إعدادات العرض
အိမာမ် ရှေ့ဆောင်သည် (ဆွလာသ်၏) အခြေအနေတစ်ခု၌ ရှိနေစဥ် သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန်…
အိမာမ် ရှေ့ဆောင်သည် (ဆွလာသ်၏) အခြေအနေတစ်ခု၌ ရှိနေစဥ် သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာပါက ထိုသူသည် အိမာမ်ပြုလုပ်သည့်အတိုင်းသာ ပြုလုပ်ရမည်။
အလီဗင်န် အဗူသွာလိဗ်နှင့် မုအာဇ်ဗင်န် ဂျဗလ်(ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အိမာမ် ရှေ့ဆောင်သည် (ဆွလာသ်၏) အခြေအနေတစ်ခု၌ ရှိနေစဥ် သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာပါက ထိုသူသည် အိမာမ်ပြုလုပ်သည့်အတိုင်းသာ ပြုလုပ်ရမည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [သိရ်မိဇီကျမ်း။]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو हिन्दी 中文 සිංහල ئۇيغۇرچە Kurdî Português മലയാളം తెలుగు Kiswahili ไทย 日本語 پښتو Tiếng Việt অসমীয়া Shqip தமிழ்الشرح
သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာသည့်အခါ အိမာမ်ရှေ့ဆောင်သည် ရပ်လျက် သို့မဟုတ် ဦးညွှတ်လျက် သို့မဟုတ် ဦးချလျက် သို့မဟုတ် ထိုင်လျက် ရှိနေပါက ၎င်းသူသည် အိမာမ်ရှိနေသည့် ကိယာမ် သို့မဟုတ် ရကူအ် သို့မဟုတ် အခြားမည်သည့်အခြေအနေတွင်မဆို အတူပါဝင်လိုက်ရမည်။ အချို့သာမန်လူများ ပြုသကဲ့သို့ အိမာမ် မတ်တပ်ရပ်လာသည်အထိ စောင့်ဆိုင်းနေခြင်းမပြုရပေ။فوائد الحديث
နောက်ကျ၍ ဆွလာသ်ထဲ ပါဝင်လာသူသည် ဦးညွှတ်ခြင်း၊ ဦးချခြင်း၊ ထိုင်ခြင်းစသည်ဖြင့် ခွဲခြားခြင်းမပြုဘဲ ၎င်းမီလိုက်သည့် ဆွလာသ်၏ မည်သည့် အစိတ်အပိုင်းတွင်မဆို အိမာမ်ရှေ့ဆောင်နှင့်အတူ ပါဝင်ခွင့်ရှိသည်။
အခြားဟဒီးဆ် ဩဝါဒတော်များတွင် လာရှိသည့်အတိုင်း နောက်ကျ၍ ဂျမာအသ်ထဲပါဝင်လာသူသည် အိမာမ်ရှေ့ဆောင်နှင့်အတူ ရုကူအ် ဦးညွှတ်ခြင်း မီလိုက်မှသာ ထိုရကအသ်ကို ရရှိမည်ဖြစ်သည်။