إعدادات العرض
သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိရဲ့ညီနောင်ကို လက်နက်ဖြင့် ချိန်ရွယ်ခြင်းမပြုရ။ အဘယ်ကြောင့်ဆိုသော်…
သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိရဲ့ညီနောင်ကို လက်နက်ဖြင့် ချိန်ရွယ်ခြင်းမပြုရ။ အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် သူ၏လက်ထဲက လက်နက်ကို လွတ်ထွက်စေနိုင်သည်ဆိုသည်ကို သူမသိသောကြောင့် ဖြစ်သည်။ ထိုသို့အားဖြင့် သူသည် ဂျဟန္နမ်ငရဲမီး၏ တွင်းတစ်တွင်းသို့ ကျရောက်သွားလိမ့်မည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိရဲ့ညီနောင်ကို လက်နက်ဖြင့် ချိန်ရွယ်ခြင်းမပြုရ။ အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် သူ၏လက်ထဲက လက်နက်ကို လွတ်ထွက်စေနိုင်သည်ဆိုသည်ကို သူမသိသောကြောင့် ဖြစ်သည်။ ထိုသို့အားဖြင့် သူသည် ဂျဟန္နမ်ငရဲမီး၏ တွင်းတစ်တွင်းသို့ ကျရောက်သွားလိမ့်မည်။"
الترجمة
العربية Tiếng Việt অসমীয়া Nederlands Indonesia Kiswahili Hausa සිංහල English ગુજરાતી Magyar ქართული Română Русский Português ไทย తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Tagalog ភាសាខ្មែរ Українська ਪੰਜਾਬੀ پښتو Wolof Moore മലയാളം हिन्दी Svenska Bosanski தமிழ் 中文 ಕನ್ನಡالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏အခြားမွတ်စ်လင်မ် ညီနောင်တစ်ဦးကို မည်သည့်လက်နက်အမျိုးအစားဖြင့်မဆို ချိန်ရွယ်ခြင်းမပြုရန် တားမြစ်သတိပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ချိန်ရွယ်မိပါက ရှိုင်သွာန်သည် ထိုသူ၏လက်၌ရှိသောလက်နက်ကို လှုပ်ရှားစေရန် သွေးဆောင်နိုင်ပြီး၊ ထို့နောက် မိမိ၏ညီအစ်ကိုကို သတ်မိခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်းဖြင့် ဂျဟန္နမ်ငရဲမီး၏ တွင်းတစ်တွင်းသို့ ကျရောက်စေမည့် အပြစ်သို့ ကျရောက်သွားနိုင်သည်ကို မသိနိုင်သောကြောင့်ဖြစ်သည်။فوائد الحديث
၁။ မွတ်စ်လင်မ်တစ်ဦး၏ သွေးသည် အလွန်မြင့်မြတ်ကြောင်း ဖော်ပြထားခြင်း။
၂။ မွတ်စ်လင်မ်တစ်ဦးကို ဂုဏ်ပေးလေးစားရန်နှင့် စကားဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ ၎င်းအားထိခိုက်နစ်နာစေခြင်းမှ ရှောင်ကြဉ်ရန် အရေးကြီးသည်။ ထိုသို့ထိခိုက်နစ်နာစေခြင်းအနက်တစ်ခုမှာ နောက်ပြောင်ကျီစယ်သည့်အနေဖြင့်ပင် ဖြစ်စေ၊ သံ သို့မဟုတ် လက်နက်ဖြင့် ချိန်ရွယ်ခြင်းလည်း ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် (ထိုသို့ချိန်ရွယ်မိပါက) ရှိုင်သွာန်သည် ထိုသူ၏လက်၌ ဝင်ရောက်စွက်ဖက်ကာ မိမိ၏ညီနောင်ကို သတ်ဖြတ်ရန် လွဲမှားစွာ စေ့ဆော်နိုင်သည်၊ သို့မဟုတ် သူ၏လက်ထဲက လက်နက်ကို လွတ်ထွက်စေကာ မရည်ရွယ်ဘဲ မိမိ၏ညီနောင်ကို ထိခိုက်နစ်နာစေနိုင်သောကြောင့်ဖြစ်သည်။
၃။ ဆိုးကျိုးဆီသို့ ဦးတည်စေနိုင်သော အရာများကို တားမြစ်ခြင်းဖြင့် ပိတ်ပင်ရန်။
၄။ လူ့အဖွဲ့အ စည်း၏ ငြိမ်းချမ်းရေး၊ လူအချင်းချင်းကြား ဆက်ဆံရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် အမူအရာ သို့မဟုတ် ခြိမ်း ခြောက်ခြင်းဖြင့်ပင် အခြားသူများကို ထိတ်လန့်စေခြင်းမပြုရန် ဆန္ဒထားခြင်း။
التصنيفات
ရာဇ၀တ်မှုများ။