إعدادات العرض
ကျမ်းမြတ်ကုရ်အာန်ကို ကျွမ်းကျင်စွာရွတ်ဖတ်သူသည် ဂုဏ်ရှိပြီးမြင့်…
ကျမ်းမြတ်ကုရ်အာန်ကို ကျွမ်းကျင်စွာရွတ်ဖတ်သူသည် ဂုဏ်ရှိပြီးမြင့် မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့် အတူရှိမည်။ ကျမ်းမြတ်ကုရ်အာန်သည် ၎င်းအပေါ်၌ ခက်ခဲပါလျက်နှင့် ယင်းကျမ်းမြတ်ကုရ်အာန်ကို ထစ်ထစ်ငေါ့ငေါ့ ရွတ်ဖတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ခုရှိပေသည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကျမ်းမြတ်ကုရ်အာန်ကို ကျွမ်းကျင်စွာရွတ်ဖတ်သူသည် ဂုဏ်ရှိပြီးမြင့် မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့် အတူရှိမည်။ ကျမ်းမြတ်ကုရ်အာန်သည် ၎င်းအပေါ်၌ ခက်ခဲပါလျက်နှင့် ယင်းကျမ်းမြတ်ကုရ်အာန်ကို ထစ်ထစ်ငေါ့ငေါ့ ရွတ်ဖတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ခုရှိပေသည်။"
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Tagalog Türkçe اردو 中文 हिन्दी Français සිංහල Hausa Kurdî Português Русский Tiếng Việt Kiswahili Nederlands অসমীয়া ગુજરાતી Magyar ქართული Română ไทย తెలుగు मराठी ភាសាខ្មែរ دری አማርኛ Македонски Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ پښتوالشرح
တမန်တော်မြတ် (ဆွလ္လလ္လာအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်− ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်သူ၊ ယင်းအား ကောင်းစွာကျက်မှတ်ထားသူ၊ခိုင်ခိုင်မာမာ အလွတ်ရထားသူ၊ ကျွမ်းကျင်စွာ ရွတ်ဖတ်တတ်သူသည် အာခိရသ်နောင်မလွန်တွင် ၎င်း၏အဆင့်အတန်းမှာ ဂုဏ်ရှိပြီးမြင့်မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့်အတူရှိမည့် အကျိုးကို ရရှိမည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူဖြစ်သော်လည်း ကျက်မှတ်နိုင်မှု အားနည်း၍ ထစ်ထစ်ငေါ့ငေါ့၊ တုံ့တုံ့ဆိုင်းဆိုင်းခက်ခဲစွာ ရွတ်ဖတ်ရသော်လည်း၊ ယင်းကို အမြဲရွတ်ဖတ်လေ့ရှိပြီး၊ မိမိအပေါ် ဒုက္ခအခက်ခဲရှိသော်လည်း စိတ်ရှည်သည်းခံကာ ဖတ်ရွတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ဆ ရှိမည်။ (ပထမအကျိုးဆုလဒ်မှာ) ကုရ်အာန်ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်ပြီး (ဒုတိယအကျိုးဆုလဒ်မှာ) ခက်ခဲပင်ပန်းမှုနှင့် တုံ့ဆိုင်းစွာ ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်သည်။فوائد الحديث
အကျိုးကုသိုလ်နှင့် ဆုလဒ်များရရှိရန်အတွက် ကျမ်းတော်မြတ်ကုရ်အာန်ကို အာဂုံဆောင်ခြင်း၊ ယင်းအား တိတိကျကျခိုင်ခိုင်မာမာ အလွတ်ရရှိအောင်ကျက်မှတ်ခြင်းနှင့် များမြောင်စွာရွတ်ဆိုရန် တိုက်တွန်းထားခြင်းနှင့် ယင်းသို့ပြုလုပ်သူ၏ အဆင့်
အတန်းမြင့်မားပုံကို ရှင်းလင်းတင်ပြထားခြင်း။
ကာဿွီအေယာဿ်ွက မိန့်ဆိုသည်မှာ “ဤဟဒီးစ်တော်၏ အလိုသဘောမှာ ကုရ်အာန်ကို ထစ်ထစ်ငေါ့ငေါ့ရွတ်ဖတ်သူသည် ကျွမ်းကျင်စွာရွတ်ဖတ်သူထက် အကျိုးကုသိုလ် ပို၍များပြားလှသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ စင်စစ် ကျွမ်းကျင်စွာရွတ်ဖတ်သူသည် အကျိုးကုသိုလ် ပို၍များပြားလှသည်။ အကြောင်းမှာ ထိုသူသည် ရေးမှတ်သောကောင်းကင်တမန်များနှင့်အတူရှိပြီး အလွန်များပြားသောအကျိုး
ကျေးဇူးများကို ရရှိသောကြောင့်ဖြစ်သည်။ ဤကဲ့သို့ မြင့်မားသောအဆင့်အတန်းကို ၎င်းမှအပ အခြားသူအတွက် ဖော်ပြထားခြင်းမရှိပါ။ အလ္လာဟ်အရှင်မြတ်၏
ကျမ်းတော်ကို ဂရုမစိုက်ခြင်း၊ ကျက်မှတ်ခြင်း၊ ကျွမ်း
ကျင်အောင်လုပ်ခြင်း၊ များစွာရွတ်ဖတ်ခြင်းနှင့် နက်နက်နဲနဲ သိရှိနားလည်ခြင်းတို့ကို အလေးမထားသူသည်၊ ထိုအရာများကို အလေးထားသူအား မည်သို့မျှလိုက်မှီနိုင်မည် မဟုတ်ချေ။
အိဗ်နုဘာဇ်က မိန့်ဆိုသည်မှာ - အကြင်သူသည် ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်ပြီး ၎င်းတွင် ကျွမ်းကျင်သူဖြစ်ကာ၊ ၎င်းကို ကောင်းမွန်စွာ ဖတ်တတ်ပြီး၊ ကောင်းမွန်စွာ ကျက်မှတ်ထားသူဖြစ်လျင် ထိုသူသည် ဂုဏ်ရှိပြီးမြင့်မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့် အတူရှိမည်။ ဆိုလိုသည်မှာ သူသည် ကုရ်အာန်ကို အသံထွက်ဖတ်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်း နှစ်မျိုးစလုံးဖြင့် ဆောင်ရွက်မည်ဆိုလျှင် ဖြစ်သည်။ ရွတ်ဖတ်ရုံမျှသာ မဟုတ်ဘဲ ဖတ်ရွတ်ရာတွင် ကျွမ်းကျင်ပြီး ယင်းအတိုင်း လိုက်နာကျင့်သုံးမည်ဆိုပါက ထိုသူသည် စကားလုံးအရရော အနက်အဓိပ္ပာယ်အရပါ ကုရ်အာန်ကို စွဲမြဲစွာကျင့်သုံးသူ ဖြစ်သည်။
