إعدادات العرض
“အချို့သော အုပ်စုများသည် ဂျုမုအဟ်ဆွလာသ်များကို စွန့်ခွာခြင်းမှ ဧကန်မလွဲ ရှောင်ကြဉ်ကြလိမ့်မည်။…
“အချို့သော အုပ်စုများသည် ဂျုမုအဟ်ဆွလာသ်များကို စွန့်ခွာခြင်းမှ ဧကန်မလွဲ ရှောင်ကြဉ်ကြလိမ့်မည်။ သို့မဟုတ်ပါက အလ္လာဟ်အရှင်မြတ်သည် သူတို့၏ နှလုံးသားများကို ဧကန်မလွဲ တံဆိပ်ခတ်တော်မူမည်။ ထို့နောက် သူတို့သည် ဧကန်မလွဲ သတိမေ့နေသူများထဲတွင် ပါဝင်သွားကြလိမ့်မည်။
အဗ်ဒုလ္လာဟ် ဗင်န် အုမရ်နှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့က ဆင့်ပြန်ခဲ့သည်။ ဧကန်အမှန်ပင် ၎င်းတို့နှစ်ဦးသည် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ တရားဟောစင်မြင့်ပေါ်တွင် ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ကြသည်- “အချို့သော အုပ်စုများသည် ဂျုမုအဟ်ဆွလာသ်များကို စွန့်ခွာခြင်းမှ ဧကန်မလွဲ ရှောင်ကြဉ်ကြလိမ့်မည်။ သို့မဟုတ်ပါက အလ္လာဟ်အရှင်မြတ်သည် သူတို့၏ နှလုံးသားများကို ဧကန်မလွဲ တံဆိပ်ခတ်တော်မူမည်။ ထို့နောက် သူတို့သည် ဧကန်မလွဲ သတိမေ့နေသူများထဲတွင် ပါဝင်သွားကြလိမ့်မည်။"
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी ភាសាខ្មែរ دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore پښتو ಕನ್ನಡ Türkçe Bosanski فارسی Shqip Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏ တရားဟောစင်မြင့်ပေါ်တွင်ရှိစဉ် ဂျုမုအဟ်ဆွလားသ်ဝတ်ပြုခြင်းကို ပေါ့ဆမှုကြောင့်ဖြစ်စေ၊ ပျင်းရိမှုကြောင့်ဖြစ်စေ၊ အကြောင်းမဲ့ စွန့်လွှတ်ခြင်းနှင့် နောက်ကျကျန်နေခြင်းတို့မှ သတိပေးနှိုးဆော်တော်မူခဲ့သည်။ သို့မဟုတ်ပါက အလ္လာဟ်အရှင်မြတ်သည် သူတို့၏ နှလုံးသားများကို တံဆိပ်ခတ်တော်မူပြီး ဖုံးအုပ်ကာ အမှန်တရားကို လိုက်နာခြင်းမှ တားဆီးသော အတားအဆီးတစ်ခု ဖြစ်စေတော်မူလိမ့်မည်။ ထို့နောက် သူတို့သည် ကောင်းမှု၏ အကြောင်းတရားများမှ မေ့လျော့သူများ၊ ဝတ်ပြုကိုးကွယ်မှုများကို စိတ်မဝင်စားသူများထဲမှ ဖြစ်သွားကြလိမ့်မည်။فوائد الحديث
ဂျုမုအဟ်ဆွလားသ်ဝတ်ပြုခြင်းကို လစ်ဟင်းခြင်းနှင့် ပတ်သက်၍ ပြင်းထန်စွာ သတိပေးထားပြီး၊ ယင်းသည် ကြီးလေး သောအပြစ်များထဲမှ တစ်ခုဖြစ်ကြောင်း (ဖော်ပြထားသည်)။
အိမာမ်နဝဝီက ဤဟဒီးစ်တွင် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုခြင်းသည် ဖရ်ဿ်ွအိုင်းန် (အမျိုးသားတစ်ဦးချင်းစီ မဖြစ်မနေပြုရမည့် တာဝန်ဝတ္တရား) ဖြစ်ကြောင်း အ ထောက်အထားရှိသည်ဟု မိန့်ကြားခဲ့သည်။
ခွသ်ဗဟ်ဟောပြောချက်အတွက် စင်မြင့်ကို အသုံးပြုခြင်းသည် ခွင့်ပြုထားသောအချက်ဖြစ်သည်။
အိမာမ်ဆင်န်ဒီက မိန့်ဆိုသည်မှာ- ဟဒီးစ်တော်၏ အလိုသဘောမှာ အချက်နှစ်ချက်အနက် တစ်ချက်သည် မဖြစ်မနေဖြစ်ပေါ်လိမ့်မည် - လူများသည် ဂျုမုအဟ်ဆွလားသ်ဝတ်ပြုခြင်းများကို စွန့်လွှတ်ခြင်းမှ ရှောင်ကြဉ်ကြလိမ့်မည်၊ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများပေါ်တွင် တံဆိပ်ခတ်တော်မူမည်။ အကြောင်းမှာ ဂျုမုအဟ်ဆွလားသ်ဝတ်ပြုခြင်းကို စွန့်လွှတ်သည့်အကျင့်သည် နှလုံးသားပေါ်၌ သံချေးတက်ခြင်းကို လွှမ်းမိုးစေပြီး စိတ်ဝိညာဉ်များကို ဝတ်ပြုကိုးကွယ်မှုများမှ စိတ်မပါစေခြင်းကို ဖြစ်ပေါ်စေသည်။
ဟောပြောသူနှင့် သတိပေးနှိုးဆော်သူသည် မိမိ သတိပေးလိုသောပုဂ္ဂိုလ်များကို အမည်ဖော်ပြခြင်းမပြုဘဲ ထားသင့်သည်။ အကြောင်းမှာ ဤသို့ပြုခြင်းသည် ဆုံးမစကားကို လက်ခံရန် နှင့် အမိန့်များကို လိုက်နာရန် ပိုမိုလွယ်ကူစေသောကြောင့်ဖြစ်သည်။
التصنيفات
Virtue of Friday