إعدادات العرض
စင်စစ်သာသနာသည် လွယ်ကူပေသည်။ တစ်ဦးတစ်ယောက်သည် သာသနာအား(လုပ်နိုင်သည်ထက်ပို၍လုပ်ပြီး) ခက်ခဲအောင်ပြုလုပ်ပါက…
စင်စစ်သာသနာသည် လွယ်ကူပေသည်။ တစ်ဦးတစ်ယောက်သည် သာသနာအား(လုပ်နိုင်သည်ထက်ပို၍လုပ်ပြီး) ခက်ခဲအောင်ပြုလုပ်ပါက သာသာနာသည် သူ့ကိုလွှမ်းမိုးသွားပေမည်။ (ဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။) ထို့ကြောင့် အသင်တို့သည် (ကျင့်ဆောင်ရာ၌လွန်ကျူးမှုနှင့်ပေါ့လျော့မှုမရှိဘဲ) အလယ်အလက်ကို ကျင့်ဆောင်ကြပါ။ အသင်တို့သည် (ခဝပ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက) အနီးစပ်ဆုံးကို ကျင့်ဆောင်ကြပါ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ စင်စစ်သာသနာသည် လွယ်ကူပေသည်။ တစ်ဦးတစ်ယောက်သည် သာသနာအား(လုပ်နိုင်သည်ထက်ပို၍လုပ်ပြီး) ခက်ခဲအောင်ပြုလုပ်ပါက သာသာနာသည် သူ့ကိုလွှမ်းမိုးသွားပေမည်။ (ဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။) ထို့ကြောင့် အသင်တို့သည် (ကျင့်ဆောင်ရာ၌လွန်ကျူးမှုနှင့်ပေါ့လျော့မှုမရှိဘဲ) အလယ်အလက်ကို ကျင့်ဆောင်ကြပါ။ အသင်တို့သည် (ခဝပ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက) အနီးစပ်ဆုံးကို ကျင့်ဆောင်ကြပါ။ ထို့ပြင်(တတ်စွမ်းနိုင်သည့်အတိုင်းအတာကို စွဲမြဲစွာကျင့်ဆောင်ခြင်းဖြင့်လည်း ကုသိုလ်အပြည့်ရမည်ဖြစ်ကြောင်း) ပျော်ရွှင်ဖွယ်သတင်းကောင်းရယူလိုက်ပါ။ ထို့ပြင် မနက်ခင်း၊ ညနေခင်းနှင့် ည၏နောက်ဆုံးပိုင်းအချိန်မှ အချိန်တစ်ချိန်၌(အိဗာဒသ် ပြုလုပ်ပြီး) အကူအညီရယူကြပါ။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Tagalog Türkçe 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە اردو Hausa Kurdî Português தமிழ் Русский অসমীয়া Kiswahili ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Magyar Македонски Čeština Українська Lietuvių Kinyarwanda አማርኛ Wolof Malagasy Azərbaycan ไทย मराठी ਪੰਜਾਬੀ دری Deutsch ភាសាខ្មែរ Oromoo Shqipالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းတင်ပြတော်မူသည်မှာ စင်စစ် အစ္စလာမ်သာသနာတော်၏အရေးကိစ္စအားလုံးသည် လွယ်ကူမှုကို အခြေခံထားသည်။ မတတ်စွမ်းနိုင်သည့်အခါမျိုးနှင့်လိုအပ်ချက်ရှိလာသည့်အခါမျိုးတွင် ပို၍လွယ်ကူမှုပေးထားသည်။ သာသနာ့အလုပ်ထဲ၌နစ်မြုပ်နေခြင်း၊ နူးညံ့မှုကိုစွန့်ပယ်ခြင်းတို့၏နောက်ဆုံးရလဒ်မှာ ဆက်မလုပ်နိုင်တော့ခြင်း၊ သာသနာ့အလုပ်၏တစ်စိတ်တစ်ဒေသမှဖြစ်စေ၊သို့မဟုတ် အားလုံးမှဖြစ်စေ ပြတ်တောက်သွားခြင်းတို့ဖြစ်သည်။ တဖန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လွန်ကျူးမှုမရှိဘဲ အလယ်အလတ်ကိုသာကျင့်သုံးရန် တိုက်တွန်းထားသည်။ ထို့ကြောင့် လူသားသည်အလ္လာဟ်အရှင်မြတ်က အမိန့်ပေးထားသည့်အရာ၌ပေါ့လျော့မှုမရှိစေရ။ မနိုင်သည့်ဝန်ကိုလည်း မထမ်းရ။ ခဝပ်ကိုးကွယ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက အနီးစပ်ဆုံးကို ကျင့်ဆောင်ရမည်။ ၎င်းနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပြည့်ဝဆုံးကို ပြုကျင့်ရန်မတတ်စွမ်းနိုင်သူဖြစ်ပါက နည်းပါးသော်လည်း စွဲမြဲစွာပြုကျင့်သော ကောင်းမှုအား ကြီးကျယ်လှသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်ကြောင်း သတင်းကောင်းပါးထားပေသည်။ ဤသည် မတတ်စွမ်းနိုင်ခြင်းကို မိမိကိုယ်တိုင်လုပ်ယူထားခြင်းမဟုတ်ပါက မိမိရရှိမည့်ကုသိုလ်မှ ကုသိုလ်လျော့နည်းသွားမည် မဟုတ်ဘဲအပြည့်အဝသာရရှိပေမည်။ လောကီ၏စစ်မှန်သည့်သဘောတရားမှာ အာခိရသ်နောင်တမလွန်ဘဝဘက်သို့ကူးပြောင်းရန် အစီးအနင်းနှင့် ခရီးသည်တို့၏ယာယီဌာနဖြစ်ပေသည်။ ထို့ကြောင့် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တက်ကြွလန်းဆန်းသောအချိန်သုံးချိန်၌အိဗာဒသ်အရှင်မြတ်အားခဝပ်ကိုးကွယ်မှုကို စွဲမြဲစွာပြုကျင့်ခြင်းဖြင့် အရှင်မြတ်ထံအကူညီတောင်းခံရန် အမိန့်ပေးထားသည်။ အချိန်သုံးချိန်မှာ - ၁။ မနက်ခင်းအချိန်။ ။ဖဂ်ျရ်အချိန်မှနေထွက်ချိန်ထိ ၂။ ညနေခင်း။ ။နေမွန်းတည့်ပြီးချိန် ၃။ ည၏နောက်ဆုံးပိုင်းအချိန်။ ။ညတစ်ညလုံးဖြစ်စေ သို့မဟုတ် ည၏အချို့သောအချိန်။ နေ့ပိုင်း၌အိဗာဒသ်ပြုလုပ်ခြင်းထက် ညပိုင်းတွင်အိဗာဒသ်ပြုလုပ်ခြင်းသည် ပို၍ခက်ခဲသောကြောင့် ကိုယ်တော်မြတ်က ည၏နောက်ဆုံးပိုင်းအချိန်မှ အချိန်တစ်ချိန်၌အိဗာဒသ်ပြုရန်အမိန့်ပေးခဲ့သည်။فوائد الحديث
အစ္စလာမ့်လမ်းစဉ်သည် လွယ်ကူမှုရှိပြီး လွန်ကျူးခြင်းနှင့်ပေါ့ရော့ခြင်းကြား၌ရှိသော အလယ်အလတ်လမ်းစဉ်ဖြစ်သည်။
လူသားသည် အရှင့်အမိန့်တော်များကို မိမိတတ်စွမ်းနိုင်သမျှ ပေါ့လျော့ခြင်း၊ အပြင်းအထန်ပြုလုပ်ခြင်းတို့မရှိဘဲ အကောင်အထည်ဖော်ရမည်။
