထားသည့် လက်ရပစ္စည်းများမှ ၎င်းအဖို့ အလ္လာဟ်အရှင်မြတ် ခွဲဝေသတ်မှတ်ထားသော ၎င်း၏ အခွင့်အရေးကို ပေးအပ်ရန် ကမ်းလှမ်းသော်လည်း လက်မခံဘဲ ငြင်းဆန်နေပါသည်။ ဟကီးမ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ နောက်တွင် ၎င်းကွယ်လွန်သည်အထိမည်သူတစ်ဦးတစ်ယောက်ထံကမှ ဥစ္စာပစ္စည်း တောင်း ခံခဲ့ခြင်း မရှိခဲ့‌ပေ။

فوائد الحديث

တရားတော်အရခွင့်ပြုထားသော နည်းလမ်းများဖြင့် ငွေကြေးကို ရယူခြင်းနှင့် စုဆောင်းခြင်းသည် လောကီအကျိုးစီးပွါးကို မမက်မောခြင်း (ဇုဟုဒ်) နှင့် ဆန့်ကျင်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဇုဟုဒ်ဆိုသည်မှာ စိတ်နှလုံးသားကြွယ်ဝခြင်းနှင့် စိတ်နှလုံးသားသည် ငွေကြေးဥစ္စာကို မတွယ်တာခြင်းဖြစ်သည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကြီးမြတ်သော ရက်ရောစွာ ပေးကမ်းခြင်းအကြောင်းကို ထင်ရှားစွာ ဖော်ပြထားသည်။ ထို့အပြင် ကိုယ်တော်သည် ဆင်းရဲခြင်းကို ဘယ်သောအခါမျှ မကြောက်ရွံ့သောသူတစ်ဦးကဲ့သို့ ပေးကမ်းတော်မူသည်။

အကူအညီပေးသည့်အခါ အကြံဉာဏ်ကို ထုတ်ဖော်ပြောဆိုခြင်းနှင့် မုစ်လင်မ်ညီနောင်များကို အကျိုးပြုရန် စိတ်အားထက်သန်ခြင်း - အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် စိတ်နှလုံးသည် ကောင်းမွန်သောစကားကို လက်ခံနိုင်သော အခြေအနေရှိသောကြောင့်ဖြစ်သည်။

လူတို့ထံတောင်းရမ်းခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် အထူးသ

ဖြင့် မလိုအပ်ဘဲ တောင်းရမ်းခြင်းကို မနှစ်သက်ခြင်း။

ပစ္စည်းဥစ္စာအပေါ် တပ်မက်ခြင်းနှင့် မကြာခနတောင်းရမ်းခြင်းကို ရှုတ်ချထားခြင်း။

တောင်းရမ်းသူသည် တောင်းရမ်းခြင်းတွင် ဇွတ်တရွတ်ပြုလျှင် ၎င်းအား ငြင်းပယ်ခြင်း၊ စိတ်ပျက်အောင်ပြုခြင်းနှင့် ဆုံးမဩဝါဒပေးခြင်းပြုနိုင်သည်။ ထို့အပြင် တောင်းရမ်းခြင်းမှ ရှောင်ကြဉ်ရန်နှင့် ရယူလိုသောတပ်မက်မှုကို စွန့်လွှတ်ရန် အမိန့်ပေးနိုင်သည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ဘိုင်သုလ်မာလ် (အစ္စလာမ့်ဘဏ္ဍာတိုက်) မှ ပစ္စည်းတစ်စုံတစ်ရာကို ယူပိုင်ခွင့်မရှိပါ။ အုပ်ချုပ်သူခေါင်းဆောင်က ခွင့်ပြုပေးပြီးမှသာ ယူခွင့်ရှိသည်။ သို့သော် စစ်သုံးပန်ပစ္စည်းများကို ခွဲဝေခြင်းမပြုမီအရင်တွင် ယူဆောင်ခွင့်မရှိပေ။

လိုအပ်ချက်အတွက် တောင်းခံခြင်းကို ခွင့်ပြုထားသည်။

အစ်ဗ်နုဟဂျရ်က ဤသို့ဆိုသည်- အုပ်ချုပ်သူခေါင်းဆောင်သည် တောင်းခံသူအား တောင်းခံခြင်း၏ ဆိုးကျိုးများကို ရှင်းပြလိုပါက၊ ထိုသူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီးမှသာ ရှင်းပြသင့်သည်။ ဤသို့ဆိုလျှင် ဆုံးမဩဝါဒသည် သူ၏စိတ်နှလုံးသို့ ရောက်ရှိပြီး သူ၏လိုအပ်ချက်ကို မဖြည့်ဆည်းပေးလိုသောကြောင့် ဆုံးမခြင်းမဟုတ်ကြောင်း သူအထင်မမှားစေရန်ဖြစ်သည်။

ဟကီးမ် (ရဿွိယ

လ္လာဟုအန်ဟု) ၏ ထူးကဲမြင့်မြတ်မှုနှင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ပြုခဲ့သော ကတိသစ္စာကို လိုက်နာခြင်း။

အစ္စဟာက် ဗင်န် ရာဟူရာက ဤသို့ဆိုသည်- ဟကီးမ် (ရဿွိယလ္လာဟုအန်ဟု) ကွယ်လွန်ချိန်တွင် ၎င်းသည် ကုရိုင်ရှ်မျိုးနွယ်ထဲတွင် ပစ္စည်းဥစ္စာအကြွယ်ဝဆုံးသောသူဖြစ်သည်။

التصنيفات

လောကီချစ်စိတ်ကို ရှုံ့ချခြင်း။