- "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ အသင့်အား အန္တရာယ်ပေးသော…

- "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ အသင့်အား အန္တရာယ်ပေးသော အရာတိုင်းမှ၊ သက်ရှိအားလုံး၏ ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိ (နဇရ်ထိခြင်း) မှ (ကာကွယ်တော်မူရန်)။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုကုသပေးပါ၏။

အဘူစအီဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ဂျစ်ဗ်ရီလ် (အလိုင်ဟိစ္စလာမ်) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး ဤသို့ မေးမြန်းခဲ့သည်- အို-မုဟမ္မဒ် အသင် သည် နာမကျန်းဖြစ်နေပါသလား။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဟုတ်ပါသည် ဟု ဖြေကြားခဲ့သည်။ ထိုအခါ ဂျီဗ်ရီလ် (အလိုင်ဟိစ္စလာမ်) က ဤသို့ ပြောခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ အသင့်အား အန္တရာယ်ပေးသော အရာတိုင်းမှ၊ သက်ရှိအားလုံး၏ ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိ (နဇရ်ထိခြင်း) မှ (ကာကွယ်တော်မူရန်)။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုကုသပေးပါ၏။"

[صحيح] [رواه مسلم]

الشرح

ကောင်းကင်တမန် ဂျစ်ဗ်ရီလ်အလိုင်ဟစ္စလာမ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး ဤသို့ မေးမြန်းခဲ့သည်။ "အို-မုဟမ္မဒ်၊ အသင် နာမကျန်းဖြစ်နေပါသလား" ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်ပါသည်" ဟု ဖြေကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ် (အလိုင်ဟစ္စလာမ်) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အောက်ပါအတိုင်း ရွတ်ဖတ်၍ မန်းမှုတ်ပေးတော်မူသည် - "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် တစ်နည်း (အရှင်မြတ်အား အကူအညီယူ၍) ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ပါ၏၊ အသင့်အား အန္တရာယ်ပြုသော အရာအားလုံးမှ (အသေးစား၊ အကြီးစား အန္တရာယ်အားလုံးမှ)၊ သက်ရှိတိုင်း၏ မကောင်းသော ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိမှ (သင့်အား ထိခိုက်စေခြင်းမှ) အလ္လာဟ်အရှင်မြတ်ထံ အကာအကွယ်ယူပါ၏။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား ရောဂါတိုင်းမှ သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏) ဟူသောစာပိုဒ်အား လေးနက်စေရန်အတွက် နှစ်ကြိမ်တိုင်တိုင် ရွတ်ဆိုတော်မူခြင်းဖြစ်သည်။ အစတွင်လည်းကောင်း၊ အဆုံးတွင်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် စတင်ခြင်းနှင့် အဆုံးသတ်ခြင်းသည် အကျိုး ကျေးဇူးပေးနိုင်သူမှာ ထိုအရှင်မြတ်တစ်ပါးတည်းသာဖြစ်ကြောင်း ညွှန်းဆိုလိုခြင်းဖြစ် သည်။

فوائد الحديث

၁။ စိတ်ပျက်ခြင်း သို့မဟုတ် မကျေမနပ်ဖြစ်ခြင်းကို‌ ဖော်ပြရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ ဖြစ်ပျက်နေသော အခြေအနေကို ရှင်းပြရန် ရည်ရွယ်ချက်ဖြင့် မိမိ၏ နာမကျန်းဖြစ်မှုအခြေအနေကို ပြောပြခွင့် ရှိသည်။

၂။ ရွတ်က်ရဟ် (မန်းမှုတ်ကုသခြင်း) ပြုလုပ်ခြင်းသည် အောက်ပါစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခွင့် ရှိသည်။

( ၁ ) ကုရ်အာန်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်၊ တရားတော်၌လာရှိသော ဒုအာများဖြင့် ပြုလုပ်ရမည်။

(၂ ) အရဗီဘာသာစကားဖြင့် သို့မဟုတ် အဓိပ္ပာယ်ကို နားလည်နိုင်သော အခြားဘာသာစကားများဖြင့် ပြုလုပ်ရမည်။

( ၃ ) ရွတ်က်ရဟ်(မန်းမှုတ်ခြင်း)သည် မိမိပင်ကိုယ်အာနိသင်ကြောင့် သက်ရောက်မှုရှိခြင်းမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်သာ အာနိသင်သက်‌ရောက်မှု ရှိခြင်းဖြစ်သည်ဟု ယုံကြည်ရမည်။ ၎င်းသည် အကြောင်းခံတစ်ခုသာဖြစ်ပြီး အရှင်မြတ်၏ခွင့်ပြုချက်မရှိလျှင် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပါ။

( ၄ ) ရှိရ်က် (တွဲဖက်ကိုးကွယ်မှု)၊ ဟရာမ် (တားမြစ်ထားသောအရာ)၊ ဗိဒ်အသ်တရားသစ်တီထွင်မှု စသည်တို့မှ ကင်းလွှတ်ရမည် သို့မဟုတ် ထိုအရာများဆီသို့ ဦးတည်စေသောအရာများ မပါရှိစေရ။

၃။ နဇရ်ထိခြင်းသည် အမှန်တကယ်ရှိပြီး ဘေးအန္တရာယ် ဖြစ်စေနိုင်‌ကြောင်း အတည်ပြုထားခြင်း။ ထို့ကြောင့် ၎င်းမှ ကာကွယ်ရန် မန်းမှုတ်ကုသ‌ခိုင်းခြင်းကို ပြုလုပ်သင့်သည်။

၄။ ဟဒီးဆ်တော်တွင် လာရှိထားသော ဒုအာများဖြင့် မန်းမှုတ်ကုသခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

၅။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အခြားလူသားများကဲ့သို့ပင် နာမကျန်းဖြစ်မှုများ ကြုံတွေ့နိုင်သည်။

၆။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်(မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား စောင့်ရှောက်ကာကွယ်တော်မူပြီး ကောင်းကင်တမန်များကို ၎င်းအား စောင့်ရှောက်ရန် တာဝန်ပေးအပ်ထားတော်မူခြင်း။

التصنيفات

ရှရိအဟ် တရားတော်လာ မန်းမှုတ်ခြင်း။