إعدادات العرض
အာဒမ်၏သားမြေးတိုင်းသည် အလွန်ပင် အမှားကျူးလွန်သူများဖြစ်ကြသည်။ ထိုသို့ အမှားကျူးလွန်သူတို့အနက်…
အာဒမ်၏သားမြေးတိုင်းသည် အလွန်ပင် အမှားကျူးလွန်သူများဖြစ်ကြသည်။ ထိုသို့ အမှားကျူးလွန်သူတို့အနက် အကောင်းဆုံးသူမှာ အလွန်အမှားဝန်ချတောင်းပန်သူများပင် ဖြစ်ကြသည်။
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အာဒမ်၏သားမြေးတိုင်းသည် အလွန်ပင် အမှားကျူးလွန်သူများဖြစ်ကြသည်။ ထိုသို့ အမှားကျူးလွန်သူတို့အနက် အကောင်းဆုံးသူမှာ အလွန်အမှားဝန်ချတောင်းပန်သူများပင် ဖြစ်ကြသည်။
[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] [အိဗ်နုမာဂျဟ်ကျမ်း။ - သိရ်မိဇီကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။ - အဒ်ဒါရိမီက ဆင့်ပြန်ခဲ့သည်။]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip සිංහල தமிழ்الشرح
လူသားသည် အပြစ်နှင့် မကင်းပေ။ အဘယ်ကြောင့်ဆိုသော် လူသားတွင် အားအင်ချည့်နဲ့မှုသည် ပင်ကိုဗီဇအဖြစ်ရှိနေပြီး မိမိအရှင်မြတ်က အမိန့်ပေးထားသည့် အရာများကို နာခံခြင်းနှင့် တားမြစ်ထားသည့် အရာများကို ရှောင်ကြဉ်ခြင်းတို့တွင် လိုက်နာမှု မရှိသည့်အတွက်ဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှု၏ တံခါးကို ဖွင့်ပေးထားပြီး ထိုသို့ အလွန်ပင်အမှားကျူးလွန်ကြသူများအနက် အကောင်းဆုံးသူသည် မြောက်မြားစွာ အမှားဝန်ချတောင်းပန်သူများပင် ဖြစ်ကြောင်း အသိပေးထားသည်။فوائد الحديث
အမှားကျူးလွန်ခြင်းနှင့် အကုသိုလ်ထဲ၌ ကျရောက်ခြင်းတို့သည် လူသား၏ ပင်ကိုဗီဇပင်ဖြစ်သည်။ မုအ်မင်န်သည် အကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိပါက အလျင်အမြန် သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်မှုပြုရန် တာဝန်ရှိသည်။
التصنيفات
‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်ခြင်း။