လူသားသည် အိဗာဒသ်ပြုရာ၌တက်ကြွလန်းဆန်းသောအချိန်များကို ရွေးချယ်ရမည်။ အထက်တွင် ဖော်ပြထားသောအချိန်သုံးချိန်၌ အထူးသဖြင့်လူသားသည် အိဗာဒသ်ပြုရန် ပို၍လန်းဆန်းမှုရှိသည်။
အိဗ်နုဟဂျရ် အလ်အတ်စ်ကလာနီ (ရဟိမဟုလ္လာဟ်) ကပြောသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရည်မှန်းချက်တစ်ခုဆီသို့ ခရီးထွက်နေသည့်သူအား ပြောသည့်အလား ပြောထားပေသည်။ ဤအချိန်သုံးချိန်သည် ခရီးသည်တစ်ဦးအတွက် အကောင်းဆုံးအချိန်ဖြစ်သောကြောင့် သူလန်းဆန်းစွာရှိသည့်အချိန်အား သတိပေးသည့်အနေနှင့်ပြောထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ခရီးသည်တစ်ဦးသည် နေ့ရောညပါ ခရီးထွက်ပါက ခရီးမဆက်နိုင်တော့ဘဲရပ်လိုက်ရသည်။ အကယ်၍ခရီးသည်တစ်ဦးသည် ဤသို့လန်းဆန်းသည့်အချိန်များ၌သွားရန်ကြိုးစားရှာဖွေပါက အခက်အခဲမရှိဘဲ အမြဲခရီးဆက်နိုင်မည်ဖြစ်သည်။
အိဗ်နုဟဂျရ် (ရဟိမဟုလ္လာဟ်) ကပြောသည်မှာ အစ္စလာမ့်လမ်းစဉ်က ဖော်ပြသည့်ခွင့်ပြုထားသောအရာများကို ကျင့်သုံးရန် ဟဒီးဆ်တော်က ညွှန်ပြထားသည်။ ခြွင်းချက်အနေဖြင့်ခွင့်ပြုထားသောကိစ္စရပ်ကိုလစ်လျူရှု၍မူလစည်းကမ်းကိုသာ ဇွဲကြီးစွာဖြင့်ဆုပ်ကိုင်ထားခြင်းသည် အတိုင်းထက်အလွန်ပြုလုပ်ခြင်းသာဖြစ်သည်။ ဥပမာ။ ရေသုံးစွဲရန်မတတ်စွမ်းနိုင်သည့်အခါတွင် သယမ်မွမ် မပြုဘဲ ရေသုံးစွဲနေခြင်းသည် အန္တရာယ်နှင့်သာ ရင်ဆိုင်ရပေမည်။
အိဗ်နုလ်မုနီးရ်က ပြောသည်မှာ ဤဟဒီးဆ်တော်တွင် တမန်တော်သည် နဗီဖြစ်ကြောင်းသက်သေတစ်ရပ်ပါရှိသည်။ ကျွန်တော်တို့နှင့် ရှေးယခင်က လူသားများအားလုံးတွေ့ရှိခဲ့ရသည်မှာ သာသနာတော်၌အတိုင်းထက်အလွန်ပြုလုပ်သူတိုင်းသည် ဆက်မလုပ်နိုင်ဘဲရပ်တန့်သွားရသည်။ ဤသည်အိဗာဒသ်ပြုရာ၌အပြည့်ဝဆုံးပုံစံကို ရှာဖွေကျင့်သုံးခြင်းမှတားမြစ်ခြင်းမဟုတ်။ အပြည့်ဝဆုံးပုံစံကို ကျင့်သုံးခြင်းသည် ချီးမွမ်းဖွယ်ကိစ္စဖြစ်သည်။ အမှန်တကယ်တားမြစ်လိုသည်မှာ ငြီးငွေ့မှုကိုဖြစ်ပေါ်စေမည့် ပေါ့လျော့ခြင်း၊ အကောင်းဆုံးကို စွန့်လွှတ်လိုက်ရမည့် နဖ်လ်အပိုထပ်ဖြည့်သည့်အိဗာဒသ်ကို အတိုင်းထက်အလွန်ပြုလုပ်ခြင်း၊ ဖရ်ဿ်ွဆွလာသ်အချိန်ကုန်သွားသည်အထိဝတ်မပြုဘဲနေလိုက်ခြင်း၊ ဥပမာ တစ်ညလုံးမအိပ်ဘဲဆွလာသ်ဝတ်ပြုသော်လည်း ဖဂ်ျရ်ဆွလာသ်ကို ဂျမာအသ်ဖြင့်ဝတ်မပြုနိုင်ဘဲအိပ်ပျော်သွားခြင်း၊ သို့မဟုတ် နေထွက်သွားသည်အထိအိပ်ပျော်သွားခြင်း စသည်တို့မှတားမြစ်လိုခြင်းဖြစ်သည်။
