– “အသင်မအတွက်ရော အသင်မ သားသမီးများအတွက်ပါ လုံလောက်သော မျှတသောပမာဏကို သူ၏ဥစ္စာမှ ယူလော့။”

– “အသင်မအတွက်ရော အသင်မ သားသမီးများအတွက်ပါ လုံလောက်သော မျှတသောပမာဏကို သူ၏ဥစ္စာမှ ယူလော့။”

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အဘူဆူဖ်ယားန်၏ဇနီးဖြစ်သူ ဟင်န်ဒ် ဗင်သု အွသ်ဗသ်သည် တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ဝင်ရောက်ခစားကာ လျှောက်ထားခဲ့သည်မှာ – “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အဘူဆူဖ်ယားန်သည် အလွန်စေးနှဲသူ ဖြစ်ပါသည်။ သူသည် ကျွန်မနှင့် ကျွန်မ၏သားသမီးများ အတွက် လုံလောက်သော စရိတ်ကို မပေးပါ။ ကျွန်မက သူမသိဘဲ သူ၏ဥစ္စာမှ ယူသုံးပါက ကျွန်မအပေါ် အပြစ်ရှိပါသလား။” ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားသည်– “အသင်မအတွက်ရော အသင်မ သားသမီးများအတွက်ပါ လုံလောက်သော မျှတသောပမာဏကို သူ၏ဥစ္စာမှ ယူလော့။”

[صحيح] [متفق عليه]

الشرح

ဟင်န်ဒ် ဗင်သေ့ အွသ်ဗသ်(ရဿွိယလ္လာဟုအန်ဟာ)သည် မိမိ၏ခင်ပွန်း အဘူဆူဖ်ယားန်နှင့် ပတ်သတ်၍ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား မေးမြန်းလျှောက်ထားခဲ့သည်မှာ- ၎င်းသည် အလွန်စေးနှဲသူ ဖြစ်ပြီး၊ မိမိ၏ဥစ္စာကို အလွန်တပ်မက်သူဖြစ်ကာ သူမနှင့် သူမ၏သားသမီးများအတွက် လုံလောက်သော စရိတ်ကိုမပေးချေ။ သူမအနေဖြင့် သူ့ဥစ္စာထဲက သူမသိဘဲ လျှို့ဝှက်ယူရမှသာ ရနိုင်သည်။ ထိုသို့ပြုရာတွင် သူမအပေါ် အပြစ်ရှိပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြား သည်– အသင်မနှင့် အသင်မ၏သား သမီးများအတွက် ထုံးစံအရ လုံ လောက်သည့် ပမာဏကို ယူလော့။ အကယ်၍ သူမသိလျင်လည်း (ယူခွင့်ရှိသည်။)

فوائد الحديث

၁။ ဇနီးနှင့် သား

သမီးများအတွက် အသုံးစရိတ် ပေး

အပ်ရန် တာဝန်ရှိခြင်း။

၂။ အိဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ - “အသင်မအတွက်ရော အသင်မ သားသမီးများအတွက်ပါ လုံလောက်မျှတသောပမာဏကို သူ၏ဥစ္စာမှ ယူလော့။”ဟူသော မိန့်ကြားချက်၏ အလိုသဘောမှာ - ရှရီအသ်တရားတော်၏ သတ်မှတ်ချက်မရှိသည့်အရာများ၌ သူမအား ဒေသခံဓလေ့ထုံးစံ (အုရ်ဖ်) အတိုင်း လုပ်ဆောင်ရန် လွှဲအပ်လိုက်ခြင်းပင်ဖြစ်သည်။

၃။ အိဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ - "လူတစ်ဦးသည် ဖသ်ဝါတောင်းခံခြင်း၊ တိုင်တမ်းခြင်းစသည့် ရည်ရွယ်ချက်အတွက်ဖြစ်ပါက မိမိမနှစ်သက်သောအရာကို တင်ပြခွင့်ရှိကြောင်း ဤဟဒီးစ်တော်ဖြင့် အထောက်ထားပေးထားသည်။ ဤသည် ဂီဗသ်(အတင်း)ပြောခွင့်ရှိသည့် အ‌ခြေအနေများထဲမှ တစ်ခုဖြစ်သည်။

၄။ အိမာမ်ကုရ်သုဗီက ဆိုသည်- ဟင်န်ဒ် ဗင်သု အွသ်ဗသ်သည် အဘူစူဖ်ယားန်အား အခြေအနေတိုင်းတွင် အလွန်စေးနှဲတွန့်တိုသူဟု ပြောဆိုလိုခြင်း မဟုတ်ပေ။ အမှန်မှာ သူမသည် ၎င်းနှင့်အတူရှိသည့် မိမိ၏အခြေအနေကိုသာ တင်ပြခဲ့ခြင်းဖြစ်ပြီး၊ ၎င်း (အဘူဆူဖ်ယားန်) က သူမနှင့် သားသမီးများအတွက် အလွန်ချွေတာတင်းကျပ်စွာ သုံးစွဲလေ့ရှိကြောင်းကိုသာ ဆိုလိုခဲ့ခြင်းဖြစ်သည်။ ဤအချက်သည် လုံးလုံးလျားလျား စေးနှဲတွန့်တိုသည်ဟု မဆိုလိုပေ။ အကြောင်းမှာ များစွာသောခေါင်းဆောင်တို့သည် မိမိ၏မိသားစုအပေါ် ထိုသို့ပြုမူတတ်ကြသော်လည်း ပြင်ပသူစိမ်းများကိုမူ ၎င်းတို့၏စိတ်ကိုသိမ်းယူရန် ဦးစားပေးကြသည်။

التصنيفات

အသုံးစရိတ်များ။