“သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့်…

“သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးအား လောကီရေးရာကိစ္စရပ်များဖြစ်သည့် ရာထူး၊ စည်းစိမ်ဥစ္စာ၊ အဆင့်အတန်း စသည်တို့တွင် မိမိထက်နိမ့်ကျသူများကိုသာ ကြည့်ရှုရန် အမိန့်ပေးထားပြီး မိမိ၏ လောကီရေးရာကိစ္စရပ်များတွင် မိမိထက် အဆင့် အတန်းမြင့်သူများ၊ သာလွန်သူများကို မကြည့်ရှုရန် ညွှန်ကြားတော်မူခဲ့သည်။ အကြောင်းမှာ မိမိထက် နိမ့်ကျသူကိုကြည့်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသော နိအ်မသ်တော်များကို အထင်မသေးမိစေရန်၊ မရှုံ့ချမိစေရန် ပို၍ထိုက်တန်သောကြောင့်ဖြစ်ပါသည်။

فوائد الحديث

၁။ ရောင့်ရဲခြင်းသည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ အမြင့်မြတ်ဆုံးသော ကိုယ်ကျင့်တရားများထဲမှ တစ်ခုဖြစ်၏။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ်စီမံသတ်မှတ်ချက်ကို ကျေနပ်နှစ်မြို့ခြင်း၏ လက္ခဏာလည်းဖြစ်၏။

၂။ အိမာမ်အစ်ဗ်နုဂျရီးရ်က ဤသို့ဆိုသည်။ ဤဟဒီးစ်တော်သည် ကောင်းမြတ်ခြင်း၏ အမျိုးအစားများစွာကို စုစည်းဖော်ပြသော ဟဒီးစ်တော်တစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆို‌သော် လူသားသည် လောကီရေးရာ၌ မိမိထက်သာလွန်သူကို မြင်လျှင် မိမိ၏စိတ်သည် ထိုသူကဲ့သို့ဖြစ်ရန် တောင့်တတတ်ပြီး၊ မိမိအား အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသော နိအ်မသ်ကျေးဇူးတော်ကို အနည်းငယ်မျှဟုထင်မှတ်ကာ ထိုသူနှင့်တူညီအောင် (သို့) အနီးစပ်ဆုံးဖြစ်စေရန် ဥစ္စာပစ္စည်းများပိုမိုတိုးပွားလာရန် ဆန္ဒပြင်းပြကြ လေသည်။ ဤသည်မှာ လူအများစု၌ တွေ့ရသော သဘောထားဖြစ်သည်။ သို့ရာတွင် လောကီရေးရာ၌ မိမိထက်နိမ့်ကျသူကို ကြည့်ရှုပါက ၎င်းအဖို့ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် ထင်ရှားပေါ်လွင်လာပြီး ထိုကျေးဇူးတော်အတွက် ကျေးဇူးတင်ပြီး၊ မိမိကိုယ်မိမိ နှိမ့်ချတတ်လာကာ ကောင်းမှုများကို ပြုလုပ်လာလေသည်။

التصنيفات

စိတ်နှလုံးသားများကို ပြုပြင်ခြင်း။