إعدادات العرض
လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို…
လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။
အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။"
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português Tiếng Việt Kiswahili Nederlands অসমীয়া ગુજરાતી සිංහල Magyar ქართული Română ไทย తెలుగు मराठी ភាសាខ្មែរ دری አማርኛ Македонски Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ پښتوالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွလာသ်အတွင်း၌ ဒုအာဖတ်နေစဉ်ဖြစ်စေ၊ အခြားအချိန်ဖြစ်စေ မိမိတို့၏မျက်လုံးများကို မိုးကောင်းကင်သို့ မော့ကြည့်သောသူများအား သတိပေးတားမြစ်တော်မူခဲ့သည်။ ထို့နောက် ထိုသို့ပြုလုပ်သူများအား ပြင်းထန်စွာ ပြစ်တင်သတိပေး၍ “သူတို့၏မျက်စိအမြင်များ သိမ်းဆည်းခြင်းခံရမည်ကို ကျွန်ုပ် စိုးရိမ်မိသည်” — ဆိုလိုသည်မှာ ရုတ်တရက် ၎င်းတို့၏ မျက်စိအမြင်များ ပျောက်ကွယ်သွားပြီး ၎င်းတို့ပင် မသိလိုက်ဘဲ မျက်စိအမြင်အာရုံဆိုင်ရာ နိအ်မသ်တော်မှ ကင်းမဲ့သွားကြရလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။فوائد الحديث
၁။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဒအ်ဝသ်ပေးဖိတ်ခေါ်မူနှင့် အမှန်တရားကို ရှင်းလင်းတင်ပြရာတွင် ကောင်းမွန်မှု။ အကြောင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆန့်ကျင်သူ၏ အမှားအယွင်းကို (လူသိရှင်ကြား) ဖော်ထုတ်တော်မမူခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်မှာ အမှန်တရားကို ရှင်းလင်းဖော်ပြရန်ဖြစ်ပြီး ထိုအချက် အထ မြောက်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ဤနည်းလမ်းတွင် ဆန့်ကျင်သူကို ဖုံးကွယ်ပေးခြင်းနှင့် (အမှန်တရားကို) ပို၍ လက်ခံနိုင်စွမ်းရှိခြင်းတို့ ပါဝင်သည်။
၂။ ဆွလာသ်ဝတ်ပြုနေစဉ်အတွင်း မျက် စိကိုမိုးကောင်းကင်ဘက်သို့ မော့ကြည့်သူအတွက် ပြင်း။ထန်စွာ တားမြစ်ချက်နှင့် ကြောက် မက်ဖွယ် သတိ ပေးချက် ရှိသည်။
၃။ 'အောင်နုလ်မအ်ဗူဒ်' ကျမ်းတွင် ဖော်ပြထားသည်- ထိုသို့ တားမြစ်ရခြင်း၏ အကြောင်း ရင်းမှာ အကြင်သူသည် မိုးကောင်း ကင်ဘက်သို့ မော့ကြည့်မိသော် ကိဗ်လဟ်ဘက်သို့မျက်နာမူရာမှ လွဲသွားပြီး ထို ကိဗ်လဟ်နှင့် ဆွလာသ်၏ ကျင့်စဉ်ပုံစံကို ကျောခိုင်းသကဲ့သို့ ဖြစ်သွားသော ကြောင့် ဖြစ်သည်။
၄။ ဆွလာသ်အတွင်း (အပေါ်သို့) မျက်လုံးများ မော့ကြည့်ခြင်းသည် ဆွလာသ်အတွင်း အာရုံစူးစိုက်မှုပြုခြင်း (ခုရှူးအ်) နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
၅။ ဆွလာသ်၏ ကြီးမြတ်မြင့် မြတ်သော ဂုဏ်သိက္ခာနှင့်၊ ဆွလာသ်ပြုသူသည် ဆွလာသ်ဝတ်ပြုနေစဉ်အတွင်း အလ္လာဟ်အရှင်မြတ်အပေါ် ပြီးပြည့်စုံလင်သော ယဉ်ကျေးကျိုးနွံမှုဖြင့် ရှိရမည်ဖြစ်ကြောင်း (ဖော်ပြထားသည်)။
