إعدادات العرض
နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည်…
နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် အကောင်းဆုံးစကား(ကုရ်အာန်)ဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ သူတို့သည် အစ္စလာမ်မှထွက်ခွာသွားကြလိမ့်မည်
အလီ(ရဿွိယလ္လာဟုအန်ဟု) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက “ ကျွန်ုပ် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ဟဒီးစ်ဆင့်ပြန်ပြောကြားသည့်အခါ၊ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် မဟုတ်မမှန်လိမ်လည်ပြောဆိုမိခြင်းထက် မိုးကောင်းကင်မှ ပြုတ်ကျခြင်းကို ကျွန်ုပ် ပိုမိုနှစ်သက်ပါသည်။ သို့သော်ကျွန်ုပ် အသင်တို့ကို ကျွန်ုပ်နှင့်အသင်တို့ကြား ဖြစ်ခဲ့သည့် ကိစ္စရပ်ကိုပြောကြားရမည်ဆိုလျင်တော့ စင်စစ် စစ်ပွဲသည် လှည့်ဖျားမှု ဖြစ်သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရသည်- "နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် အကောင်းဆုံးစကား(ကုရ်အာန်)ဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ သူတို့သည် အစ္စလာမ်မှထွက်ခွာသွားကြလိမ့်မည်။ သူတို့၏ အီမာန်ယုံကြည်ခြင်းသည် လည်ချောင်းများ ကိုကျော်လွန်မည် မဟုတ်ပေ။ (နှလုံးသားထဲထိ အီမာန်ရောက်ရှိမည် မဟုတ်ပေ။) ထို့ကြောင့် သင်တို့သည် သူတို့ကို မည်သည့်နေရာ၌ပင် တွေ့သည်ဖြစ်စေ သတ်ပစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သူတို့ကို သတ်ခြင်းသည် သတ်သူအတွက် ကိယာမသ်နေ့၌ အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။”
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी ភាសាខ្មែរ دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore پښتو ಕನ್ನಡ Türkçe Bosanski हिन्दीالشرح
အမီရုလ်မုအ်မိနီးန် အလီ ဗင်န် အဘီသွာလစ်ဗ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်− “သင်တို့သည် ကျွန်ုပ်အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ဟဒီးသ်တစ်ခုခုကို ပြောကြားနေသည်ကို ကြားရသောအခါ (သိမှတ်ထားကြလော့။) ကျွန်ုပ်သည် မည်သည့်အရာကိုမျှ သွယ်ဝိုက်ပြောဆိုခြင်း၊ အရိပ်အမြွက်ဖြင့်ပြောဆိုခြင်း၊ ဖုံးကွယ်၍ပြောဆိုခြင်းမပြုဘဲ အတိအလင်းရှင်းလင်းစွာ ပြောဆိုပါသည်။ ကျွန်ုပ်အတွက် မိုးကောင်းကင်မှ ပြုတ်ကျခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် မဟုတ်မမှန်လိမ်ညာ၍ ဟဒီးစ်ဆင့်ပြန် ခြင်းထက် များစွာပို၍ လွယ်ကူပြီး ပေါ့ပါးပါသည်။ သို့ရာတွင် ကျွန်ုပ်နှင့်လူတို့ကြား ဖြစ်ခဲ့သည့်ကိစ္စရပ်ကို ပြောကြားရမည်ဆိုလျင်တော့ (ကျွန်ုပ်သည် လူများကြားတွင် မိမိကိုယ်ကို ကာကွယ်ရန် ပြောဆိုရသည့် အခြေအနေ၌ (စစ်ပွဲတွင်း၌) ဆိုလျှင်မူ) စင်စစ် စစ်ပွဲသည် လှည့်စားမှုပရိယယ်သာလျှင် ဖြစ်၏။ သို့ဖြစ်၍ ကျွန်ုပ်သည် သွယ်ဝိုက်ပြောဆိုခြင်း၊ အရိပ်အမြွက်ဖြင့်ပြောဆိုခြင်း၊ ဖုံးကွယ်၍ပြောဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်သည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤသို့ မိန့်ကြား သည်ကို ကြားခဲ့ရပါသည်− ‘ နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် ကုရ်အာန်ဖြင့်(အထောက်အထားပေးကာ) ပြောဆိုကြပြီး ကုရ်အာန်ကို အလွန်အမင်း