‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်ခြင်း။

‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်ခြင်း။

2- ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။

3- ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် နေ့တွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် ညတွင် မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ထိုနည်းတူ ညတွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် နေ့တွင်မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ( အရှင်မြတ်သည် ဤသို့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံခြင်းမှာ ) နေသည် အနောက်အရပ်မှ ထွက်ပေါ်လာသည့် အချိန်ထိတိုင်အောင်ဖြစ်သည်။