إعدادات العرض
ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း…
ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း ခြေသည်းညှပ်ရန်၊ ချိုင်းမွှေးနုတ်ရန်၊ ချက်အောက်မွှေးရိတ်ရန်နှင့် ထိုအရာများအား ရက်ပေါင်း (၄၀) ထက်ကျော်လွန်ပြီး မထားကြရန် အချိန်သတ်မှတ်ပေးခြင်း ခံထားရသည်။
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း ခြေသည်းညှပ်ရန်၊ ချိုင်းမွှေးနုတ်ရန်၊ ချက်အောက်မွှေးရိတ်ရန်နှင့် ထိုအရာများအား ရက်ပေါင်း (၄၀) ထက်ကျော်လွန်ပြီး မထားကြရန် အချိန်သတ်မှတ်ပေးခြင်း ခံထားရသည်။"
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili English অসমীয়া ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português తెలుగు मराठी ភាសាខ្មែរ دری አማርኛ বাংলা Kurdî Македонски Tagalog Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ Türkçe پښتو Bosanski हिन्दीالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသားတစ်ဦးအတွက် နှုတ်ခမ်း မွေးညှပ်ခြင်း၊ လက်သည်းခြေသည်းညှပ်ခြင်း၊ ချိုင်းမွှေးနုတ်ခြင်းနှင့် ချက်အောက်မွှေးရိတ်ခြင်းတို့ကို ရက်(၄၀)ထက် မကျော်လွန်စေရန် အချိန်သတ်မှတ်ပေးတော်မူခဲ့သည်။فوائد الحديث
အိမာမ်ရှောင်ဝ်ကာနီက ဤသို့ဆိုသည်- "ရွေးချယ်ထားသည့်အဆိုမှာ- (ဤအရာများကို) တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သတ်မှတ်ပေးခဲ့သည့် ရက်(၄၀) အတွင်း ကန့်သတ်ထားသင့်သည်။ ထိုသတ်မှတ်ချက်ကို ကျော်လွန်ခွင့်မရှိပေ။ ထို့ပြင် အမွှေးအမျှင်များရှည်လာသည့်တိုင် ထိုအကန့်အသတ် ရက်ပေါင်း (၄၀) သို့ မရောက်မီ ဖြတ်တောက်ခြင်း သို့မ ဟုတ် အလားတူအရာကို စွန့်လွှတ်သူအား တမန်တော်မြတ်၏ စွန္နသ်တော်နှင့် ဆန့်ကျင်သူဟု မသတ်မှတ်ရပါ။
အိဗ်နုဟိုဗိုင်ရဟ်က ဤသို့ဆိုသည်- "ဤဟဒီးစ်တော်သည် ယင်းကိစ္စကို နောက်ဆိုင်းခြင်း၏ အဆုံးစွန်သော အချိန်ကန့်သတ်ချက်ကို ဖော်ပြထားသည်။ သို့ရာ တွင် အကောင်းဆုံးမှာ ယင်းအချိန်ကန့်သတ်ချက်မတိုင်မီပင် ထိုကိစ္စကို ဆောင်ရွက်ခြင်းဖြစ်သည်။
၁။ အစ္စလာမ်သာသနာ၏ သန့်ရှင်းမှု၊ စင်ကြယ်မှုနှင့် အလှဆင်မှုအပေါ် ဂရုစိုက်ပုံ။
၂။ နှုတ်ခမ်းမွှေးညှပ်ခြင်း - အပေါ်နှုတ်ခမ်းပေါ်ရှိ အမွှေးအမျှင်များကို ဖြတ်ယူခြင်း။
၃။ ချိုင်းမွှေးနုတ်ခြင်း - ချိုင်းကြားတွင် ပေါက်သော အမွှေးများကို ဖယ်ရှားခြင်း။ (ချိုင်းကြားသည် ပခုံးအဆစ်အောက်ရှိ နေရာဖြစ်သည်။)
၄။ ချက်အောက်မွှေးရိတ်ခြင်း - အမျိုးသား၊ အမျိုးသမီးတို့၏ လိင်အင်္ဂါတစ်ဝိုက်ရှိ ကြမ်းတမ်းသော အမွှေးများကို ဖယ်ရှားခြင်း။
التصنيفات
အမူအကျင့်ဆိုင်ရာ စွန္နသ်တော်များ။