إعدادات العرض
- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျောက်ခဲသုံးခဲထက်နည်း၍ သန့်စင်မှုမပြုလုပ်ကြလေနှင့်။
- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျောက်ခဲသုံးခဲထက်နည်း၍ သန့်စင်မှုမပြုလုပ်ကြလေနှင့်။
စလ်မားန် ( ရဿွိယလ္လာဟာအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ မုရှ်ရိက်တို့က ကျွန်ုပ်တို့အား (ပြက်ရယ်ပြုသည့်အနေဖြင့်) ပြောဆိုခဲ့ကြသည်။ ကျွန်ုပ်သည်( မုရှ်ရိက်တစ်ဦးက) အသင်တို့၏မိတ်ဆွေ(တမန်တော်မြတ်)အား အသင်တို့ကို (ကိစ္စရပ်တိုင်းကို) သင်ကြားပေးကာ နောက်ဆုံး အပေါ့အလေးစွန့်သည့် ကိစ္စအထိ သင်ကြားပေးသည်ကို တွေ့မြင်ရသည်။ ထိုအခါ စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု) က ဟုတ်ပါသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့ထဲမှ တစ်ဦးတစ်ယောက်သည် သူ၏ညာဘက်လက်ဖြင့် သန့်စင်မှုပြုလုပ်ခြင်း၊ ( အပေါ့၊အလေးစွန့်ရာတွင် ) ကိဗ်လဟ်ဘက်သို့ မျက်နာမူခြင်း၊ တိရိစ္ဆာန်၏မစင်ခြောက်နှင့် အရိုးတို့ဖြင့် သန့်စင်မှုပြုလုပ်ခြင်းတို့မှ ကျွန်ုပ်တို့အား တားမြစ်တော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျောက်ခဲသုံးခဲထက်နည်း၍ သန့်စင်မှုမပြုလုပ်ကြလေနှင့်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Tiếng Việt Magyar ქართული සිංහල Kiswahili Română অসমীয়া ไทย Português मराठी دری አማርኛ ភាសាខ្មែរ ગુજરાતી Nederlands Македонски ਪੰਜਾਬੀ മലയാളം ಕನ್ನಡ తెలుగుالشرح
စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု) က ပြောသည်မှာ- မုရှ်ရိက်တို့က ကျွန်ုပ်တို့အား ပြက်ရယ်ပြု၍ ပြောဆိုခဲ့ကြသည်။ သင်တို့၏နဗီတမန်တော်သည် သင်တို့အား အရာရာတိုင်းကို သင်ပေးသည်၊ သင်တို့ အပေါ့၊အလေးစွန့်ရာတွင် မည်သို့ပြုလုပ်ရမည်ကိုပင် သင်ကြားပေးသည်။ စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု)က ပြန်လည် ဖြေကြားခဲ့သည်မှာ-ဟုတ်ပါသည်။ တမန်တော်မြတ်သည် ကျွန်ုပ်တို့အား အပေါ့၊အလေးစွန့်ခြင်း၏ စည်းကမ်းများကို သင်ပေးခဲ့သည်။ ထိုသင်ကြားချက်များထဲမှ တစ်ခုမှာ- ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အပေါ့၊အလေးစွန့်ပြီးနောက် ညာလက်ဖြင့် သန့်စင်မှုမပြုလုပ်ရန် တားမြစ်ခဲ့သည်။ ဤသည် ညာလက်ကို အညစ်အကျေးမှ ကာကွယ်ရန်နှင့်၊ ညာလက်ကို ဂုဏ် ပေးသည့်အနေဖြင့် ဖြစ်သည်။ ထို့ပြင် အပေါ့၊အလေးစွန့်သည့်အခါ ကအ်ဗဟ်ကျောင်းတော်ဘက်သို့ မျက်နှာမမူရန် တားမြစ်ခဲ့သည်။ ထို့အတူ ကျွဲ၊ နွား စသည့်တိရစ္ဆာန်များ၏ မစင်ခြောက်များ သို့မဟုတ် ၎င်းတို့၏ အရိုးများဖြင့် သန့်စင်မှု မပြုလုပ်စေရန် တားမြစ်ခဲ့ပြီး၊ သန့်စင်မှုပြုလုပ်ရာတွင် ကျောက်ခဲသုံးခဲထက် နည်းသောအရေအတွက်ဖြင့် မတင်းတိမ်ရန် တားမြစ်တော်မူခဲ့သည်။فوائد الحديث