ရွတ်ဖတ်ကြလိမ့်မည်။ သို့သော် သူတို့သည် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ အစ္စလာမ်မှထွက်ခွာသွားကြမည်ဖြစ်ပြီး၊ ယင်း၏ နယ်နိမိတ်များ(တားမြစ်ချက်များ)ကို ကျူးလွန်ကြလိမ့်မည်။ သူတို့၏ အီမာန်ယုံကြည်ခြင်းသည် လည်ချောင်းများ ကိုကျော်လွန်မည် မဟုတ်ပေ။ (နှလုံးသားထဲထိ အီမာန်ရောက်ရှိမည် မဟုတ်ပေ။) ထို့ကြောင့် သင်တို့သည် သူတို့ကို မည်သည့်နေရာ၌ပင် တွေ့သည်ဖြစ်စေ သတ်ပစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သူတို့ကို သတ်ခြင်းသည် သတ်သူအတွက် ကိယာမသ်နေ့၌ အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။فوائد الحديث
၁။ (ဤဟဒီးစ်တော်တွင်) ခဝါရစ်ဂျ် (ခွဲထွက်သူများ)၏ အင်္ဂါရပ်အချို့ကို ဖော်ပြထားခြင်း။
၂။ ဤဟဒီးစ်တော်တွင် နဗူဝသ်၏ သက်သေလက္ခဏာတော်များထဲမှ တစ်ခုပါရှိသည်။ အကြောင်းမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နောင်တွင် ဖြစ်ပျက်မည့်အရာကို ကြိုတင်မိန့်ကြားတော်မူခဲ့ပြီး၊ အမိန့်ရှိတော်မူသည့်အတိုင်း အတိအကျ ဖြစ်ပျက်ခဲ့သောကြောင့် ဖြစ်သည်။
၃။ စစ်ပွဲတွင် ထိန်ချန်ပြောဆိုခြင်းနှင့် အရိပ်အမြွက်ဖြင့်ပြောဆိုခြင်းကို ခွင့်ပြုထားသည်။ စစ်ပွဲအတွင်း လှည့်ဖြားခြင်းမှာ ထိန်ချန်ပြောဆိုခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းနှင့် အလားတူနည်းများဖြင့်လည်းကောင်း ပြုလုပ်နိုင်သည်။ သို့သော် စာချုပ်နှင့် လုံခြုံရေး ကတိဝန်ခံချက်ကိုမူ မချိုးဖောက်ရ။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းမှ တားမြစ်ချက် လာရှိထားသောကြောင့်ဖြစ်သည်။
၄။ အိမာမ်နဝဝီက "يَقُولُونَ مِنْ خَيْرِ قَوْلِ الْبَرِيَّةِ" (သူတို့သည် အကောင်းဆုံးစကား(ကုရ်အာန်)ဖြင့် ပြောဆိုကြလိမ့်မည်) ဟူသော မိန့်ကြားချက်နှင့်ပတ်သတ်၍ ဤသို့ ရှင်းလင်းဖွင့်ဆိုခဲ့သည်၊ ၎င်း၏ အဓိပ္ပာယ်မှာ- ဤသူတို့သည် အပေါ်ယံအသွင်အပြင်အားဖြင့် ကောင်း
သောစကားများကို ဆိုကြသည်။ ဥပမာ- “အမိန့်ဟူသမျှသည် အလ္လာဟ်အရှင်မြတ်အတွက်သာ” ဟုဆိုခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော် (ကုရ်အာန်) ဘက်သို့ ဖိတ်ခေါ်ခြင်း စသည်တို့ကဲ့သို့ အခြားသောစကားများ ဖြစ်သည်။
၅။ အစ်ဗ်နုဟဂျရ်က "لَا يُجَاوِزُ إِيمَانُهُمْ حَنَاجِرَهُمْ" (သူတို့၏ အီမာန်သည် သူတို့၏ လည်ချောင်းများကို မကျော်လွန်နိုင်ပေ) ဟူသော မိန့်ကြားချက်နှင့်ပတ်သတ်၍ ဤသို့ ရှင်းလင်းဖွင့်ဆိုခဲ့သည်- ဆိုလိုသည်မှာ အီမာန်သည် သူတို့၏ နှလုံးသားထဲတွင် ခိုင်မြဲစွာ မစွဲမြဲခြင်းပင် ဖြစ်သည်။ အကြောင်းမှာ လည်ချောင်းနားတွင် ရပ်တန့်ပြီး ရှေ့သို့မဆက်နိုင်သောအရာသည် နှလုံးသားသို့ မရောက်နိုင်သောကြောင့်ဖြစ်သည်။
၆။ ကာဿွီအိယာဿ်ွက မိန့်ဆိုခဲ့သည်မှာ - ပညာရှင်အားလုံးက အောက်ပါအချက်၌ သဘောတူညီမှု ရှိကြသည်- ၎င်းမှာ အကယ်၍ ခဝါရစ်ဂျ်များနှင့် သူတို့နှင့်တူသော အခြားသော ဗိဒ်အသီအယူမှားဂိုဏ်းများနှင့် ပုန်ကန်သောအုပ်စုများသည် အိမာမ် (မွတ်စ်လင်မ်များ၏ ခေါင်းဆောင် သို့မဟုတ် လက်ရှိအစိုးရ) ကို ဆန့်ကျင်ပုန်ကန်ပါက၊ လမ်းစဉ်မှန်မှ ခွဲထွက်ကာ ညီညွတ်မှုကို ဖျက်ဆီးပါက၊ ထိုသူတို့အား ဦးစွာ သတိပေးနှိုးဆော်ခြင်းနှင့် ဆင်ခြင်ဝင်ခွင့်ပေးခြင်းတို့ ပြုလုပ်ပြီးနောက် ၎င်းတို့ကို တိုက်ခိုက်ရန် အရေးကြီးသည်။