၁။ ရှရီအသ်တရားတော်သည် လူသားတို့၏လိုအပ်ချက်အားလုံးအတွက် စုံလင်ပြည့်စုံပြီး ကျယ်ပြန့်သော လမ်းညွှန်ချက်များပါရှိကြောင်း ရှင်းလင်းဖော်ပြထားခြင်း။
၂။ အိမ်သာတက်ခြင်းနှင့် သန့်စင်မှုပြုလုပ်ခြင်းဆိုင်ရာ စည်းကမ်းအချို့ကို ဖော်ပြထားခြင်း။
၃။ အပေါ့၊အလေးစွန့်နေစဉ် ကအ်ဗဟ်ကျောင်းတော်ဘက်သို့ မျက်နှာမူခြင်းမှ တားမြစ်ထားခြင်း - "ကျွန်ုပ်တို့အား တားမြစ်ခဲ့သည်" ဟူသော စလ်မာန်ဖာရစီ၏ ပြောဆိုချက်အရဖြစ်သည်။ တားမြစ်ချက်၏ မူလအမိန့်မှာ ဟရာမ်အဖြစ်သတ်မှတ်ခြင်းဖြစ်သည်။
၄။ ညာလက်ဖြင့် သန့်စင်မှုမပြုလုပ်ရန် တားမြစ်ထားခြင်းမှာ ညာလက်ကို ဂုဏ်ပေးသည့်အနေဖြင့် ထိုသို့တားမြစ်ခြင်း ဖြစ်သည်။
ညာလက်ကို ဘယ်လက်ထက် ပို၍ဦးစားပေးအလေးထားခြင်း။ အဘယ်ကြောင့်ဆိုသော် ဘယ်လက်ကို ညစ်ညမ်းမှုများနှင့် အညစ်အကြေးများ ဖယ်ရှားရန်အတွက် အသုံးပြုပြီး ညာလက်ကိုမူ အခြား(ကောင်းမွန်သန့်ပြန့်သော)ကိစ္စရပ်များအတွက် အသုံးပြုရသောကြောင့်ဖြစ်သည်။
အညစ်အကြေးသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရေသို့မဟုတ် ကျောက်ခဲများဖြင့် သန့်စင်ရန် အရေးကြီးသည်။
သုံးလုံးထက်ပို၍နည်းသည် ကျောက်ခဲများဖြင့် သန့်စင်ခြင်းမပြုရန် တားမြစ်ခြင်း။ အဘယ့်ကြောင့်ဆိုသော် ကျောက်ခဲသည် သုံးလုံးထက်နည်းပါကယေဘုယျအားဖြင့် သန့်စင်မှုကို မပြည့်စုံစေပါ။
သန့်စင်မှုနှင့် စင်ကြယ်မှုရည်ရွယ်ချက် ပြည့်မီပါက မည်သည့်အရာကိုမဆို အသုံးပြုနိုင်သည်။ တမန်တော်မြတ် (ဆွာလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) သည် ကျောက်ခဲများကို အထူးဖော်ပြခြင်းမှာ ၎င်းတို့သာ ထိုခေတ်အခါက လက်တွေ့အသုံးများသောကြောင့် ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် အခြားအရာများ အသုံးမပြုနိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။
အိစ်သိဂျ်မာရ် (ကျောက်ခဲများဖြင့် သန့်စင်ခြင်း) ကို မဂဏန်းအရေအ
တွက်ဖြင့် ပြုလုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ သန့်စင်မှု ရရှိပြီးဖြစ်လျှင်လည်း ကျောက်ခဲလေးတုံးအသုံးပြုထားပါက ပဉ္စမမြောက် တစ်တုံးထပ်မံတိုး၍အသုံးပြုရမည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "မည်သူမဆို ကျောက်ခဲများဖြင့် သန့်စင်ခြင်းပြုလုပ်လျှင် မဂဏန်းအရေအတွက်ဖြင့် ပြုလုပ်ပါ။"မိန့်တော်မူထားသောကြောင့်ဖြစ်သည်။
သိုး၊ဆိတ်၊နွားတို့၏ ချေးခြောက်ဖြင့် သန့်စင်ခြင်းမပြုလုပ်ရန်တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ညစ်ညမ်းသောအရာ (သို့မဟုတ်) ဂျင်န်သတ္တဝါများ၏ အစာအဖြစ် အသုံးပြုသောကြောင့်ဖြစ်သည်။
အရိုးဖြင့် သန့်စင်ခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ညစ်ညမ်းသောအရာ သို့မဟုတ် ဂျင်န်များကိုယ်တိုင် စားသုံးသည့် အစားအစာဖြစ်သောကြောင့် ဖြစ်သည်။
